ယခုလစီးရီးအေပွဲသုံးပွဲအား မာရာဒိုနာကို ဂုဏ်ပြုဖန်တီးထားတဲ့ အထူးစပါယ်ရှယ်အင်္ကျီဝတ်ဆင်ကစားသွားမယ့် နာပိုလီ

နာပိုလီအသင်းဟာယခုနိုဝင်ဘာလအတွင်းတွင်ကစားမယ့်စီးရီးအေပွဲသုံးပွဲကို ဂန္ထဝင်ကစားသမားဒီယေဂိုမာရာဒိုနာအားဂုဏ်ပြုဖန်တီးထားတဲ့ အထူးစပါယ်ရှယ်အင်္ကျီအားဝတ်ဆင်ကစားသွားပါမယ်။

အာဂျင်တီးနားနှင့်နာပိုလီဂန္ထဝင်ကစားသမားဒီယေဂိုမာရာဒိုနာဟာလာမယ့်နိုဝင်ဘလ၂၆ရက်နေ့မှာသူ့ကွယ်လွန်ခဲ့တာတစ်နှစ်ပြည့်ပါမယ်။

ဒါကြောင့်လည်းနာပိုလီအသင်းဟာမာရာဒိုနာရဲ့မျက်နှာပြင်ထည့်သွင်းထားတဲ့အထူးထုတ်လုပ်ထားတဲ့စပါယ်ရှယ်အင်္ကျီကိုယခုနိုဝင်ဘာလအတွင်ကစားရမယ့်စီးရီးအေပွဲစဉ်များမှာဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

နာပိုလီဟာယင်းအထူးစပါယ်ရှယ်အင်္ကျီကိုယနေ့ညတွင်ကစားမယ့်ဗီရိုနာနှင့်ပွဲတွင်စတင်ဝတ်ဆင်ကစားသွားမှာဖြစ်ပြီးအင်တာမီလန်(နိုဝင်ဘာလ၂၁ရက်)နှင့်လာဇီယို(နိုဝင်ဘာလ၂၈ရက်)ပွဲတို့တွင်ဝတ်ဆင်ကစားသွားပါမယ်။

မာရာဒိုနာဟာနာပိုလီတွင်ကစားခဲ့တဲ့၇ရာသီကာလအတွင်းတွင်စီးရီးအေဖလား၂လုံး၊ကိုပါအီတာလီယာဖလားနှင့်ယူအီးအက်ဖ်အေဖလားတို့ဆွတ်ခူးပေးခဲ့သူဖြစ်ပါတယ်။

ZawGyi

ယခုလစီးရီးေအပြဲသုံးပြဲအား မာရာဒိုနာကို ဂုဏ္ျပဳဖန္တီးထားတဲ့ အထူးစပါယ္ရွယ္အက်ႌဝတ္ဆင္ကစားသြားမယ့္ နာပိုလီ

နာပိုလီအသင္းဟာယခုႏိုဝင္ဘာလအတြင္းတြင္ကစားမယ့္စီးရီးေအပြဲသုံးပြဲကို ဂႏၴဝင္ကစားသမားဒီေယဂိုမာရာဒိုနာအားဂုဏ္ျပဳဖန္တီးထားတဲ့ အထူးစပါယ္ရွယ္အက်ႌအားဝတ္ဆင္ကစားသြားပါမယ္။

အာဂ်င္တီးနားႏွင့္နာပိုလီဂႏၴဝင္ကစားသမားဒီေယဂိုမာရာဒိုနာဟာလာမယ့္ႏိုဝင္ဘလ၂၆ရက္ေန႔မွာသူ႔ကြယ္လြန္ခဲ့တာတစ္ႏွစ္ျပည့္ပါမယ္။

ဒါေၾကာင့္လည္းနာပိုလီအသင္းဟာမာရာဒိုနာရဲ႕မ်က္ႏွာျပင္ထည့္သြင္းထားတဲ့အထူးထုတ္လုပ္ထားတဲ့စပါယ္ရွယ္အက်ႌကိုယခုႏိုဝင္ဘာလအတြင္ကစားရမယ့္စီးရီးေအပြဲစဥ္မ်ားမွာဝတ္ဆင္ကစားသြားမွာလည္းျဖစ္ပါတယ္။

နာပိုလီဟာယင္းအထူးစပါယ္ရွယ္အက်ႌကိုယေန႔ညတြင္ကစားမယ့္ဗီ႐ိုနာႏွင့္ပြဲတြင္စတင္ဝတ္ဆင္ကစားသြားမွာျဖစ္ၿပီးအင္တာမီလန္(ႏိုဝင္ဘာလ၂၁ရက္)ႏွင့္လာဇီယို(ႏိုဝင္ဘာလ၂၈ရက္)ပြဲတို႔တြင္ဝတ္ဆင္ကစားသြားပါမယ္။

မာရာဒိုနာဟာနာပိုလီတြင္ကစားခဲ့တဲ့၇ရာသီကာလအတြင္းတြင္စီးရီးေအဖလား၂လုံး၊ကိုပါအီတာလီယာဖလားႏွင့္ယူအီးအက္ဖ္ေအဖလားတို႔ဆြတ္ခူးေပးခဲ့သူျဖစ္ပါတယ္။