ယခုအပတ်တွင် ဆေးစစ်မှုခံယူပြီး မန်ယူအပြောင်းအရွှေ့ကို ဆန်ချို အပြီးသတ်မည်

မန်ယူဟာယခုအပတ်မှာဂျေဒွန်ဆန်ချိုအပြောင်းအရွှေ့အားအပြီးသတ်လုပ်ဆောင်ကာသူ့ရဲ့ယူရို၂၀၂၀အသည်းကွဲရမှုကိုဖာထေးနိုင်ရေးလုပ်ဆောင်သွားပါမယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်တောင်ပံကစားသမားဟာယခုအပတ်တွင်မန်ယူတွင်ဆေးစစ်မှုခံယူပြီးအပြောင်းအရွှေ့ကိုအပြီးသတ်လုပ်ဆောင်ကာအားလပ်ရက်အပန်းဖြေခရီးထွက်မှာလည်းဖြစ်ပါတယ်။

မန်ယူဟာဇွန်လကတည်းကဆန်ချိုအားပေါင်၇၃သန်းဖြင့်ခေါ်ယူရန်ဒေါ့မွန်နှင့်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

ယခုအခါယူရို၂၀၂၀ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ရာမန်ယူဟာဆန်ချိုအပြောင်းအရွှေ့ကိုအပြီးသတ်ရန်စီစဉ်နေပြီဖြစ်ပါတယ်။

မန်စီးတီးလူငယ်ကစားသမားဟောင်းဆန်ချိုဟာယူရို၂၀၂၀ဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်မှာမန်ယူကစားဖော်ရပ်ရှ်ဖို့ဒ်နှင့်အတူပင်နယ်တီဝင်ခဲ့သူလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူဟာရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရိန်းကိုခေါ်ယူနိုင်ရေးအတွက်အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။မန်ယူဟာရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူအတွက်အနည်းဆုံးပြောင်းရွှေ့ကြေးပေါင်သန်း၅၀ခန့်အထိအသုံးပြုရနိုင်ပါတယ်။မန်ယူဟာ ရန်းနက်စ်ကွင်းလယ်ကစားသမားကာမာဗန်ဂါကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒါ့အပြင်မန်ယူနည်းပြဆိုးလ်ရှားဟာလာမယ့်ဘောလုံးရာသီအတွက်ကစားသမားသစ်သာမကနည်းပြအဖွဲ့ဝင်သစ်အားအားဖြည့်နေပါတယ်။ဆိုးလ်ရှားဟာချဲလ်ဆီးနည်းပြအဖွဲ့ဝင်ဟောင်းအဲရစ်ရမ်ဆေးကိုနည်းပြအဖွဲ့မှာခန့်အပ်ထားပါတယ်။ရမ်ဆေးဟာကစားသမားတစ်ဦးချင်းစီရဲ့အားနည်းချက်ကိုဖာထေးပေးမယ့်အပြင်မန်ယူရဲ့အလွတ်တည်ကန်ဘောပိုင်းကိုလည်းကြီးကြပ်သွားပါမယ်။

ZawGyi

ယခုအပတ္တြင္ ေဆးစစ္မႈခံယူၿပီး မန္ယူအေျပာင္းအေ႐ႊ႕ကို ဆန္ခ်ိဳ အၿပီးသတ္မည္

မန္ယူဟာယခုအပတ္မွာေဂ်ဒြန္ဆန္ခ်ိဳအေျပာင္းအေ႐ႊ႕အားအၿပီးသတ္လုပ္ေဆာင္ကာသူ႔ရဲ႕ယူ႐ို၂၀၂၀အသည္းကြဲရမႈကိုဖာေထးႏိုင္ေရးလုပ္ေဆာင္သြားပါမယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္ေတာင္ပံကစားသမားဟာယခုအပတ္တြင္မန္ယူတြင္ေဆးစစ္မႈခံယူၿပီးအေျပာင္းအေ႐ႊ႕ကိုအၿပီးသတ္လုပ္ေဆာင္ကာအားလပ္ရက္အပန္းေျဖခရီးထြက္မွာလည္းျဖစ္ပါတယ္။

မန္ယူဟာဇြန္လကတည္းကဆန္ခ်ိဳအားေပါင္၇၃သန္းျဖင့္ေခၚယူရန္ေဒါ့မြန္ႏွင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

ယခုအခါယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးဆုံးသြားၿပီျဖစ္ရာမန္ယူဟာဆန္ခ်ိဳအေျပာင္းအေ႐ႊ႕ကိုအၿပီးသတ္ရန္စီစဥ္ေနၿပီျဖစ္ပါတယ္။

မန္စီးတီးလူငယ္ကစားသမားေဟာင္းဆန္ခ်ိဳဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲပင္နယ္တီအဆုံးအျဖတ္မွာမန္ယူကစားေဖာ္ရပ္ရွ္ဖို႔ဒ္ႏွင့္အတူပင္နယ္တီဝင္ခဲ့သူလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူဟာရီးရဲလ္မက္ဒရစ္ေနာက္ခံလူဗာရိန္းကိုေခၚယူႏိုင္ေရးအတြက္အရွိန္ျမႇင့္လုပ္ေဆာင္ေနပါတယ္။မန္ယူဟာရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူအတြက္အနည္းဆုံးေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ခန႔္အထိအသုံးျပဳရႏိုင္ပါတယ္။မန္ယူဟာ ရန္းနက္စ္ကြင္းလယ္ကစားသမားကာမာဗန္ဂါကိုလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ဒါ့အျပင္မန္ယူနည္းျပဆိုးလ္ရွားဟာလာမယ့္ေဘာလုံးရာသီအတြက္ကစားသမားသစ္သာမကနည္းျပအဖြဲ႕ဝင္သစ္အားအားျဖည့္ေနပါတယ္။ဆိုးလ္ရွားဟာခ်ဲလ္ဆီးနည္းျပအဖြဲ႕ဝင္ေဟာင္းအဲရစ္ရမ္ေဆးကိုနည္းျပအဖြဲ႕မွာခန႔္အပ္ထားပါတယ္။ရမ္ေဆးဟာကစားသမားတစ္ဦးခ်င္းစီရဲ႕အားနည္းခ်က္ကိုဖာေထးေပးမယ့္အျပင္မန္ယူရဲ႕အလြတ္တည္ကန္ေဘာပိုင္းကိုလည္းႀကီးၾကပ္သြားပါမယ္။