ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးပေါက်တည့်ကန်ချက်ထက် ပြစ်ဒဏ်ဘောပိုမိုကျူးလွန်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာယခု ပရီးမီးယားလိဂ်ရာသီတွင်ဂိုးပေါက်တည့်ကန်ချက်ထက် ပြစ်ဒဏ်ဘောပိုမိုကျူးလွန်ထားကြောင်းအံ့ဩသင့်ဖွယ်တွေ့ရှိရပါတယ်။

အသက်၃၇နှစ်ရှိယူနိုက်တက်စတားဟာပြီးခဲ့တဲ့အပတ်တုန်းကလည်းဗီလာနှင့်ပွဲစဉ်တွင်ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့လည်းဂိုးပေါက်တွေ့ရန်ရုန်းကန်ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်တွင်၁၆ပွဲကစားထားရာမှာ၃ဂိုးတည်းသာသွင်းထားနိုင်ပြီးပရီးမီးယားလိဂ်တွင်တစ်ဂိုးတည်းသွင်းထားနိုင်ပါတယ်။

သူဟာအောက်တိုဘာလတုန်းကအဲဗာတန်နှင့်ပွဲတွင်ယခုရာသီတစ်ဂိုးတည်းသောပရီးမီးယားလိဂ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ယင်းကဲ့သို့ယခုရာသီတွင်ဂိုးသွင်းအားနည်းနေမှုနှင့်အတူဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီး ပရိသတ်များစိုးရိမ်ပူပန်လာကြပြီဖြစ်ပါတယ်။

ပိုပြီးတော့အံ့ဩသင့်စရာကောင်းတာကတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာဂိုးပေါက်တည့်တဲ့ကန်ချက်၆ကြိမ်တည်းသာပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်ပွဲ၁၃ပွဲကစားထားရာမှာ၄ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။သူဟာဂိုးပေါက်တည့်ကန်ချက်၆ကြိမ်တည်းသာပြုလုပ်ထားနိုင်ပေမဲ့လည်းပြစ်ဒဏ်ဘောကျူးလွန်မှု၇ကြိမ်အထိပြုလုပ်ထားပါတယ်။

ZawGyi

ယခုရာသီ ပရီးမီးယားလိဂ္တြင္ ဂိုးေပါက္တည့္ကန္ခ်က္ထက္ ျပစ္ဒဏ္ေဘာပိုမိုက်ဴးလြန္ထားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

မန္ခ်က္စတာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခု ပရီးမီးယားလိဂ္ရာသီတြင္ဂိုးေပါက္တည့္ကန္ခ်က္ထက္ ျပစ္ဒဏ္ေဘာပိုမိုက်ဴးလြန္ထားေၾကာင္းအံ့ဩသင့္ဖြယ္ေတြ႕ရွိရပါတယ္။

အသက္၃၇ႏွစ္ရွိယူႏိုက္တက္စတားဟာၿပီးခဲ့တဲ့အပတ္တုန္းကလည္းဗီလာႏွင့္ပြဲစဥ္တြင္ပြဲထြက္ကစားခြင့္ရခဲ့ေပမဲ့လည္းဂိုးေပါက္ေတြ႕ရန္႐ုန္းကန္ခဲ့ရပါတယ္။

ေရာ္နယ္ဒိုဟာယခုရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၆ပြဲကစားထားရာမွာ၃ဂိုးတည္းသာသြင္းထားႏိုင္ၿပီးပရီးမီးယားလိဂ္တြင္တစ္ဂိုးတည္းသြင္းထားႏိုင္ပါတယ္။

သူဟာေအာက္တိုဘာလတုန္းကအဲဗာတန္ႏွင့္ပြဲတြင္ယခုရာသီတစ္ဂိုးတည္းေသာပရီးမီးယားလိဂ္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ယင္းကဲ့သို႔ယခုရာသီတြင္ဂိုးသြင္းအားနည္းေနမႈႏွင့္အတူေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး ပရိသတ္မ်ားစိုးရိမ္ပူပန္လာၾကၿပီျဖစ္ပါတယ္။

ပိုၿပီးေတာ့အံ့ဩသင့္စရာေကာင္းတာကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာဂိုးေပါက္တည့္တဲ့ကန္ခ်က္၆ႀကိမ္တည္းသာျပဳလုပ္ထားႏိုင္တာလည္းျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္ပြဲ၁၃ပြဲကစားထားရာမွာ၄ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။သူဟာဂိုးေပါက္တည့္ကန္ခ်က္၆ႀကိမ္တည္းသာျပဳလုပ္ထားႏိုင္ေပမဲ့လည္းျပစ္ဒဏ္ေဘာက်ဴးလြန္မႈ၇ႀကိမ္အထိျပဳလုပ္ထားပါတယ္။