ယခုအပတ်တွင် စတိဗ်ဘရုစ်ကို နစ်နာကြေး ပေါင် ၈ သန်းပေးကာ ထုတ်ပယ်သွားမယ့် နယူးကာဆယ်

နယူးကာဆယ်ရဲ့ပိုင်ရှင်သစ်များဟာယခုအပတ်တွင်နည်းပြစတိဗ်ဘရုစ်အားနစ်နာကြေးပေါင်၈သန်းပေးကာရာထူးမှဖယ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

The Daily Mail သတင်းစာရဲ့ဖော်ပြချက်အရပိုင်ရှင်သစ်များဟာနယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်ဝယ်ယူနိုင်ခဲ့ပြီးနောက်ယခုအပတ်အကုန်တွင်ကစားရမယ့်စပါးစ်နှင့်ပွဲစဉ်မတိုင်မီ စတိဗ်ဘရုစ်ကိုရာထူးမှထုတ်ပယ်လိုနေတာဖြစ်ပါတယ်။

စတိဗ်ဘရုစ်ဟာစပါးစ်နှင့်ပွဲမတိုင်မီ အထုတ်ခံရမယ်ဆိုပါကသူ့နည်းပြဘဝအတွက် အံ့ဩစရာကောင်းတဲ့မှတ်တိုင်တစ်ခုစိုက်ထူနိုင်အောင် စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။စတိဗ်ဘရုစ်ဟာလာမယ့်စပါးစ်နှင့်ပွဲစဉ်မှာနည်းပြဘဝ ပွဲ၁၀၀၀ပြည့်မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်ကိုနစ်နာကြေးပေါင်၈သန်းပေးကာထုတ်ပယ်ပြီးအမြဲတမ်းနည်းပြမတွေ့မီအချိန်အထိလက်ထောက်နည်းပြအဖြစ်ထမ်းဆောင်နေတဲ့ဂန္ထဝင်ကစားသမားဂရေမီဂျုံးစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ပါမယ်။

နယူးကာဆယ်ဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးရန်အတွက် ဇီဒန်း၊အန်တိုနီယိုကွန်တီ၊ဂရေဟမ်ပေါ်တာ၊ဒေါ့မွန်နည်းပြဟောင်းလူစီယန်ဖာဗရီ၊ရိန်းဂျားနည်းပြစတီဗင်ဂျရတ်၊လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကိုပစ်မှတ်ထားနေပါတယ်။

ZawGyi

ယခုအပတ္တြင္ စတိဗ္ဘ႐ုစ္ကို နစ္နာေၾကး ေပါင္ ၈ သန္းေပးကာ ထုတ္ပယ္သြားမယ့္ နယူးကာဆယ္

နယူးကာဆယ္ရဲ႕ပိုင္ရွင္သစ္မ်ားဟာယခုအပတ္တြင္နည္းျပစတိဗ္ဘ႐ုစ္အားနစ္နာေၾကးေပါင္၈သန္းေပးကာရာထူးမွဖယ္ရွားမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

The Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရပိုင္ရွင္သစ္မ်ားဟာနယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္ဝယ္ယူႏိုင္ခဲ့ၿပီးေနာက္ယခုအပတ္အကုန္တြင္ကစားရမယ့္စပါးစ္ႏွင့္ပြဲစဥ္မတိုင္မီ စတိဗ္ဘ႐ုစ္ကိုရာထူးမွထုတ္ပယ္လိုေနတာျဖစ္ပါတယ္။

စတိဗ္ဘ႐ုစ္ဟာစပါးစ္ႏွင့္ပြဲမတိုင္မီ အထုတ္ခံရမယ္ဆိုပါကသူ႔နည္းျပဘဝအတြက္ အံ့ဩစရာေကာင္းတဲ့မွတ္တိုင္တစ္ခုစိုက္ထူႏိုင္ေအာင္ ေစာင့္ဆိုင္းရေတာ့မွာျဖစ္ပါတယ္။စတိဗ္ဘ႐ုစ္ဟာလာမယ့္စပါးစ္ႏွင့္ပြဲစဥ္မွာနည္းျပဘဝ ပြဲ၁၀၀၀ျပည့္မွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ကိုနစ္နာေၾကးေပါင္၈သန္းေပးကာထုတ္ပယ္ၿပီးအၿမဲတမ္းနည္းျပမေတြ႕မီအခ်ိန္အထိလက္ေထာက္နည္းျပအျဖစ္ထမ္းေဆာင္ေနတဲ့ဂႏၴဝင္ကစားသမားဂေရမီဂ်ဳံးစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ပါမယ္။

နယူးကာဆယ္ဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးရန္အတြက္ ဇီဒန္း၊အန္တိုနီယိုကြန္တီ၊ဂေရဟမ္ေပၚတာ၊ေဒါ့မြန္နည္းျပေဟာင္းလူစီယန္ဖာဗရီ၊ရိန္းဂ်ားနည္းျပစတီဗင္ဂ်ရတ္၊လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔ကိုပစ္မွတ္ထားေနပါတယ္။