ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလား လိုချင်ကြောင်း မန်ယူကစားဖော်သစ်များကို ရော်နယ်ဒိုပြောကြားထားပြီးဖြစ်

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့မန်ယူကစားဖော်သစ်များအားယခုရာသီတွင်ပင်ပရီးမီးယားလိဂ်ဖလားလိုချင်ကြောင်းပြောကြားခဲ့ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာကြာသပတေးနေ့တုန်းကမန်ချက်စတာသို့ရောက်လာခဲ့သူဖြစ်ပြီးကွာရန်တင်းငါးရက်ပြည့်မယ့်လာမယ့်ဗုဒ္ဓဟူးနေ့တွင်ကစားဖော်သစ်များနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းသွားဖို့ရှိပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “ရော်နယ်ဒိုရောက်လာလို့ကစားသမားတွေအရမ်းစိတ်လှုပ်ရှားနေကြတယ်။သူတို့ရဲ့ယုံကြည်မှုတွေလည်းအရမ်းမြင့်တက်နေကြတယ်။ကစားသမားတွေနဲ့နည်းပြအဖွဲ့ဝင်တွေကလက်ရှိသူတို့အသင်းလူအင်အားကပရီးမီးယားလိဂ်မှာအတောင့်တင်းဆုံးလို့ယုံကြည်နေကြပါတယ်။ဒီရာသီမှာပရီးမီးယားလိဂ်ဖလားရနိုင်တယ်လို့ယုံကြည်နေကြတယ်။ရော်နယ်ဒိုဟာဘရူနိုဖာနန်ဒက်စ်ကိုစကားပြောပြီးပါပြီ။အခြားကစားသမားတွေကိုဒီရာသီမှာဖလားရယူဖို့လိုတယ်လို့ပြောကြားပေးဖို့ပြောခဲ့ပါတယ်။သူတို့အနေနဲ့အလုပ်ကြိုးစားပြီးယုံကြည်မှုမြင့်မားဖို့လိုအပ်ပါတယ်။ကစားသမားတွေကလည်းစာချုပ်ချုပ်ဆိုပြီးကတည်းကသူ့အကြောင်းပြောတာမဆုံးနိုင်အောင်ပါပဲ။သူနဲ့အတူလေ့ကျင့်ခန်းဆင်းပြီးအတူတွဲကစားဖို့မစောင့်နိုင်အောင်ဖြစ်နေပါတယ်။သူတို့အတွက်ကရော်နယ်ဒိုက God လိုပါပဲ။ပရိသတ်တွေ၊ကစားသမားတွေကအပြင်အသင်းကလက်ဖက်ရည်ဖျော်ပေးတဲ့သူကအဆုံး အရမ်းပျော်ကြတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားပေါင်၁၂.၈၅သန်းအပြင်အပိုဆုကြေးပေါင်၆.၈၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာမန်ယူမှာကျောနံပါတ်၇ကိုဝတ်ဆင်သွားမှာဖြစ်ပြီးစက်တင်ဘာလ၁၁ရက်နေ့နယူးကာဆယ်နှင့်ပွဲမှာစတင်ပါဝင်လာပါမယ်။

ZawGyi

ယခုရာသီတြင္ ပရီးမီးယားလိဂ္ဖလား လိုခ်င္ေၾကာင္း မန္ယူကစားေဖာ္သစ္မ်ားကို ေရာ္နယ္ဒိုေျပာၾကားထားၿပီးျဖစ္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕မန္ယူကစားေဖာ္သစ္မ်ားအားယခုရာသီတြင္ပင္ပရီးမီးယားလိဂ္ဖလားလိုခ်င္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကာသပေတးေန႔တုန္းကမန္ခ်က္စတာသို႔ေရာက္လာခဲ့သူျဖစ္ၿပီးကြာရန္တင္းငါးရက္ျပည့္မယ့္လာမယ့္ဗုဒၶဟူးေန႔တြင္ကစားေဖာ္သစ္မ်ားႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းသြားဖို႔ရွိပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “ေရာ္နယ္ဒိုေရာက္လာလို႔ကစားသမားေတြအရမ္းစိတ္လႈပ္ရွားေနၾကတယ္။သူတို႔ရဲ႕ယုံၾကည္မႈေတြလည္းအရမ္းျမင့္တက္ေနၾကတယ္။ကစားသမားေတြနဲ႔နည္းျပအဖြဲ႕ဝင္ေတြကလက္ရွိသူတို႔အသင္းလူအင္အားကပရီးမီးယားလိဂ္မွာအေတာင့္တင္းဆုံးလို႔ယုံၾကည္ေနၾကပါတယ္။ဒီရာသီမွာပရီးမီးယားလိဂ္ဖလားရႏိုင္တယ္လို႔ယုံၾကည္ေနၾကတယ္။ေရာ္နယ္ဒိုဟာဘ႐ူႏိုဖာနန္ဒက္စ္ကိုစကားေျပာၿပီးပါၿပီ။အျခားကစားသမားေတြကိုဒီရာသီမွာဖလားရယူဖို႔လိုတယ္လို႔ေျပာၾကားေပးဖို႔ေျပာခဲ့ပါတယ္။သူတို႔အေနနဲ႔အလုပ္ႀကိဳးစားၿပီးယုံၾကည္မႈျမင့္မားဖို႔လိုအပ္ပါတယ္။ကစားသမားေတြကလည္းစာခ်ဳပ္ခ်ဳပ္ဆိုၿပီးကတည္းကသူ႔အေၾကာင္းေျပာတာမဆုံးႏိုင္ေအာင္ပါပဲ။သူနဲ႔အတူေလ့က်င့္ခန္းဆင္းၿပီးအတူတြဲကစားဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္။သူတို႔အတြက္ကေရာ္နယ္ဒိုက God လိုပါပဲ။ပရိသတ္ေတြ၊ကစားသမားေတြကအျပင္အသင္းကလက္ဖက္ရည္ေဖ်ာ္ေပးတဲ့သူကအဆုံး အရမ္းေပ်ာ္ၾကတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားေပါင္၁၂.၈၅သန္းအျပင္အပိုဆုေၾကးေပါင္၆.၈၅သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာမန္ယူမွာေက်ာနံပါတ္၇ကိုဝတ္ဆင္သြားမွာျဖစ္ၿပီးစက္တင္ဘာလ၁၁ရက္ေန႔နယူးကာဆယ္ႏွင့္ပြဲမွာစတင္ပါဝင္လာပါမယ္။