
နယူးကာဆယ်ဟာယခုရာသီပရီးမီးယားလိဂ်တွင်ပွဲတစ်ပွဲတည်းတွင်ကစားသမား၆ဦးအထိလူစားလဲလှယ်မှုပြုလုပ်တဲ့ပထမဆုံးအသင်းဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်လူစားလဲလှယ်မှုစည်းမျဉ်းအပြောင်းအလဲပြုလုပ်လာမှုကို နယူးကာဆယ်အသင်းကပထမဆုံးအကြိမ်အဖြစ်အသုံးချလာတာလည်းဖြစ်ပါတယ်။
အက်ဒီဟိုဝီရဲ့နယူးကာဆယ်ဟာဗီလာကိုမီဂွယ်အယ်မီရွန်၊ဂျိုးလင်တန်၊ ကယ်လင်ဝီလ်ဆင်ရဲ့သွင်းဂိုး၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
၎င်းတို့ဟာယခုရာသီတွင်ရှုံးပွဲတစ်ပွဲတည်းသာကြုံတွေ့ထားရပြီးထိပ်ဆုံးလေးသင်းစာရင်းထဲရပ်တည်နေပါတယ်။
နယူးကာဆယ်ဟာဘာကြောင့်ကစားသမား၆ဦးအထိလဲလှယ်ခွင့်ရရှိလာတာလဲ?
အက်စတွန်ဗီလာဟာဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ကိုခေါင်းမူးဝေမှုလူစားလဲလှယ်မှုစည်းမျဉ်းကိုအသုံးချကာရိုဘင်အိုလ်ဆင်နှင့်လူစားလဲလှယ်လာမှုပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်းနယူးကာဆယ်ဘက်ကလည်းစည်းမျဉ်းအသစ်အရကစားသမားတစ်ဦးထပ်ဆောင်းလူစားလဲခွင့်ရလာကာ ခြောက်ဦးအထိလဲလှယ်လာနိုင်ပါတယ်။
နယူးကာဆယ်ဟာဗီလာကိုလေးဂိုးပြတ်ဦးဆောင်နေပြီးနောက်ပွဲချိန်၇၁မိနစ်မှာဂျာကော့ဘ်မာဖီးလ်၊မတ်တားဂတ်တို့ကိုဂျိုးဝဲလ်လော့ခ်၊ဆဗင်ဘော့မန်းတို့အစားလူစားဝင်ရောက်စေခဲ့သလို ၁၁ မိနစ်အကြာမှာဖေဘီယန်ရှားအစားဂျာမယ်လက်စ်စယ်လက်စ်အစားလူစားလဲခဲ့ပါတယ်။
ယင်းနောက်၇မိနစ်ကျန်တဲ့အချိန်တွင်ဂျွန်ဂျိုရှာဗေး၊အယ်လန်စိန့်မက်ဆီမန်၊ခရစ်ဝုဒ်တို့ကိုဂူမာရေးစ်၊အယ်မီရွန်နှင့်ဝဲလ်ဆင်တို့အစားလူစားဝင်ရောက်ကစားစေခဲ့ပါတယ်။
ZawGyi
ယခုရာသီတြင္ ပြဲတစ္ပြဲတြင္ ကစားသမား ၆ ဦးလဲလွယ္တဲ့ ပထမဆုံးအသင္းျဖစ္လာတဲ့ နယူးကာဆယ္
နယူးကာဆယ္ဟာယခုရာသီပရီးမီးယားလိဂ္တြင္ပြဲတစ္ပြဲတည္းတြင္ကစားသမား၆ဦးအထိလူစားလဲလွယ္မႈျပဳလုပ္တဲ့ပထမဆုံးအသင္းျဖစ္လာပါတယ္။
ပရီးမီးယားလိဂ္လူစားလဲလွယ္မႈစည္းမ်ဥ္းအေျပာင္းအလဲျပဳလုပ္လာမႈကို နယူးကာဆယ္အသင္းကပထမဆုံးအႀကိမ္အျဖစ္အသုံးခ်လာတာလည္းျဖစ္ပါတယ္။
အက္ဒီဟိုဝီရဲ႕နယူးကာဆယ္ဟာဗီလာကိုမီဂြယ္အယ္မီ႐ြန္၊ဂ်ိဳးလင္တန္၊ ကယ္လင္ဝီလ္ဆင္ရဲ႕သြင္းဂိုး၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
၎တို႔ဟာယခုရာသီတြင္ရႈံးပြဲတစ္ပြဲတည္းသာႀကဳံေတြ႕ထားရၿပီးထိပ္ဆုံးေလးသင္းစာရင္းထဲရပ္တည္ေနပါတယ္။
နယူးကာဆယ္ဟာဘာေၾကာင့္ကစားသမား၆ဦးအထိလဲလွယ္ခြင့္ရရွိလာတာလဲ?
အက္စတြန္ဗီလာဟာဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ကိုေခါင္းမူးေဝမႈလူစားလဲလွယ္မႈစည္းမ်ဥ္းကိုအသုံးခ်ကာ႐ိုဘင္အိုလ္ဆင္ႏွင့္လူစားလဲလွယ္လာမႈျပဳလုပ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းနယူးကာဆယ္ဘက္ကလည္းစည္းမ်ဥ္းအသစ္အရကစားသမားတစ္ဦးထပ္ေဆာင္းလူစားလဲခြင့္ရလာကာ ေျခာက္ဦးအထိလဲလွယ္လာႏိုင္ပါတယ္။
နယူးကာဆယ္ဟာဗီလာကိုေလးဂိုးျပတ္ဦးေဆာင္ေနၿပီးေနာက္ပြဲခ်ိန္၇၁မိနစ္မွာဂ်ာေကာ့ဘ္မာဖီးလ္၊မတ္တားဂတ္တို႔ကိုဂ်ိဳးဝဲလ္ေလာ့ခ္၊ဆဗင္ေဘာ့မန္းတို႔အစားလူစားဝင္ေရာက္ေစခဲ့သလို ၁၁ မိနစ္အၾကာမွာေဖဘီယန္ရွားအစားဂ်ာမယ္လက္စ္စယ္လက္စ္အစားလူစားလဲခဲ့ပါတယ္။
ယင္းေနာက္၇မိနစ္က်န္တဲ့အခ်ိန္တြင္ဂြၽန္ဂ်ိဳရွာေဗး၊အယ္လန္စိန႔္မက္ဆီမန္၊ခရစ္ဝုဒ္တို႔ကိုဂူမာေရးစ္၊အယ္မီ႐ြန္ႏွင့္ဝဲလ္ဆင္တို႔အစားလူစားဝင္ေရာက္ကစားေစခဲ့ပါတယ္။