ယခုလ အယ်ကလစီကိုပွဲတွင် စပိန်အဆိုတော်ရဲ့ လိုဂိုကို ဝတ်ဆင်လာမဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာယခုလရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရမဲ့ အယ်ကလက်စီကိုပွဲစဉ်တွင်စပိန်အဆိုတော်ရိုဆာလီယာရဲ့လိုဂိုကိုအင်္ကျီရင်ဘတ်တွင်ထည့်သွင်းဝတ်ဆင်လာမှာဖြစ်ကြောင်းသိရပါတယ်။

ကတ်တလန်အခြေစိုက်ကလပ်ဟာ Spotify နှင့်ချုပ်ဆိုထားတဲ့စပွန်ဆာစာချုပ်ပါအချက်အရယခုရာသီအစောပိုင်းတုန်းကရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရတဲ့အယ်ကလက်စီကိုပွဲတွင် Drake ရဲ့ဇီးကွက်လိုဂိုပါအင်္ကျီကိုဝတ်ဆင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

Spotify ဟာယင်းပွဲတွင်သူတို့ရဲ့လိုဂိုအားဖယ်ရှားကာရိုဆာလီယာရဲ့လိုဂိုကိုထည့်သွင်းပေးသွားမှာဖြစ်ကြောင်း ကတ်တလန်ရေဒီယိုဌာန Rac 1 ကဖော်ပြသွားပါတယ်။ဘာစီလိုနာအင်္ကျီတွင်ရိုဆာလီယာရဲ့တတိယအယ်ဘတ်Motomami ဒီဇိုင်းထည့်သွင်းလာမယ်လို့ယုံကြည်ရပါတယ်။

သူမရဲ့အခွေတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထည့်သွင်းလာမှာလည်းဖြစ်ပါတယ်။

သူမရဲ့ Motomamiအခွေဟာဂရမ်မီဆုနှစ်ဆုနှင့်လက်တင်ဂရမ်မီဆု၈ဆုအထိဆွတ်ခူးတဲ့အပြင်ဆုများစွာဆွတ်ခူးထားပါတယ်။

ဘာစီလိုနာဟာအောက်တိုဘာလတုန်းကရီးရဲလ်မက်ဒရစ်နှင့်အယ်ကလက်စီကိုပွဲတွင် Drake ရဲ့လိုဂိုထည့်သွင်းကစားတဲ့ပွဲစဉ်တွင်၃-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ယခုလ အယ္ကလစီကိုပြဲတြင္ စပိန္အဆိုေတာ္ရဲ႕ လိုဂိုကို ဝတ္ဆင္လာမဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာယခုလရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ အယ္ကလက္စီကိုပြဲစဥ္တြင္စပိန္အဆိုေတာ္႐ိုဆာလီယာရဲ႕လိုဂိုကိုအက်ႌရင္ဘတ္တြင္ထည့္သြင္းဝတ္ဆင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

ကတ္တလန္အေျခစိုက္ကလပ္ဟာ Spotify ႏွင့္ခ်ဳပ္ဆိုထားတဲ့စပြန္ဆာစာခ်ဳပ္ပါအခ်က္အရယခုရာသီအေစာပိုင္းတုန္းကရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရတဲ့အယ္ကလက္စီကိုပြဲတြင္ Drake ရဲ႕ဇီးကြက္လိုဂိုပါအက်ႌကိုဝတ္ဆင္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

Spotify ဟာယင္းပြဲတြင္သူတို႔ရဲ႕လိုဂိုအားဖယ္ရွားကာ႐ိုဆာလီယာရဲ႕လိုဂိုကိုထည့္သြင္းေပးသြားမွာျဖစ္ေၾကာင္း ကတ္တလန္ေရဒီယိုဌာန Rac 1 ကေဖာ္ျပသြားပါတယ္။ဘာစီလိုနာအက်ႌတြင္႐ိုဆာလီယာရဲ႕တတိယအယ္ဘတ္Motomami ဒီဇိုင္းထည့္သြင္းလာမယ္လို႔ယုံၾကည္ရပါတယ္။

သူမရဲ႕အေခြတစ္ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ထည့္သြင္းလာမွာလည္းျဖစ္ပါတယ္။

သူမရဲ႕ Motomamiအေခြဟာဂရမ္မီဆုႏွစ္ဆုႏွင့္လက္တင္ဂရမ္မီဆု၈ဆုအထိဆြတ္ခူးတဲ့အျပင္ဆုမ်ားစြာဆြတ္ခူးထားပါတယ္။

ဘာစီလိုနာဟာေအာက္တိုဘာလတုန္းကရီးရဲလ္မက္ဒရစ္ႏွင့္အယ္ကလက္စီကိုပြဲတြင္ Drake ရဲ႕လိုဂိုထည့္သြင္းကစားတဲ့ပြဲစဥ္တြင္၃-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။