ယခုရာသီရဲ့အဆိုးရွားဆုံးလွဲချော်မှု ဖြစ်လာမယ့် အူဘာမီယန်ရဲ့အပိုင်အခွင့်အရေးဖြုန်းတီးမှု

အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်ဟာမနေ့ညတုန်းကနယူးကာဆယ်နှင့်ပွဲစဉ်မှာယခုရာသီရဲ့အဆိုးရွားဆုံးလွဲချော်မှုဖြစ်လာမယ့်အပိုင်အခွင့်အရေးဖြုန်းတီးမှုပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟာကိုက်အနည်းငယ်မျှအကွာကသေချာပေါက်ဂိုးရမယ့်အခွင့်အရေးရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်နှင့်ပွဲမှပွဲချိန်၁၄မိနစ်မှာဆာကာရဲ့ကန်ချက်ကိုနယူးကာဆယ်ဂိုးသမားဒါလောကခြေထောက်ဖြင့်တားဆီးပြီးနောက်ဘောလုံးကအူဘာမီယန်ရဲ့လမ်းကြောင်းပေါ်သို့ကျလာပါတယ်။ဒါပေမယ့်အူဘာမီယန်ဟာတစ်ကိုက်အကျော်ကျော်မျှအကွာမှယင်းအပိုင်အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပါဘူး။

အူဘာမီယန်ဟာယင်းအပိုင်အခွင့်အရေးဖြုန်းတီးမှုကိုဘယ်တော့မှပြန်ကြည့်ချင်မှာမဟုတ်ပါဘူး။

ယင်းနောက်ပိုင်းမှာအူဘာမီယန်ဟာအာဆင်နယ်တိုက်စစ်ကိုလည်းအကောင်းဆုံးဦးဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါပေမယ့်အူဘာမီယန်ဟာပွဲချိန်၅၀နဲ့၇၇မိနစ်တို့မှာဂိုးသွင်းနိုင်ခဲ့ပြီးအာဆင်နယ်အတွက်နောက်တစ်ဂိုးကိုဆာကာက သွင်းယူခဲ့ပါတယ်။

ZawGyi

ယခုရာသီရဲ႕အဆိုး႐ြားဆုံးလြဲေခ်ာ္မႈ ျဖစ္လာမယ့္ အူဘာမီယန္ရဲ႕အပိုင္အခြင့္အေရးျဖဳန္းတီးမႈ

အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္ဟာမေန႔ညတုန္းကနယူးကာဆယ္ႏွင့္ပြဲစဥ္မွာယခုရာသီရဲ႕အဆိုး႐ြားဆုံးလြဲေခ်ာ္မႈျဖစ္လာမယ့္အပိုင္အခြင့္အေရးျဖဳန္းတီးမႈျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္တိုက္စစ္မႉးဟာကိုက္အနည္းငယ္မွ်အကြာကေသခ်ာေပါက္ဂိုးရမယ့္အခြင့္အေရးရရွိခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ႏွင့္ပြဲမွပြဲခ်ိန္၁၄မိနစ္မွာဆာကာရဲ႕ကန္ခ်က္ကိုနယူးကာဆယ္ဂိုးသမားဒါေလာကေျခေထာက္ျဖင့္တားဆီးၿပီးေနာက္ေဘာလုံးကအူဘာမီယန္ရဲ႕လမ္းေၾကာင္းေပၚသို႔က်လာပါတယ္။ဒါေပမယ့္အူဘာမီယန္ဟာတစ္ကိုက္အေက်ာ္ေက်ာ္မွ်အကြာမွယင္းအပိုင္အခြင့္အေရးကိုအသုံးမခ်ႏိုင္ခဲ့ပါဘူး။

အူဘာမီယန္ဟာယင္းအပိုင္အခြင့္အေရးျဖဳန္းတီးမႈကိုဘယ္ေတာ့မွျပန္ၾကည့္ခ်င္မွာမဟုတ္ပါဘူး။

ယင္းေနာက္ပိုင္းမွာအူဘာမီယန္ဟာအာဆင္နယ္တိုက္စစ္ကိုလည္းအေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ဒါေပမယ့္အူဘာမီယန္ဟာပြဲခ်ိန္၅၀နဲ႔၇၇မိနစ္တို႔မွာဂိုးသြင္းႏိုင္ခဲ့ၿပီးအာဆင္နယ္အတြက္ေနာက္တစ္ဂိုးကိုဆာကာက သြင္းယူခဲ့ပါတယ္။