ယခုရာသီမှာ အဘက်ဘက်က ကျရိပ်ပြကာ ဟယ်ရီကိန်းမဟုတ်တော့တဲ့ ဟယ်ရီကိန်းဖြစ်နေပြီ

ဟယ်ရီကိန်းဟာယခုရာသီမှာဆိုးရွားတဲ့ရာသီတစ်ခုပိုင်ဆိုင်နေပါတယ်။ဟယ်ရီကိန်းဟာသူ့အဆင့်အတန်းမျိုးမဟုတ်တဲ့အဆင့်တစ်ခုသို့အထိကျဆင်းနေခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာ၂၃ဂိုးသွင်းကာ၁၄ကြိမ်အထိဖန်တီးပြီးပရီးမီးယားလိဂ်ရွှေဖိနပ်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်ပွဲ၃၅ပွဲကစားခဲ့ရမှာရဂိုး၃၇မှာတိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာမေလတုန်းကကလပ်ကစားသမားဘဝတစ်လျှောက်ဆုတစ်ကြိမ်မျှမရရှိခဲ့ဖူးမှုနဲ့အတူအသင်းပြောင်းခွင့်တောင်းခဲ့ပါတယ်။စပါးစ်ဟာ၂၀၀၈ခုနှစ်တုန်းကလိဂ်ဖလားရရှိပြီးနောက်ဆုဖလားလက်မဲ့ဖြစ်နေခဲ့တဲ့အသင်းဖြစ်ပါတယ်။

မန်စီးတီးဟာဟယ်ရီကိန်းကိုပေါင်သန်း၁၅၀နဲ့ကမ်းလှမ်းမှုလုပ်မယ်လို့ယူဆခဲ့ရပေမယ့်တကယ်တမ်းမှာတော့ဂျက်ဂရဲလ်လစ်ရှ်ကိုသာပေါင်သန်း၁၀၀ဖြင့်ခေါ်ယူခဲ့ပြီးကိန်းကိုမခေါ်ယူခဲ့ပါဘူး။

ပရီးမီးယားလိဂ်ရာသီသစ်စတင်လာခဲ့တာ၉ပွဲရှိပြီဖြစ်ပြီးကိန်းမှာလည်းတော်တော်လေးရုန်းကန်နေရပါတယ်။အထူးသဖြင့်ဟယ်ရီကိန်းမဟုတ်တဲ့ ဟယ်ရီကိန်းအဆင့်သို့အထိကျဆင်းနေခဲ့တာဖြစ်ပါတယ်။

သူဟာယခုရာသီမှာစပါးစ်အတွက်၁ဂိုးတည်းသာသွင်းယူထားနိုင်ပါသေးတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကပွဲစဉ်၉အပြီးမှာ၇ဂိုးသွင်းထားပြီးဖြစ်ပါတယ်။

သူဟာယခုရာသီမှာဂိုးပေါက်ကန်ချက်၁၈ကြိမ်သာပြုလုပ်ရပါသေးတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကယခုလိုအချိန်မျိုးမှာ၃၈ကြိမ်အထိပြလုပ်ပြီးပါပြီ။ဒါ့အပြင်ဖန်တီးမှုကလည်း၁ကြိမ်တည်းသာပြုလုပ်ထားရပါသေးတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကယခုလိုအချိန်မျိုးမှာ၈ကြိမ်အထိဖန်တီးပြီးပါပြီ။

သူဟာဘောလုံးပေးပို့မှုတိကျမှုအပိုင်းမှာအနည်းငယ်ပိုမြင့်မားလာတယ်ဆိုပေမယ့်လည်းဘောလုံးထိတွေ့မှုအပိုင်းနဲ့ဘောလုံးဆုံးရှုံးမှုအပိုင်းမှာမြင့်မားလာသလိုခေါင်းယှဉ်တိုက်မှုအောင်မြင်မှုအပိုင်းမှာလည်းကျဆင်းသွားခဲ့ပါတယ်။

ZawGyi

ယခုရာသီမွာ အဘက္ဘက္က က်ရိပ္ျပကာ ဟယ္ရီကိန္းမဟုတ္ေတာ့တဲ့ ဟယ္ရီကိန္းျဖစ္ေနၿပီ

ဟယ္ရီကိန္းဟာယခုရာသီမွာဆိုး႐ြားတဲ့ရာသီတစ္ခုပိုင္ဆိုင္ေနပါတယ္။ဟယ္ရီကိန္းဟာသူ႔အဆင့္အတန္းမ်ိဳးမဟုတ္တဲ့အဆင့္တစ္ခုသို႔အထိက်ဆင္းေနခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာ၂၃ဂိုးသြင္းကာ၁၄ႀကိမ္အထိဖန္တီးၿပီးပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္ပြဲ၃၅ပြဲကစားခဲ့ရမွာရဂိုး၃၇မွာတိုက္႐ိုက္ပါဝင္ပတ္သက္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာေမလတုန္းကကလပ္ကစားသမားဘဝတစ္ေလွ်ာက္ဆုတစ္ႀကိမ္မွ်မရရွိခဲ့ဖူးမႈနဲ႔အတူအသင္းေျပာင္းခြင့္ေတာင္းခဲ့ပါတယ္။စပါးစ္ဟာ၂၀၀၈ခုႏွစ္တုန္းကလိဂ္ဖလားရရွိၿပီးေနာက္ဆုဖလားလက္မဲ့ျဖစ္ေနခဲ့တဲ့အသင္းျဖစ္ပါတယ္။

မန္စီးတီးဟာဟယ္ရီကိန္းကိုေပါင္သန္း၁၅၀နဲ႔ကမ္းလွမ္းမႈလုပ္မယ္လို႔ယူဆခဲ့ရေပမယ့္တကယ္တမ္းမွာေတာ့ဂ်က္ဂရဲလ္လစ္ရွ္ကိုသာေပါင္သန္း၁၀၀ျဖင့္ေခၚယူခဲ့ၿပီးကိန္းကိုမေခၚယူခဲ့ပါဘူး။

ပရီးမီးယားလိဂ္ရာသီသစ္စတင္လာခဲ့တာ၉ပြဲရွိၿပီျဖစ္ၿပီးကိန္းမွာလည္းေတာ္ေတာ္ေလး႐ုန္းကန္ေနရပါတယ္။အထူးသျဖင့္ဟယ္ရီကိန္းမဟုတ္တဲ့ ဟယ္ရီကိန္းအဆင့္သို႔အထိက်ဆင္းေနခဲ့တာျဖစ္ပါတယ္။

သူဟာယခုရာသီမွာစပါးစ္အတြက္၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါေသးတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပြဲစဥ္၉အၿပီးမွာ၇ဂိုးသြင္းထားၿပီးျဖစ္ပါတယ္။

သူဟာယခုရာသီမွာဂိုးေပါက္ကန္ခ်က္၁၈ႀကိမ္သာျပဳလုပ္ရပါေသးတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကယခုလိုအခ်ိန္မ်ိဳးမွာ၃၈ႀကိမ္အထိျပလုပ္ၿပီးပါၿပီ။ဒါ့အျပင္ဖန္တီးမႈကလည္း၁ႀကိမ္တည္းသာျပဳလုပ္ထားရပါေသးတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကယခုလိုအခ်ိန္မ်ိဳးမွာ၈ႀကိမ္အထိဖန္တီးၿပီးပါၿပီ။

သူဟာေဘာလုံးေပးပို႔မႈတိက်မႈအပိုင္းမွာအနည္းငယ္ပိုျမင့္မားလာတယ္ဆိုေပမယ့္လည္းေဘာလုံးထိေတြ႕မႈအပိုင္းနဲ႔ေဘာလုံးဆုံးရႈံးမႈအပိုင္းမွာျမင့္မားလာသလိုေခါင္းယွဥ္တိုက္မႈေအာင္ျမင္မႈအပိုင္းမွာလည္းက်ဆင္းသြားခဲ့ပါတယ္။