ယခုအပတ်တွင် ချန်ပီယံလိဂ်မှ ထုတ်ပယ်ခြင်းခံရမယ့် ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ဟာယခုအပတ်အတွင်းတွင်ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခြင်းခံရတော့မှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါဥရောပထိပ်သီးကလပ်သုံးခုတို့ဟာဥရောပစူပါလိဂ်ဖြစ်ပေါ်လာရန်ထိပ်ဆုံးမှစီစဉ်မှုအတွက်ယူအီးအက်ဖ်အေရဲ့အရေးယူခြင်းခံရတော့မှာလည်းဖြစ်ပါတယ်။

၎င်းတို့က၎င်းတို့တွင်လည်းအီးယူရဲ့စည်းမျဉ်းဥပဒေအရပြိုင်ပွဲသစ်ကျင်းပခွင့်ရှိနေပြီးယူအီးအက်ဖ်အေနှင့်ဖီဖာတို့ကဝင်ရောက်တားဆီးနိုင်ခြင်းမရှိဟုဆိုထားကြပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်နှင့်အခြားဥရောပထိပ်သီးကလပ်၉ခုတို့ဟာဧပြီလတုန်းကဥရောပစူပါလိဂ်ပြိုင်ပွဲကစားရန်စီစဉ်နေကြောင်းထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

ဒါပေမယ့်ဖီဖာ၊ယူအီးအက်ဖ်အေနှင့်ပရိသတ်များရဲ့ဖိအားပေးခြင်းခံရမှုနဲ့အတူအခြားကလပ်၉ခုဖြစ်တဲ့အေစီမီလန်၊အင်တာမီလန်၊အက်သလက်တီကို၊အာဆင်နယ်၊လီဗာပူး၊မန်ယူ၊စပါးစ်၊မန်စီးတီး၊ချဲလ်ဆီးတို့ကပြိုင်ပွဲမှနုတ်ထွက်ခဲ့ကြပြီးယူအီးအက်ဖ်အေကိုတောင်းပန်ခဲ့ကြကာ Grassroots Football အတွက်ပေါင်၁၂.၉သန်းသုံးစွဲကာအရေးယူမှုခံယူမယ်လို့ကတိပြုခဲ့ကြပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ကတော့ဥရောပစူပါလိဂ်အားကျင်းပရေးစီစဉ်တဲ့ကလပ်များပီပီဥရောပစူပါလိဂ်အစီအစဉ်ကိုဖျက်သိမ်းရန်ငြင်းဆိုနေကြပါတယ်။

La Repubblica သတင်းစာယူအီးအက်ဖ်အေဟာယခုအပတ်မှာယင်းထိပ်သီးကလပ်သုံးသင်းကိုချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်သွားမယ်လို့ဖော်ပြလာပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာကတော့အကယ်၍ယူအီးအက်ဖ်အေကအယူမှုပြုလုပ်လာပါကအားကစားသမာဓိခုံရုံးတွင်ဖြေရှင်းသွားမည်ဖြစ်ကြောင်းစစ်ကြေညာထားပါတယ်။

ဂျိုဟန်လာပေါ်တာက “တောင်းပန်မှုမလုပ်လို့အရေးယူခြင်းခံရမယ်ဆိုရင်အားကစားသမာဓိခုံရုံးသို့သွားမယ်လို့စီဖီရင်(ယူအီးအက်ဖ်အေဥက္ကဌ)ကိုပြောကြားထားပြီးပါပြီ။ကျွန်တော်တို့ကိုတရားမမျှမတဆုံးဖြတ်လာတာဖြစ်လို့ဒီလိုစီစဉ်ထားရတာပါ။ဘာစီလိုနာအတွက်ကျွန်တော်တို့တိုက်ပွဲဝင်ပါမယ်။ခေတ်သစ်ဘောလုံးလောကနဲ့ထိုက်တန်တဲ့အရာအတွက်တိုက်ပွဲဝင်ပါမယ်။ကလပ်တိုင်းကငွေတွေဆုံးရှုံးနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယခုအပတ္တြင္ ခ်န္ပီယံလိဂ္မွ ထုတ္ပယ္ျခင္းခံရမယ့္ ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ဟာယခုအပတ္အတြင္းတြင္ခ်န္ပီယံလိဂ္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ျခင္းခံရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါဥေရာပထိပ္သီးကလပ္သုံးခုတို႔ဟာဥေရာပစူပါလိဂ္ျဖစ္ေပၚလာရန္ထိပ္ဆုံးမွစီစဥ္မႈအတြက္ယူအီးအက္ဖ္ေအရဲ႕အေရးယူျခင္းခံရေတာ့မွာလည္းျဖစ္ပါတယ္။

၎တို႔က၎တို႔တြင္လည္းအီးယူရဲ႕စည္းမ်ဥ္းဥပေဒအရၿပိဳင္ပြဲသစ္က်င္းပခြင့္ရွိေနၿပီးယူအီးအက္ဖ္ေအႏွင့္ဖီဖာတို႔ကဝင္ေရာက္တားဆီးႏိုင္ျခင္းမရွိဟုဆိုထားၾကပါတယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္ႏွင့္အျခားဥေရာပထိပ္သီးကလပ္၉ခုတို႔ဟာဧၿပီလတုန္းကဥေရာပစူပါလိဂ္ၿပိဳင္ပြဲကစားရန္စီစဥ္ေနေၾကာင္းထုတ္ျပန္ေၾကညာခဲ့ၾကပါတယ္။

ဒါေပမယ့္ဖီဖာ၊ယူအီးအက္ဖ္ေအႏွင့္ပရိသတ္မ်ားရဲ႕ဖိအားေပးျခင္းခံရမႈနဲ႔အတူအျခားကလပ္၉ခုျဖစ္တဲ့ေအစီမီလန္၊အင္တာမီလန္၊အက္သလက္တီကို၊အာဆင္နယ္၊လီဗာပူး၊မန္ယူ၊စပါးစ္၊မန္စီးတီး၊ခ်ဲလ္ဆီးတို႔ကၿပိဳင္ပြဲမွႏုတ္ထြက္ခဲ့ၾကၿပီးယူအီးအက္ဖ္ေအကိုေတာင္းပန္ခဲ့ၾကကာ Grassroots Football အတြက္ေပါင္၁၂.၉သန္းသုံးစြဲကာအေရးယူမႈခံယူမယ္လို႔ကတိျပဳခဲ့ၾကပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ကေတာ့ဥေရာပစူပါလိဂ္အားက်င္းပေရးစီစဥ္တဲ့ကလပ္မ်ားပီပီဥေရာပစူပါလိဂ္အစီအစဥ္ကိုဖ်က္သိမ္းရန္ျငင္းဆိုေနၾကပါတယ္။

La Repubblica သတင္းစာယူအီးအက္ဖ္ေအဟာယခုအပတ္မွာယင္းထိပ္သီးကလပ္သုံးသင္းကိုခ်န္ပီယံလိဂ္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္သြားမယ္လို႔ေဖာ္ျပလာပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာကေတာ့အကယ္၍ယူအီးအက္ဖ္ေအကအယူမႈျပဳလုပ္လာပါကအားကစားသမာဓိခုံ႐ုံးတြင္ေျဖရွင္းသြားမည္ျဖစ္ေၾကာင္းစစ္ေၾကညာထားပါတယ္။

ဂ်ိဳဟန္လာေပၚတာက “ေတာင္းပန္မႈမလုပ္လို႔အေရးယူျခင္းခံရမယ္ဆိုရင္အားကစားသမာဓိခုံ႐ုံးသို႔သြားမယ္လို႔စီဖီရင္(ယူအီးအက္ဖ္ေအဥကၠဌ)ကိုေျပာၾကားထားၿပီးပါၿပီ။ကြၽန္ေတာ္တို႔ကိုတရားမမွ်မတဆုံးျဖတ္လာတာျဖစ္လို႔ဒီလိုစီစဥ္ထားရတာပါ။ဘာစီလိုနာအတြက္ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ပါမယ္။ေခတ္သစ္ေဘာလုံးေလာကနဲ႔ထိုက္တန္တဲ့အရာအတြက္တိုက္ပြဲဝင္ပါမယ္။ကလပ္တိုင္းကေငြေတြဆုံးရႈံးေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။