ယခုရာသီမှာ ခရစ္စတီယာနိုရော်နယ်ဒိုထက် လူကာကူ ဂိုးပိုသွင်းနိုင်လိမ့်မည်

talkSPORT မှဝေဖန်သုံးသပ်သူဒါရင့်ဘန့်ကယခုရာသီတွင်ချဲလ်ဆီးတိုက်စစ်မှူးရိုမဲလူလူကာကူကမန်ချက်စတာတကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုထက်ဂိုးပိုသွင်းလိမ့်မယ်လို့ အချက်အလက်များဖြင့်ပြောကြားလာပါတယ်။

စပါးစ်၊ဗီလာတို့တွင်ကစားခဲ့တဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်းကမန်ယူရဲ့ဂိုးအများစုကို တိုက်စစ်မှူးများကမျှဝေသွင်းယူလာမှာဖြစ်ပြီးချဲလ်ဆီးရရှိတဲ့ဂိုးအများစုကလူကာကူထံမှရောက်လာမှာဖြစ်ကြောင်းပြောကြားသွားတာဖြစ်ပါတယ်။

ဒါရင်းဘန့်က “ကျွန်တော်ကတော့လူကာကူကိုပဲဂိုးပိုသွင်းနိုင်မယ့်သူလို့ထင်တယ်။ချဲလ်ဆီးကိုကြည့်လိုက်ရင်သူတို့ရတဲ့ဂိုးအများစုကိုတိုက်စစ်မှူးဆီကလာတာပါ။သူတို့ရဲ့ရတဲ့ဂိုးအများစုကလူကာကူဆီကလာပါလိမ့်မယ်။ရော်နယ်ဒိုဘယ်လောက်ကောင်းတယ်ဆိုတာကျွန်တော်တို့သိပြီးသားပါ။ဂရင်းဝုဒ်ကလည်းဂိုးတွေသွင်းလာပါမယ်။ဖာနန်ဒက်စ်ရှိတယ်။ရပ်ရှ်ဖို့ဒ်လည်းပြန်ကစားနိုင်တော့မယ်။ကာဗာနီလည်းရှိတယ်။ဒီတော့ပွဲတိုင်းအဲဒီလူတွေကိုသုံးလို့မရပါဘူး။လူကာကူကတော့ကြံ့ခိုင်မှုပြည့်ရင်ကစားရဖို့သေချာနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဒါရင်းဘန့်ကခရစ္စတီယာနိုရော်နယ်ဒိုမှာအကောင်းဆုံးပုံစံတွင်ရှိနေသော်လည်းမန်ယူရဲ့တိုက်စစ်သမားရွေးချယ်ရမှုမြင့်မားနေမှုကြောင့်ပွဲတိုင်းပွဲထွက်ကစားခွင့်ရလာဖို့မရှိကြောင်းဆိုသွားပါတယ်။

ဒါရင်းဘန့်က “မန်ယူမှာပွဲတွေများကြီးကစားဖို့ရှိနေတော့ပွဲတိုင်းတော့သူ(ရော်နယ်ဒို)ပွဲထွက်လာမှာမဟုတ်ပါဘူး။ချဲလ်ဆီးကိုကြည့်လိုက်ရင်လူကာကူကိုတကယ်လိုလို့ခေါ်ယူခဲ့တာပါ။ချဲလ်ဆီးအတွက်လူကာကူကတကယ်လိုအပ်နေတဲ့သူပါ။ရော်နယ်ဒိုဂိုးတွေ သွင်းလာမယ်ဆိုပေမယ့်လူကာကူကဂိုးပိုသွင်းလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

လူကာကူဟာချဲလ်ဆီးအတွက်ဒုတိယမြောက်ကစားတဲ့အာဆင်နယ်နှင့်ပွဲစဉ်မှာဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုအပတ်နယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။

ZawGyi

ယခုရာသီမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုထက္ လူကာကူ ဂိုးပိုသြင္းႏိုင္လိမ့္မည္

talkSPORT မွေဝဖန္သုံးသပ္သူဒါရင့္ဘန႔္ကယခုရာသီတြင္ခ်ဲလ္ဆီးတိုက္စစ္မႉး႐ိုမဲလူလူကာကူကမန္ခ်က္စတာတေက်ာ့ျပန္ခရစၥတီယာႏိုေရာ္နယ္ဒိုထက္ဂိုးပိုသြင္းလိမ့္မယ္လို႔ အခ်က္အလက္မ်ားျဖင့္ေျပာၾကားလာပါတယ္။

စပါးစ္၊ဗီလာတို႔တြင္ကစားခဲ့တဲ့အဂၤလန္တိုက္စစ္မႉးေဟာင္းကမန္ယူရဲ႕ဂိုးအမ်ားစုကို တိုက္စစ္မႉးမ်ားကမွ်ေဝသြင္းယူလာမွာျဖစ္ၿပီးခ်ဲလ္ဆီးရရွိတဲ့ဂိုးအမ်ားစုကလူကာကူထံမွေရာက္လာမွာျဖစ္ေၾကာင္းေျပာၾကားသြားတာျဖစ္ပါတယ္။

ဒါရင္းဘန႔္က “ကြၽန္ေတာ္ကေတာ့လူကာကူကိုပဲဂိုးပိုသြင္းႏိုင္မယ့္သူလို႔ထင္တယ္။ခ်ဲလ္ဆီးကိုၾကည့္လိုက္ရင္သူတို႔ရတဲ့ဂိုးအမ်ားစုကိုတိုက္စစ္မႉးဆီကလာတာပါ။သူတို႔ရဲ႕ရတဲ့ဂိုးအမ်ားစုကလူကာကူဆီကလာပါလိမ့္မယ္။ေရာ္နယ္ဒိုဘယ္ေလာက္ေကာင္းတယ္ဆိုတာကြၽန္ေတာ္တို႔သိၿပီးသားပါ။ဂရင္းဝုဒ္ကလည္းဂိုးေတြသြင္းလာပါမယ္။ဖာနန္ဒက္စ္ရွိတယ္။ရပ္ရွ္ဖို႔ဒ္လည္းျပန္ကစားႏိုင္ေတာ့မယ္။ကာဗာနီလည္းရွိတယ္။ဒီေတာ့ပြဲတိုင္းအဲဒီလူေတြကိုသုံးလို႔မရပါဘူး။လူကာကူကေတာ့ႀကံ့ခိုင္မႈျပည့္ရင္ကစားရဖို႔ေသခ်ာေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဒါရင္းဘန႔္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာအေကာင္းဆုံးပုံစံတြင္ရွိေနေသာ္လည္းမန္ယူရဲ႕တိုက္စစ္သမားေ႐ြးခ်ယ္ရမႈျမင့္မားေနမႈေၾကာင့္ပြဲတိုင္းပြဲထြက္ကစားခြင့္ရလာဖို႔မရွိေၾကာင္းဆိုသြားပါတယ္။

ဒါရင္းဘန႔္က “မန္ယူမွာပြဲေတြမ်ားႀကီးကစားဖို႔ရွိေနေတာ့ပြဲတိုင္းေတာ့သူ(ေရာ္နယ္ဒို)ပြဲထြက္လာမွာမဟုတ္ပါဘူး။ခ်ဲလ္ဆီးကိုၾကည့္လိုက္ရင္လူကာကူကိုတကယ္လိုလို႔ေခၚယူခဲ့တာပါ။ခ်ဲလ္ဆီးအတြက္လူကာကူကတကယ္လိုအပ္ေနတဲ့သူပါ။ေရာ္နယ္ဒိုဂိုးေတြ သြင္းလာမယ္ဆိုေပမယ့္လူကာကူကဂိုးပိုသြင္းလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

လူကာကူဟာခ်ဲလ္ဆီးအတြက္ဒုတိယေျမာက္ကစားတဲ့အာဆင္နယ္ႏွင့္ပြဲစဥ္မွာဂိုးစတင္သြင္းယူႏိုင္ခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုအပတ္နယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲကိုကစားလာဖို႔ရွိပါတယ္။