ယခုရာသီ ကစားသမား ၃၀ ဦးမြောက်ခေါ်ယူမှုအဖြစ် အယောကို ‌နော်တင်ဟမ်ဖောရက်စ်ခေါ်ယူ

နော်တင်ဟမ်ဖောရက်စ်ကကလပ်လက်မဲ့ဖြစ်နေတဲ့အင်ဒရေအယောကိုယခုရာသီ၃၀ဦးမြောက်ကစားသမားအဖြစ်ခေါ်ယူလိုက်ကြောင်းကြေညာလာပါတယ်။

အသက်၃၃နှစ်ရှိတိုက်စစ်မှူးဟာယခင်တုန်းကဆွမ်စီးတွင်နော်တင်ဟမ်ဖောရက်စ်နည်းပြစတိဗ်ကိုးပါးနှင့်လက်တွဲခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ယခုအခါသူဟာနော်တင်ဟမ်ဖောရက်စ်တွင်စတိဗ်ကိုးပါးနှင့်ပြန်လည်လက်တွဲကာပရီးမီးယားလိဂ်မှတန်းမဆင်းရရေးအတွက်ထပ်မံအတူတိုက်ပွဲဝင်သွားဦးမှာဖြစ်ပါတယ်။

ဂါနာအသင်းခေါင်းဆောင်အယောဟာနော်တင်ဟမ်ဖောရက်စ်တွင်ကျောနံပါတ်၂၄ကိုဝတ်ဆင်သွားမှာဖြစ်ပြီးရာသီအကုန်အထိစာချုပ်ဖြင့်ကစားသွားပါမယ်။

အယောဟာဇန်နဝါရီလအကုန်တွင်ကာတာကလပ် Al-Sadd SC တွင်၁၈လကြာကစားပြီးနောက်ထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။

သူ့ရဲ့ညီဖြစ်သူဂျော်ဒန်မှာခရစ္စတယ်ပဲလေ့စ်မှာကစားနေပါတယ်။အယောဟာဝက်စ်ဟမ်းနှင့်ဆွမ်စီးတွင်ကစားစဉ်တုန်းကပရီးမီးယားလိဂ်ပွဲ၅၅ပွဲကစားခဲ့ရာမှာ၉ဂိးသွင်းယူထားနိုင်ခဲ့ပါတယ်။

သူဟာဂါနာအတွက်၁၁၃ပွဲကစားပေးထားသူဖြစ်ပြီး၂၄ဂိုးသွင်းပေးထားနိုင်ပါတယ်။

ZawGyi

ယခုရာသီ ကစားသမား ၃၀ ဦးေျမာက္ေခၚယူမႈအျဖစ္ အေယာကို ‌ေနာ္တင္ဟမ္ေဖာရက္စ္ေခၚယူ

ေနာ္တင္ဟမ္ေဖာရက္စ္ကကလပ္လက္မဲ့ျဖစ္ေနတဲ့အင္ဒေရအေယာကိုယခုရာသီ၃၀ဦးေျမာက္ကစားသမားအျဖစ္ေခၚယူလိုက္ေၾကာင္းေၾကညာလာပါတယ္။

အသက္၃၃ႏွစ္ရွိတိုက္စစ္မႉးဟာယခင္တုန္းကဆြမ္စီးတြင္ေနာ္တင္ဟမ္ေဖာရက္စ္နည္းျပစတိဗ္ကိုးပါးႏွင့္လက္တြဲခဲ့ဖူးသူလည္းျဖစ္ပါတယ္။

ယခုအခါသူဟာေနာ္တင္ဟမ္ေဖာရက္စ္တြင္စတိဗ္ကိုးပါးႏွင့္ျပန္လည္လက္တြဲကာပရီးမီးယားလိဂ္မွတန္းမဆင္းရေရးအတြက္ထပ္မံအတူတိုက္ပြဲဝင္သြားဦးမွာျဖစ္ပါတယ္။

ဂါနာအသင္းေခါင္းေဆာင္အေယာဟာေနာ္တင္ဟမ္ေဖာရက္စ္တြင္ေက်ာနံပါတ္၂၄ကိုဝတ္ဆင္သြားမွာျဖစ္ၿပီးရာသီအကုန္အထိစာခ်ဳပ္ျဖင့္ကစားသြားပါမယ္။

အေယာဟာဇန္နဝါရီလအကုန္တြင္ကာတာကလပ္ Al-Sadd SC တြင္၁၈လၾကာကစားၿပီးေနာက္ထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ညီျဖစ္သူေဂ်ာ္ဒန္မွာခရစၥတယ္ပဲေလ့စ္မွာကစားေနပါတယ္။အေယာဟာဝက္စ္ဟမ္းႏွင့္ဆြမ္စီးတြင္ကစားစဥ္တုန္းကပရီးမီးယားလိဂ္ပြဲ၅၅ပြဲကစားခဲ့ရာမွာ၉ဂိးသြင္းယူထားႏိုင္ခဲ့ပါတယ္။

သူဟာဂါနာအတြက္၁၁၃ပြဲကစားေပးထားသူျဖစ္ၿပီး၂၄ဂိုးသြင္းေပးထားႏိုင္ပါတယ္။