
ယူရီတီလီမန်းဟာမနေ့ညတုန်းကအဲဗာတန်ကိုလက်စတာကအနိုင်ရရှိတဲ့ပွဲတွင်ယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက်သေချာသလောက်ရှိနေတဲ့အလွန်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကမန်စီးတီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့လက်စတာဟာတနင်္ဂနွေနေ့ညမှာတော့ဂူဒီဆင်ပါ့ခ်သို့သွားရောက်ကာအဲဗာတန်ကိုရင်ဆိုင်ခဲ့ရပါတယ်။
လက်စတာဟာဧည့်သည်အသင်းဖြစ်ပေမဲ့လည်းအကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပြီးပထမပိုင်းမှာတင် ကန်ချက်၁၅ကြိမ်ပြုလုပ်နိုင်ခဲ့သလိုခံစစ်ပိုင်းလည်းကျစ်ကျစ်လစ်လစ်ဖြင့်ကောင်းမွန်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာတော့တီလီမန်းဟာယခုရာသီသူ့ရဲ့တတိယမြောက်ပရီးမီးယားလိဂ်ကိုသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာဘန်းစ်ချပေးလာတဲ့ဘောလုံးကို ဒူးဖြင့်တချက်တော့ပြီးနောက်ဧရိယာအပြင်ကနေအဝေးထောင့်သို့လှပစွာကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေကတော့အသက်၂၅နှစ်ရှိဘယ်လ်ဂျီယံစတားဟာယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက်သေချာနေပြီဖြစ်ကြောင်းပြောဆိုလျက်ရှိကြပါတယ်။
မနေ့ညတုန်းကပွဲတွင်လက်စတာအတွက်ဒုတိယအနိုင်ဂိုးကိုပွဲပြီးခါနီး၄မိနစ်အလိုမှာဟာဗေးဘန်းစ်ကသွင်းယူခဲ့ပါတယ်။
တီလီမန်းဟာယခုရာသီအကုန်တွင်လက်စတာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးနွေရာသီတုန်းကအာဆင်နယ်သို့ပြောင်းမယ်လို့အကျယ်တဝင့်သတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ယခုရာသီ ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုအတြက္ ေသခ်ာေနတဲ့ ဂိုးကို သြင္းယူခဲ့တဲ့ တီလီမန္း
ယူရီတီလီမန္းဟာမေန႔ညတုန္းကအဲဗာတန္ကိုလက္စတာကအႏိုင္ရရွိတဲ့ပြဲတြင္ယခုရာသီပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုအတြက္ေသခ်ာသေလာက္ရွိေနတဲ့အလြန္လွပတဲ့ဂိုးတစ္ဂိုးကိုသြင္းယူခဲ့ပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းကမန္စီးတီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တဲ့လက္စတာဟာတနဂၤေႏြေန႔ညမွာေတာ့ဂူဒီဆင္ပါ့ခ္သို႔သြားေရာက္ကာအဲဗာတန္ကိုရင္ဆိုင္ခဲ့ရပါတယ္။
လက္စတာဟာဧည့္သည္အသင္းျဖစ္ေပမဲ့လည္းအေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့ၿပီးပထမပိုင္းမွာတင္ ကန္ခ်က္၁၅ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလိုခံစစ္ပိုင္းလည္းက်စ္က်စ္လစ္လစ္ျဖင့္ေကာင္းမြန္ခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာေတာ့တီလီမန္းဟာယခုရာသီသူ႔ရဲ႕တတိယေျမာက္ပရီးမီးယားလိဂ္ကိုသြင္းယူႏိုင္ခဲ့ပါတယ္။
သူဟာဘန္းစ္ခ်ေပးလာတဲ့ေဘာလုံးကို ဒူးျဖင့္တခ်က္ေတာ့ၿပီးေနာက္ဧရိယာအျပင္ကေနအေဝးေထာင့္သို႔လွပစြာကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။
ေဘာလုံးပရိသတ္ေတြကေတာ့အသက္၂၅ႏွစ္ရွိဘယ္လ္ဂ်ီယံစတားဟာယခုရာသီပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုအတြက္ေသခ်ာေနၿပီျဖစ္ေၾကာင္းေျပာဆိုလ်က္ရွိၾကပါတယ္။
မေန႔ညတုန္းကပြဲတြင္လက္စတာအတြက္ဒုတိယအႏိုင္ဂိုးကိုပြဲၿပီးခါနီး၄မိနစ္အလိုမွာဟာေဗးဘန္းစ္ကသြင္းယူခဲ့ပါတယ္။
တီလီမန္းဟာယခုရာသီအကုန္တြင္လက္စတာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးေႏြရာသီတုန္းကအာဆင္နယ္သို႔ေျပာင္းမယ္လို႔အက်ယ္တဝင့္သတင္းထြက္ခဲ့သူလည္းျဖစ္ပါတယ္။