ယခုလတွင် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းနှင့် ဘာစီလိုနာဂန္ထဝင်အသင်း ထိပ်တိုက်ရင်ဆိုင်မည်

ရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာဂန္ထဝင်ကစားသမားများဟာယခုလနှောင်းပိုင်းတွင်အယ်လ်ကလာစီကိုပွဲစဉ်အဖြစ်ရင်ဆိုင်ကစားကြမည်ဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာအသင်းကယခုလနှောင်းပိုင်းတွင်အစ္စရေးနိုင်ငံ၊တဲလ်အဗစ်တွင်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားများအသင်းနှင့်ချစ်ကြည်ရေးပွဲကစားသွားမည်ဖြစ်ကြောင်းကြေညာသွားပါတယ်။

ဇူလိုင်လ၂၀ရက်နေ့တွင် ပရိသတ်၂၉၄၀၀ ဆန့်Bloomfield Stadium ကွင်းပွဲစဉ်တွင်ဘာစီလိုနာဂန္ထဝင်အသင်းတွင်ဒေကို၊ရော်နယ်ဒင်ဟို၊ရီဗယ်ဒို၊မင်ဒီယေတာ၊ဂျာဗီးယားဆာဗီယိုလာတို့ပါဝင်ကစားပါမယ်။ဘာစီလိုနာဂန္ထဝင်အသင်းကိုနူးကမ့်တွင်ဆယ်စုနှစ်တစ်ခုကျော်ကြာကစားစဉ်အတွင်းဆုဖလား၁၅ကြိမ်ဆွတ်ခူးခဲ့တဲ့အယ်ဘတ်ဖာရာကနည်းပြအဖြစ်တာဝန်ယူသွားပါမယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့သူတို့ရဲ့ဂန္ထဝင်အသင်းလူစာရင်းအပြည့်အစုံကိုကြေညာခြင်းမရှိသေးပါဘူး။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းမှာဘယ်နောက်ခံလူရောဘတ်တိုကားလို့စ်၊ဘာစီလိုနာတွင်လည်းကစားခဲ့ဖူးတဲ့ဖီဂိုတို့ပါဝင်ပါမယ်။

ပေါ်တူဂီဂန္ထဝင်ဖီဂိုဟာဘာစီလိုနာတွင်ငါးရာသီကြာကစားပြီးနောက်၂၀၀၀ခုနှစ်တွင်ရီးရဲလ်မက်ဒရစ်သို့ယူရို၆၂သန်းဖြင့်အငြင်းပွားဖွယ်ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်ကစာသမားအဖြစ်နူးကမ့်သို့ပထမဆုံးလာရောက်ကစားတဲ့ပွဲမှာဝက်ခေါင်းဖြင့်အပစ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဂန္ထဝင်နှင့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တို့ကစားမယ့်ပွဲကို El Clasico Of Peace လို့အမည်ပေးထားပြီးလက်မှတ်တစ်စောင်လျှင်‌၄၄ပေါင်ဖြင့်ရောင်းချနေပါတယ်။

ဘာစီလိုနာအသင်းဟာလည်းယခုနွေရာသီမှာအစ္စရေးသို့သွားရောက်ကာဩဂုတ်လ၄ရက်နေ့တွင်ဘိုင်တာဂျေရုစလင်နှင့်ခြေစမ်းပွဲကစားပါမယ်။

ZawGyi

ယခုလတြင္ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းႏွင့္ ဘာစီလိုနာဂႏၴဝင္အသင္း ထိပ္တိုက္ရင္ဆိုင္မည္

ရီးရဲလ္မက္ဒရစ္ႏွင့္ဘာစီလိုနာဂႏၴဝင္ကစားသမားမ်ားဟာယခုလေႏွာင္းပိုင္းတြင္အယ္လ္ကလာစီကိုပြဲစဥ္အျဖစ္ရင္ဆိုင္ကစားၾကမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာအသင္းကယခုလေႏွာင္းပိုင္းတြင္အစၥေရးႏိုင္ငံ၊တဲလ္အဗစ္တြင္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားမ်ားအသင္းႏွင့္ခ်စ္ၾကည္ေရးပြဲကစားသြားမည္ျဖစ္ေၾကာင္းေၾကညာသြားပါတယ္။

ဇူလိုင္လ၂၀ရက္ေန႔တြင္ ပရိသတ္၂၉၄၀၀ ဆန႔္Bloomfield Stadium ကြင္းပြဲစဥ္တြင္ဘာစီလိုနာဂႏၴဝင္အသင္းတြင္ေဒကို၊ေရာ္နယ္ဒင္ဟို၊ရီဗယ္ဒို၊မင္ဒီေယတာ၊ဂ်ာဗီးယားဆာဗီယိုလာတို႔ပါဝင္ကစားပါမယ္။ဘာစီလိုနာဂႏၴဝင္အသင္းကိုႏူးကမ့္တြင္ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာကစားစဥ္အတြင္းဆုဖလား၁၅ႀကိမ္ဆြတ္ခူးခဲ့တဲ့အယ္ဘတ္ဖာရာကနည္းျပအျဖစ္တာဝန္ယူသြားပါမယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေတာ့သူတို႔ရဲ႕ဂႏၴဝင္အသင္းလူစာရင္းအျပည့္အစုံကိုေၾကညာျခင္းမရွိေသးပါဘူး။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းမွာဘယ္ေနာက္ခံလူေရာဘတ္တိုကားလို႔စ္၊ဘာစီလိုနာတြင္လည္းကစားခဲ့ဖူးတဲ့ဖီဂိုတို႔ပါဝင္ပါမယ္။

ေပၚတူဂီဂႏၴဝင္ဖီဂိုဟာဘာစီလိုနာတြင္ငါးရာသီၾကာကစားၿပီးေနာက္၂၀၀၀ခုႏွစ္တြင္ရီးရဲလ္မက္ဒရစ္သို႔ယူ႐ို၆၂သန္းျဖင့္အျငင္းပြားဖြယ္ေျပာင္းခဲ့သူျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ကစာသမားအျဖစ္ႏူးကမ့္သို႔ပထမဆုံးလာေရာက္ကစားတဲ့ပြဲမွာဝက္ေခါင္းျဖင့္အပစ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဂႏၴဝင္ႏွင့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္တို႔ကစားမယ့္ပြဲကို El Clasico Of Peace လို႔အမည္ေပးထားၿပီးလက္မွတ္တစ္ေစာင္လွ်င္‌၄၄ေပါင္ျဖင့္ေရာင္းခ်ေနပါတယ္။

ဘာစီလိုနာအသင္းဟာလည္းယခုေႏြရာသီမွာအစၥေရးသို႔သြားေရာက္ကာဩဂုတ္လ၄ရက္ေန႔တြင္ဘိုင္တာေဂ်႐ုစလင္ႏွင့္ေျခစမ္းပြဲကစားပါမယ္။