ယခုရာသီ ပထမဆုံး လီဂူး ၁ ရှုံးပွဲကြုံတွေ့ပြီးနောက် ဘက်ပေးကို ထွက်ခွာခွင့်ပေးလာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာလန်းစ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ကိုင်လီယန်ဘက်ပေးကိုအနားယူခွင့်ပေးလာပါတယ်။

လီဂူး ၁ ထိပ်သီးဟာယခုရာသီပထမဆုံးရှုံးပွဲအဖြစ်လန်းစ်ကိုရှုံးနိမ့်ခဲ့တာဖြစ်ပြီးယင်းရှုံးပွဲကြောင့်၄မှတ်တည်းသာဖြတ်ထားလာနိုင်ခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာအာဂျင်တီးနားကိုရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်သုံးရက်တည်းသာအနားယူကာပီအက်စ်ဂျီနှင့်ပူးပေါင်းခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိပြင်သစ်စူပါစတားဟာပြီးခဲ့တဲ့အပတ်တုန်းကကမ္ဘာ့ဖလားအပြီးပထမဆုံးပွဲအဖြစ်စထရာဘော့နှင့်ပွဲတွင်ပါဝင်ကစားကာပင်နယ်တီမှတဆင့်အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယခုအခါပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာဟာကိုင်လီယန်ဘက်ပေးအပြင်မော်ရိုကိုအားကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ပို့ဆောင်ခဲ့တဲ့ဟာကီမီကို ရက်အနည်းငယ်ကြာအနားပေးမှုပြုလုပ်လာပါတယ်။

ကိုင်လီဘန်ဘက်ပေးနှင့်ဟာကီမီတို့ဟာဇန်နဝါရီလ၁၅ရက်နေ့တွင်ရန်းနက်စ်နှင့်ရင်ဆိုင်ရမဲ့ပွဲစဉ်တွင်မှပီအက်စ်ဂျီအတွက်ပါဝင်ကစားလာဖို့ရှိပါတယ်။

ယင်းကာလအတွင်းတွင်ပီအက်စ်ဂျီဟာFrench Cupတွင် Chateauroux နှင့်လည်းကောင်း၊လီဂူး၁တွင်အင်းဂါးနှင့်လည်းကောင်းရင်ဆိုင်ကစားရပါမယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့လီယွန်နယ်မက်ဆီကတော့ပီအက်စ်ဂျီနှင့်ပူးပေါင်းခြင်းမရှိသေးကာအာဂျင်တီးနားမှာဘဲအနားယူနေတုန်းဖြစ်ပါတယ်။

ZawGyi

ယခုရာသီ ပထမဆုံး လီဂူး ၁ ရႈံးပြဲႀကဳံေတြ႕ၿပီးေနာက္ ဘက္ေပးကို ထြက္ခြာခြင့္ေပးလာတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာလန္းစ္ကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ကိုင္လီယန္ဘက္ေပးကိုအနားယူခြင့္ေပးလာပါတယ္။

လီဂူး ၁ ထိပ္သီးဟာယခုရာသီပထမဆုံးရႈံးပြဲအျဖစ္လန္းစ္ကိုရႈံးနိမ့္ခဲ့တာျဖစ္ၿပီးယင္းရႈံးပြဲေၾကာင့္၄မွတ္တည္းသာျဖတ္ထားလာႏိုင္ခဲ့ပါတယ္။

 

ကိုင္လီယန္ဘက္ေပးဟာအာဂ်င္တီးနားကိုရႈံးနိမ့္တဲ့ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္သုံးရက္တည္းသာအနားယူကာပီအက္စ္ဂ်ီႏွင့္ပူးေပါင္းခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိျပင္သစ္စူပါစတားဟာၿပီးခဲ့တဲ့အပတ္တုန္းကကမာၻ႔ဖလားအၿပီးပထမဆုံးပြဲအျဖစ္စထရာေဘာ့ႏွင့္ပြဲတြင္ပါဝင္ကစားကာပင္နယ္တီမွတဆင့္အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ယခုအခါပီအက္စ္ဂ်ီနည္းျပခရစၥတိုဖီဂယ္တီယာဟာကိုင္လီယန္ဘက္ေပးအျပင္ေမာ္႐ိုကိုအားကမာၻ႔ဖလားဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ခဲ့တဲ့ဟာကီမီကို ရက္အနည္းငယ္ၾကာအနားေပးမႈျပဳလုပ္လာပါတယ္။

ကိုင္လီဘန္ဘက္ေပးႏွင့္ဟာကီမီတို႔ဟာဇန္နဝါရီလ၁၅ရက္ေန႔တြင္ရန္းနက္စ္ႏွင့္ရင္ဆိုင္ရမဲ့ပြဲစဥ္တြင္မွပီအက္စ္ဂ်ီအတြက္ပါဝင္ကစားလာဖို႔ရွိပါတယ္။

ယင္းကာလအတြင္းတြင္ပီအက္စ္ဂ်ီဟာFrench Cupတြင္ Chateauroux ႏွင့္လည္းေကာင္း၊လီဂူး၁တြင္အင္းဂါးႏွင့္လည္းေကာင္းရင္ဆိုင္ကစားရပါမယ္။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့လီယြန္နယ္မက္ဆီကေတာ့ပီအက္စ္ဂ်ီႏွင့္ပူးေပါင္းျခင္းမရွိေသးကာအာဂ်င္တီးနားမွာဘဲအနားယူေနတုန္းျဖစ္ပါတယ္။