ယခုရာသီရဲ့အကြီးကျယ်ဆုံးကာကွယ်မှုများထဲမှ တစ်ခုကို ပြုလုပ်ခဲ့တဲ့ ရမ်ဒေးလ်

အေရွန်ရမ်ဒေးလ်ဟာမနေ့ညတုန်းကလက်စတာကိုအာဆင်နယ်ကအနိုင်ရရှိတဲ့ပွဲစဉ်မှာယခုရာသီရဲ့အကောင်းဆုံးကာကွယ်မှုတစ်ခုအဖြစ်ဂျိမ်းစ်မက်ဒီဆင်ရဲ့ဖရီးကစ်ကိုကာကွယ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာကင်းပါဝါကွင်းမှာဂါဘရီရယ်နှင့်အီမီလီစမစ်ရိုးတို့ရဲ့ဂိုးများဖြင့်လက်စတာကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

မက်ဒီဆင်ဟာပထမပိုင်းမပြီးခင်မှာဖရီးကစ်ကန်ခွင့်ရရှိခဲ့ပြီး ထောင့်ကျဉ်းထဲသို့ကန်သွင်းခဲ့ပေမယ့်ရမ်ဒေးလ်ကအကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။

ရမ်းဒေးလ်ဟာဘယ်ထောင့်သို့ဒိုင်ဗင်ပစ်ကာဘောလုံးကိုလက်ဖြင့်ပုတ်ခဲ့ပြီးဘောလုံးမှာဘားတန်းကိုထိသွားခဲ့ပါတယ်။

မက်ဒီဆင်ရဲ့ကန်ချက်ကအလွန်တိကျကောင်းမွန်တာကြောင့်ရမ်ဒေးလ်မပုတ်ခင်ကတည်းကလက်စတာတိုက်စစ်မှူးဂျေမီဗာဒီအောင်ပွဲခံနေခဲ့တာတွေ့ရပါတယ်။

ရမ်ဒေးလ်ပုတ်လိုက်လို့ပြန်ကန်တဲ့ဘောလုံးကိုဂျွန်နီအီဗန့်ကပိတ်သွင်းဖို့ကြိုးစားပေမယ့်သောမတ်စ်ပါတေးကရှင်းထုတ်နိုင်ခဲ့ပါတယ်။

မန်ယူနှင့်မန်စီးတီးဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်ကသူမြင်ဖူးသမျှထဲမှာ ရမ်ဒေးလ်ရဲ့ကာကွယ်မှုကအကောင်းဆုံးလို့တောင်ချီးကျူးသွားခဲ့ပါတယ်။

အသက်၂၃နှစ်ရှိရမ်ဒေးလ်ဟာနွေရာသီတွင်ရှက်ဖီးလ်မှပေါင်သန်း၃၀ဖြင့်ရောက်လာပြီးနောက်လီနိုကိုကျော်ဖြတ်ကာအာဆင်နယ်ရဲ့နံပါတ်တစ်ဂိုးသမားနေရာကိုလွဲပြောင်းရယူထားနိုင်သူဖြစ်ပါတယ်။

ZawGyi

ယခုရာသီရဲ႕အႀကီးက်ယ္ဆုံးကာကြယ္မႈမ်ားထဲမွ တစ္ခုကို ျပဳလုပ္ခဲ့တဲ့ ရမ္ေဒးလ္

ေအ႐ြန္ရမ္ေဒးလ္ဟာမေန႔ညတုန္းကလက္စတာကိုအာဆင္နယ္ကအႏိုင္ရရွိတဲ့ပြဲစဥ္မွာယခုရာသီရဲ႕အေကာင္းဆုံးကာကြယ္မႈတစ္ခုအျဖစ္ဂ်ိမ္းစ္မက္ဒီဆင္ရဲ႕ဖရီးကစ္ကိုကာကြယ္သြားခဲ့ပါတယ္။

အာဆင္နယ္ဟာကင္းပါဝါကြင္းမွာဂါဘရီရယ္ႏွင့္အီမီလီစမစ္႐ိုးတို႔ရဲ႕ဂိုးမ်ားျဖင့္လက္စတာကို၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မက္ဒီဆင္ဟာပထမပိုင္းမၿပီးခင္မွာဖရီးကစ္ကန္ခြင့္ရရွိခဲ့ၿပီး ေထာင့္က်ဥ္းထဲသို႔ကန္သြင္းခဲ့ေပမယ့္ရမ္ေဒးလ္ကအေကာင္းဆုံးကာကြယ္သြားခဲ့ပါတယ္။

ရမ္းေဒးလ္ဟာဘယ္ေထာင့္သို႔ဒိုင္ဗင္ပစ္ကာေဘာလုံးကိုလက္ျဖင့္ပုတ္ခဲ့ၿပီးေဘာလုံးမွာဘားတန္းကိုထိသြားခဲ့ပါတယ္။

မက္ဒီဆင္ရဲ႕ကန္ခ်က္ကအလြန္တိက်ေကာင္းမြန္တာေၾကာင့္ရမ္ေဒးလ္မပုတ္ခင္ကတည္းကလက္စတာတိုက္စစ္မႉးေဂ်မီဗာဒီေအာင္ပြဲခံေနခဲ့တာေတြ႕ရပါတယ္။

ရမ္ေဒးလ္ပုတ္လိုက္လို႔ျပန္ကန္တဲ့ေဘာလုံးကိုဂြၽန္နီအီဗန႔္ကပိတ္သြင္းဖို႔ႀကိဳးစားေပမယ့္ေသာမတ္စ္ပါေတးကရွင္းထုတ္ႏိုင္ခဲ့ပါတယ္။

မန္ယူႏွင့္မန္စီးတီးဂႏၴဝင္ဂိုးသမားပီတာရွမိုက္ကယ္ကသူျမင္ဖူးသမွ်ထဲမွာ ရမ္ေဒးလ္ရဲ႕ကာကြယ္မႈကအေကာင္းဆုံးလို႔ေတာင္ခ်ီးက်ဴးသြားခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိရမ္ေဒးလ္ဟာေႏြရာသီတြင္ရွက္ဖီးလ္မွေပါင္သန္း၃၀ျဖင့္ေရာက္လာၿပီးေနာက္လီႏိုကိုေက်ာ္ျဖတ္ကာအာဆင္နယ္ရဲ႕နံပါတ္တစ္ဂိုးသမားေနရာကိုလြဲေျပာင္းရယူထားႏိုင္သူျဖစ္ပါတယ္။