
အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးကလီဗာပူးမှာဆာဒေယိုမာနေးအားဆုံးရှုံးလိုက်ရမှုနှင့်အတူ ယခုရာသီရာသီအစရုန်းကန်နေရခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်လာပါတယ်။
လီဗာပူးဟာပရီးမီးယားလိဂ်ရာသီအစတွင်နိုင်ပွဲနှစ်ပွဲတည်းသာရရှိထားပြီး အဆင့်၉နေရာမှာရပ်တည်နေရကာ ထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၁၁မှတ်အထိကွာဟနေပါတယ်။
စနေနေ့တုန်းကဘရိုက်တန်နှင့်ပွဲစဉ်တွင်လည်းလီဗာပူးဟာစောစောစီးစီးဂိုးပေးခဲ့သလိုနောက်ကျချေပဂိုးပေးခဲ့ရမှုကြောင့်သုံးဂိုးစီသရေကျခဲ့ပါတယ်။
အာစင်ဝင်းဂါးက “နားလည်ဖို့တော့ခက်ခဲတယ်။သူတို့မှာဒီကစားသမား၊ဒီအုပ်စုနဲ့ပဲဆက်သွားနေတာ။ဒါပေမဲ့အရင်ကနဲ့နှိုင်းယှဉ်ပြိုင်ဘောလုံးပြန်လည်ရယူရာမှာနောက်ကျလာတယ်။အဲဒီအချိန်မှာနူနက်ဇ်ကလည်းအထိုင်မကျဘူး။သူတို့ဟာသူ့အပေါ်အများကြီးရင်းနှီးမြှပ်နှံမှုလုပ်ထားရတယ်။သူကအရန်ခုံမှာထိုင်နေရတယ်။သူတို့ဟာထိပ်တန်းအဆင့် ပွဲကြီးကစားသမားတစ်ဦးဖြစ်တဲ့မာနေးကိုဆုံးရှုံးခဲ့ရတယ်။သူကဆုံးဖြတ်ချက်ပိုင်နိုင်တယ်။အနိုင်ရလိုစိတ်ပြင်းတယ်။ဘယ်လိုအခြေအနေမျိုးမှာမဆိုဂိုးသွင်းနိုင်တယ်။အဲဒါကသူတို့လိုအပ်နေတဲ့အရာပဲ”လို့ပြောကြားသွားပါတယ်။
မာနေးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၂၃ဂိုးသွင်းယူနိုင်ခဲ့ပြီးလီဗာပူးကစားသမားဘဝအတွင်းတွင်ဂိုး၁၂၀သွင်းယူနိုင်ခဲ့ပါတယ်။
နူနက်ဇ်မှာလီဗာပူးအတွက်ကစားတဲ့ပထမဆုံး၇ပွဲတွင်၂ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။ဒါပေမဲ့ဖာမီနိုမှာ၅ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပါတယ်။
ZawGyi
ယခုရာသီတြင္ လီဗာပူး ႐ုန္းကန္ရတဲ့ အဓိကအေၾကာင္းရင္းကို အာစင္ဝင္းဂါးေထာက္ျပလာ
အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးကလီဗာပူးမွာဆာေဒယိုမာေနးအားဆုံးရႈံးလိုက္ရမႈႏွင့္အတူ ယခုရာသီရာသီအစ႐ုန္းကန္ေနရျခင္းျဖစ္ေၾကာင္း ေဝဖန္သုံးသပ္လာပါတယ္။
လီဗာပူးဟာပရီးမီးယားလိဂ္ရာသီအစတြင္ႏိုင္ပြဲႏွစ္ပြဲတည္းသာရရွိထားၿပီး အဆင့္၉ေနရာမွာရပ္တည္ေနရကာ ထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၁၁မွတ္အထိကြာဟေနပါတယ္။
စေနေန႔တုန္းကဘ႐ိုက္တန္ႏွင့္ပြဲစဥ္တြင္လည္းလီဗာပူးဟာေစာေစာစီးစီးဂိုးေပးခဲ့သလိုေနာက္က်ေခ်ပဂိုးေပးခဲ့ရမႈေၾကာင့္သုံးဂိုးစီသေရက်ခဲ့ပါတယ္။
အာစင္ဝင္းဂါးက “နားလည္ဖို႔ေတာ့ခက္ခဲတယ္။သူတို႔မွာဒီကစားသမား၊ဒီအုပ္စုနဲ႔ပဲဆက္သြားေနတာ။ဒါေပမဲ့အရင္ကနဲ႔ႏႈိင္းယွဥ္ၿပိဳင္ေဘာလုံးျပန္လည္ရယူရာမွာေနာက္က်လာတယ္။အဲဒီအခ်ိန္မွာႏူနက္ဇ္ကလည္းအထိုင္မက်ဘူး။သူတို႔ဟာသူ႔အေပၚအမ်ားႀကီးရင္းႏွီးျမႇပ္ႏွံမႈလုပ္ထားရတယ္။သူကအရန္ခုံမွာထိုင္ေနရတယ္။သူတို႔ဟာထိပ္တန္းအဆင့္ ပြဲႀကီးကစားသမားတစ္ဦးျဖစ္တဲ့မာေနးကိုဆုံးရႈံးခဲ့ရတယ္။သူကဆုံးျဖတ္ခ်က္ပိုင္ႏိုင္တယ္။အႏိုင္ရလိုစိတ္ျပင္းတယ္။ဘယ္လိုအေျခအေနမ်ိဳးမွာမဆိုဂိုးသြင္းႏိုင္တယ္။အဲဒါကသူတို႔လိုအပ္ေနတဲ့အရာပဲ”လို႔ေျပာၾကားသြားပါတယ္။
မာေနးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၂၃ဂိုးသြင္းယူႏိုင္ခဲ့ၿပီးလီဗာပူးကစားသမားဘဝအတြင္းတြင္ဂိုး၁၂၀သြင္းယူႏိုင္ခဲ့ပါတယ္။
ႏူနက္ဇ္မွာလီဗာပူးအတြက္ကစားတဲ့ပထမဆုံး၇ပြဲတြင္၂ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။ဒါေပမဲ့ဖာမီႏိုမွာ၅ဂိုးအထိသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။