ယခုရာသီမှာ သူ့ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ မျက်မှန်ကို တပ်ဆင်တော့မှာမဟုတ်တော့ ကလော့ပ်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာနွေရာသီတုန်းကသူ့မျက်လုံးအားခွဲစိတ်ကုသမှုအောင်မြင်ခဲ့မှုနှင့်အတူယခုရာသီတွင်သူ့ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့မျက်မှန်တပ်ဆင်တော့မှာမဟုတ်တော့ပါဘူး။

ကလော့ပ်ဦးဆောင်တဲ့လီဗာပူးဟာစနေနေ့တုန်းကနော့ဝှစ်ချ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကစားခဲ့ရပြီး၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲစဉ်တွင်ကလော့ပ်ရဲ့ရုပ်ပုံဟာပုံမှန်လိုမဟုတ်ဘဲထူးခြားနေခဲ့ပါတယ်။ပြောရမယ်ဆိုရင်ကလော့ပ်ဟာမျက်မှန်မတပ်ဆင်ထားခဲ့ပါဘူး။

ယနေ့မှာ Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရကလော့ပ်ဟာပြီးခဲ့တဲ့သုံးလအတွင်းမှာသူ့မျက်လုံးကိုဆေးကုသမှုခံယူလာခဲ့ပြီးအောင်မြင်သွားမှုနဲ့အတူမျက်မှန်တပ်စရာမလိုဘဲအမြင်အာရုံကောင်းမွန်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်တစ်ဦးက “ကလော့ပ်ကိုမျက်မှန်မတပ်ဘဲတွေ့ရတာကိုယ့်ဆရာကိုကျောင်းအပြင်ဘက်မှာတွေ့ရသလိုဘဲ။တမျိုးကြီးဖြစ်နေတယ်”လို့အွန်လိုင်းတွင်ရေးသားသွားခဲ့ပါတယ်။

ဒါ့အပြင်အခြားလီဗာပူးပရိသတ်တစ်ဦးကလည်း “ဂျာဂင်ကလော့ပ်။မင်းမျက်မှန်ပြန်မတပ်ရင်အာစင်ဝင်းဂါးကိုပဲအားပေးတော့မယ်”လို့ဟာသနှောရေးသားသွားပါတယ်။

ZawGyi

ယခုရာသီမွာ သူ႔ရဲ႕အမွတ္အသားတစ္ခုျဖစ္တဲ့ မ်က္မွန္ကို တပ္ဆင္ေတာ့မွာမဟုတ္ေတာ့ ကေလာ့ပ္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာေႏြရာသီတုန္းကသူ႔မ်က္လုံးအားခြဲစိတ္ကုသမႈေအာင္ျမင္ခဲ့မႈႏွင့္အတူယခုရာသီတြင္သူ႔ရဲ႕အမွတ္အသားတစ္ခုျဖစ္တဲ့မ်က္မွန္တပ္ဆင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။

ကေလာ့ပ္ဦးေဆာင္တဲ့လီဗာပူးဟာစေနေန႔တုန္းကေနာ့ဝွစ္ခ်္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကစားခဲ့ရၿပီး၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းပြဲစဥ္တြင္ကေလာ့ပ္ရဲ႕႐ုပ္ပုံဟာပုံမွန္လိုမဟုတ္ဘဲထူးျခားေနခဲ့ပါတယ္။ေျပာရမယ္ဆိုရင္ကေလာ့ပ္ဟာမ်က္မွန္မတပ္ဆင္ထားခဲ့ပါဘူး။

ယေန႔မွာ Daily Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရကေလာ့ပ္ဟာၿပီးခဲ့တဲ့သုံးလအတြင္းမွာသူ႔မ်က္လုံးကိုေဆးကုသမႈခံယူလာခဲ့ၿပီးေအာင္ျမင္သြားမႈနဲ႔အတူမ်က္မွန္တပ္စရာမလိုဘဲအျမင္အာ႐ုံေကာင္းမြန္သြားခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးပရိသတ္တစ္ဦးက “ကေလာ့ပ္ကိုမ်က္မွန္မတပ္ဘဲေတြ႕ရတာကိုယ့္ဆရာကိုေက်ာင္းအျပင္ဘက္မွာေတြ႕ရသလိုဘဲ။တမ်ိဳးႀကီးျဖစ္ေနတယ္”လို႔အြန္လိုင္းတြင္ေရးသားသြားခဲ့ပါတယ္။

ဒါ့အျပင္အျခားလီဗာပူးပရိသတ္တစ္ဦးကလည္း “ဂ်ာဂင္ကေလာ့ပ္။မင္းမ်က္မွန္ျပန္မတပ္ရင္အာစင္ဝင္းဂါးကိုပဲအားေပးေတာ့မယ္”လို႔ဟာသေႏွာေရးသားသြားပါတယ္။