ယခုရာသီတွင် ပွဲတိုင်း ပွဲထွက်ကစားသမားအဖြစ် သုံးနေတဲ့ ကိန်းကို ကမ္ဘာ့ဖလားတွင် ဂရုစိုက်သုံးရန် ဆောက်ဂိတ်ကို ကွန်တီသတိပေး

အန်တိုနီယိုကွန်တီဟာယခုရာသီတွင်စပါးစ်ရဲ့ပွဲစဉ်တိုင်းပွဲထွက်ကစားသမားအဖြစ်အသုံးပြုနေတဲ့ဟယ်ရီကိန်းမှာပွဲပန်းနေမှုကြောင့် ဂါရတ်ဆောက်ဂိတ်အနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်အထူးဂရုစိုက်အသုံးပြုရန်သတိပေးပြောကြားလာခဲ့ပါတယ်။

ဟယ်ရီကိန်းဟာယခုရာသီတွင်စပါးစ်ရဲ့ပွဲစဉ်တိုင်းပွဲထွက်ကစားထားသူဖြစ်ပြီးပွဲချိန်၁၈၄၅မိနစ်အထိကစားထားကာပရီးမီးယားလိဂ်တွင်ပွဲချိန်အများဆုံးကစားထားသူအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။

အန်တိုနီယိုကွန်တီဟာကြားရက်တုန်းကနော်တင်ဟမ်ဖောရက်စ်ပွဲအပြီးတွင်ဟယ်ရီကိန်းမှာအလွန်ပွဲပန်းနေကြောင်းပြောကြားသွားခဲ့ဖူးပါတယ်။ဒါပေမဲ့သူဟာယနေ့ညလိဒ်ယူနိုက်တက်နှင့်ပွဲတွင်ဟယ်ရီကိန်းကိုအနားပေးလာဖို့မရှိဘဲပွဲထွက်ကစားသမားအဖြစ်ပင်ဆက်သုံးလာပါမယ်။

အန်တိုနီယိုကွန်တီက “လက်ရွေးစင်အသင်းနည်းပြတွေအနေနဲ့ ဒီအခြေအနေမျိုးမှာအကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့လိုတယ်။ဟယ်ရီလိုကစားသမားမျိုးကပွဲတိုင်းအားလုံးပေးဆပ်ကစားတော့အနားပေးပြီးအရန်ခုံသို့ပို့ထားဖို့ကအရမ်းခက်တယ်။လိဒ်ပွဲပြီးရင်ကမ္ဘာ့ဖလားအတွက်၈ရက်ပဲပြင်ဆင်ချိန်ရတယ်။အခုအချိန်မှာကျွန်တော်တို့အကောင်းဆုံးစီမံထားနိုင်တယ်။တကယ်တော့အရမ်းအရမ်းကိုခက်ခဲပါတယ်။၄၃ရက်မှာကလပ်ပွဲ၁၃ပွဲကစားခဲ့ရတော့စိတ်ပင်ပန်းနေမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ယခုရာသီတြင္ ပြဲတိုင္း ပြဲထြက္ကစားသမားအျဖစ္ သုံးေနတဲ့ ကိန္းကို ကမာၻ႔ဖလားတြင္ ဂ႐ုစိုက္သုံးရန္ ေဆာက္ဂိတ္ကို ကြန္တီသတိေပး

အန္တိုနီယိုကြန္တီဟာယခုရာသီတြင္စပါးစ္ရဲ႕ပြဲစဥ္တိုင္းပြဲထြက္ကစားသမားအျဖစ္အသုံးျပဳေနတဲ့ဟယ္ရီကိန္းမွာပြဲပန္းေနမႈေၾကာင့္ ဂါရတ္ေဆာက္ဂိတ္အေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္အထူးဂ႐ုစိုက္အသုံးျပဳရန္သတိေပးေျပာၾကားလာခဲ့ပါတယ္။

ဟယ္ရီကိန္းဟာယခုရာသီတြင္စပါးစ္ရဲ႕ပြဲစဥ္တိုင္းပြဲထြက္ကစားထားသူျဖစ္ၿပီးပြဲခ်ိန္၁၈၄၅မိနစ္အထိကစားထားကာပရီးမီးယားလိဂ္တြင္ပြဲခ်ိန္အမ်ားဆုံးကစားထားသူအျဖစ္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

အန္တိုနီယိုကြန္တီဟာၾကားရက္တုန္းကေနာ္တင္ဟမ္ေဖာရက္စ္ပြဲအၿပီးတြင္ဟယ္ရီကိန္းမွာအလြန္ပြဲပန္းေနေၾကာင္းေျပာၾကားသြားခဲ့ဖူးပါတယ္။ဒါေပမဲ့သူဟာယေန႔ညလိဒ္ယူႏိုက္တက္ႏွင့္ပြဲတြင္ဟယ္ရီကိန္းကိုအနားေပးလာဖို႔မရွိဘဲပြဲထြက္ကစားသမားအျဖစ္ပင္ဆက္သုံးလာပါမယ္။

အန္တိုနီယိုကြန္တီက “လက္ေ႐ြးစင္အသင္းနည္းျပေတြအေနနဲ႔ ဒီအေျခအေနမ်ိဳးမွာအေကာင္းဆုံးစီမံခန႔္ခြဲႏိုင္ဖို႔လိုတယ္။ဟယ္ရီလိုကစားသမားမ်ိဳးကပြဲတိုင္းအားလုံးေပးဆပ္ကစားေတာ့အနားေပးၿပီးအရန္ခုံသို႔ပို႔ထားဖို႔ကအရမ္းခက္တယ္။လိဒ္ပြဲၿပီးရင္ကမာၻ႔ဖလားအတြက္၈ရက္ပဲျပင္ဆင္ခ်ိန္ရတယ္။အခုအခ်ိန္မွာကြၽန္ေတာ္တို႔အေကာင္းဆုံးစီမံထားႏိုင္တယ္။တကယ္ေတာ့အရမ္းအရမ္းကိုခက္ခဲပါတယ္။၄၃ရက္မွာကလပ္ပြဲ၁၃ပြဲကစားခဲ့ရေတာ့စိတ္ပင္ပန္းေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။