ယခုလနှောင်းပိုင်းတွင်ကစားမယ့် တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲများကို ဖျက်သိမ်း

ယခုလတွင်ကစားရမယ့် တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုကိုဗစ်ခရီးသွားလာခွင့်ကန့်သတ်ချက် များကြောင့်ဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှုများပြုလုပ်နေပြီဖြစ်သော်လည်းနိုင်ငံအများစုတွင်ခရီးသွားလာခွင့်ပိတ်ပင်ထားဆဲ ဖြစ်ရာကစားသမားများမှာခြေစစ်ပွဲကစားရေးအတွက်ခရီးသွားလာရန်အခက်အခဲရှိနေပါတယ်။

ယခုအခါတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကကိုဗစ်ကြောင့်ခရီးသွားလာခွင့်ကန့်သတ်ချက်များရှိနေမှုများနှင့်အတူ ယခုလနှောင်းပိုင်းတွင်ကစားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာ လာပါတယ်။

ဗြိတိန်အစိုးရဟာကိုဗစ်ခရီးသွားခွင့်ကန့်သတ်ထားတဲ့နိုင်ငံပေါင်း၃၃နိုင်ငံအထိစာရင်းထုတ်ပြန်ထားပြီးယင်းနိုင်ငံများမှပြန်လာတဲ့ကစားသမားများမှာဗြိတိန်သို့ရောက်ချိန်မှာဟိုတယ်ကွာရန်တင်း၁၀ရက်ဝင်ရပါမယ်။ယင်းစည်းမျဉ်းကိုချိုးဖောက်တဲ့အားကစားသမားများမှာပေါင်၁၀၀၀၀အထိဒဏ်ရိုက်ခံရပါမယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ကလပ်များဟာပေါ်တူဂီ၊အာဖရိကနှင့်တောင်အမေရိကနိုင်ငံများမှကစားသမားများအားကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကစားရန်စေလွှတ်မည်မဟုတ်ကြောင်းကြေညာထားကြပါတယ်။

ယခုအခါတောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲများကိုဖျက်ထုတ်လိုက်ပြီဖြစ်ရာပရီးမီးယားလိဂ်မှတောင်အမေရိက ကစားသမားများဟာယခုလနှောင်းပိုင်းကမ္ဘာ့ဖလားခြေစစ်ပွဲများကိုကစားရမည်မဟုတ်ရာအနားရရှိမှာဖြစ်ပါတယ်။

ဖီဖာဟာဖျက်သိမ်းလိုက်တဲ့တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲများကိုခြေစမ်းပွဲအတွက်စီစဉ်ထားတဲ့နိုင်ငံတကာပွဲရက်များတွင်အစားထိုးကစားစေဖွယ်ရှိပါတယ်။

ZawGyi

ယခုလေႏွာင္းပိုင္းတြင္ကစားမယ့္ ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲမ်ားကို ဖ်က္သိမ္း

ယခုလတြင္ကစားရမယ့္ ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုကိုဗစ္ခရီးသြားလာခြင့္ကန႔္သတ္ခ်က္ မ်ားေၾကာင့္ဖ်က္သိမ္းလိုက္ေၾကာင္းသိရပါတယ္။

ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ေသာ္လည္းႏိုင္ငံအမ်ားစုတြင္ခရီးသြားလာခြင့္ပိတ္ပင္ထားဆဲ ျဖစ္ရာကစားသမားမ်ားမွာေျခစစ္ပြဲကစားေရးအတြက္ခရီးသြားလာရန္အခက္အခဲရွိေနပါတယ္။

ယခုအခါေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကကိုဗစ္ေၾကာင့္ခရီးသြားလာခြင့္ကန႔္သတ္ခ်က္မ်ားရွိေနမႈမ်ားႏွင့္အတူ ယခုလေႏွာင္းပိုင္းတြင္ကစားမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္းေၾကညာ လာပါတယ္။

ၿဗိတိန္အစိုးရဟာကိုဗစ္ခရီးသြားခြင့္ကန႔္သတ္ထားတဲ့ႏိုင္ငံေပါင္း၃၃ႏိုင္ငံအထိစာရင္းထုတ္ျပန္ထားၿပီးယင္းႏိုင္ငံမ်ားမွျပန္လာတဲ့ကစားသမားမ်ားမွာၿဗိတိန္သို႔ေရာက္ခ်ိန္မွာဟိုတယ္ကြာရန္တင္း၁၀ရက္ဝင္ရပါမယ္။ယင္းစည္းမ်ဥ္းကိုခ်ိဳးေဖာက္တဲ့အားကစားသမားမ်ားမွာေပါင္၁၀၀၀၀အထိဒဏ္႐ိုက္ခံရပါမယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ကလပ္မ်ားဟာေပၚတူဂီ၊အာဖရိကႏွင့္ေတာင္အေမရိကႏိုင္ငံမ်ားမွကစားသမားမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကစားရန္ေစလႊတ္မည္မဟုတ္ေၾကာင္းေၾကညာထားၾကပါတယ္။

ယခုအခါေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုဖ်က္ထုတ္လိုက္ၿပီျဖစ္ရာပရီးမီးယားလိဂ္မွေတာင္အေမရိက ကစားသမားမ်ားဟာယခုလေႏွာင္းပိုင္းကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုကစားရမည္မဟုတ္ရာအနားရရွိမွာျဖစ္ပါတယ္။

ဖီဖာဟာဖ်က္သိမ္းလိုက္တဲ့ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုေျခစမ္းပြဲအတြက္စီစဥ္ထားတဲ့ႏိုင္ငံတကာပြဲရက္မ်ားတြင္အစားထိုးကစားေစဖြယ္ရွိပါတယ္။