ယခုရာသီ ပရီးမီးယားလိဂ်တွင် ပထမဆုံးအထုတ်ခံရတဲ့ နည်းပြဖြစ်လာတဲ့ ဝက်ဖို့ဒ်နည်းပြမူနော့ဇ်

ဝက်ဖို့ဒ်ဟာလိဒ်အသင်းကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ထပ်နည်းပြတစ်ယောက်ထုတ်ပယ်မှုအဖြစ်ဆစ်ကိုမူနော့ဇ်အားထုတ်ပယ်လိုက်ပါတယ်။မူနော့ဇ်ဟာယခုရာသီပရီးမီးယားလိဂ်တွင်ပထမဆုံးအထုတ်ခံရတဲ့နည်းပြဖြစ်လာပါတယ်။

စပိန်လူမျိုးနည်းပြဟာလွန်ခဲ့တဲ့ဆယ်လတုန်းကမှဝက်ဖို့ဒ်အသင်းကိုကိုင်တွယ်ခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်သို့တက်ရောက်နိုင်အောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်ဝက်ဖို့ဒ်ဟာပရီးမီးယားလိဂ်ပွဲ၇ပွဲအပြီးတွင်လေးပွဲရှုံးနိမ့်ပြီးနောက်မူနော့ဇ်ကိုထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းအတွက်နည်းပြအပြောင်းအလဲပြုလုပ်တာထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။၎င်းတို့ဟာပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာနည်းပြခုနှစ်အထိထုတ်ပယ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာအီတလီပိုင်ရှင်ဂီနိုပေါ့ဇိုမိသားစုလက်အောက်သို့ရောက်လာပြီးနောက်နည်းပြထုတ်ပယ်မှု၁၇ကြိမ်အထိပြုလုပ်ထားပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဝက်ဖို့ဒ်နည်းပြသစ်ဖြစ်လာရန်အီတလီလူမျိုးနည်းပြကလော်ဒီယိုရေနီယာရီကထိပ်ဆုံးမှရေပန်းစားနေပြီးသူ့နောက်တွင်ဒီယေဂိုမာတီနက်ဇ်၊ဖွန်ဆီကာ၊အက်ဒီဟိုဝီ၊ဖရန့်လမ်းပတ်တို့ကရေပန်းစားနေပါတယ်။

ZawGyi

ယခုရာသီ ပရီးမီးယားလိဂ္တြင္ ပထမဆုံးအထုတ္ခံရတဲ့ နည္းျပျဖစ္လာတဲ့ ဝက္ဖို႔ဒ္နည္းျပမူေနာ့ဇ္

ဝက္ဖို႔ဒ္ဟာလိဒ္အသင္းကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေနာက္ထပ္နည္းျပတစ္ေယာက္ထုတ္ပယ္မႈအျဖစ္ဆစ္ကိုမူေနာ့ဇ္အားထုတ္ပယ္လိုက္ပါတယ္။မူေနာ့ဇ္ဟာယခုရာသီပရီးမီးယားလိဂ္တြင္ပထမဆုံးအထုတ္ခံရတဲ့နည္းျပျဖစ္လာပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာလြန္ခဲ့တဲ့ဆယ္လတုန္းကမွဝက္ဖို႔ဒ္အသင္းကိုကိုင္တြယ္ခဲ့တာျဖစ္ၿပီးပရီးမီးယားလိဂ္သို႔တက္ေရာက္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမယ့္ဝက္ဖို႔ဒ္ဟာပရီးမီးယားလိဂ္ပြဲ၇ပြဲအၿပီးတြင္ေလးပြဲရႈံးနိမ့္ၿပီးေနာက္မူေနာ့ဇ္ကိုထုတ္ပယ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဝက္ဖို႔ဒ္အသင္းအတြက္နည္းျပအေျပာင္းအလဲျပဳလုပ္တာထူးဆန္းတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။၎တို႔ဟာၿပီးခဲ့တဲ့ငါးႏွစ္အတြင္းမွာနည္းျပခုႏွစ္အထိထုတ္ပယ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ဝက္ဖို႔ဒ္အသင္းဟာအီတလီပိုင္ရွင္ဂီႏိုေပါ့ဇိုမိသားစုလက္ေအာက္သို႔ေရာက္လာၿပီးေနာက္နည္းျပထုတ္ပယ္မႈ၁၇ႀကိမ္အထိျပဳလုပ္ထားၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဝက္ဖို႔ဒ္နည္းျပသစ္ျဖစ္လာရန္အီတလီလူမ်ိဳးနည္းျပကေလာ္ဒီယိုေရနီယာရီကထိပ္ဆုံးမွေရပန္းစားေနၿပီးသူ႔ေနာက္တြင္ဒီေယဂိုမာတီနက္ဇ္၊ဖြန္ဆီကာ၊အက္ဒီဟိုဝီ၊ဖရန႔္လမ္းပတ္တို႔ကေရပန္းစားေနပါတယ္။