ယခုအပတ်တွင် ပရီးမီးယားလိဂ်တွင် ကိုဗစ်ကူးစက်ခံထားရသူ နှစ်ဦးတည်းသာရှိ

ပရီးမီးယားလိဂ်တွင်ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်နှစ်ဦးတည်းတွင်သာရောဂါကူးစက်ခြင်းခံထားရ ကြောင်းတွေ့ရှိခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ဟာတနင်္လာနေ့မှကြာသပတေးနေ့အတွင်းတွင်ကိုဗစ်စစ်ဆေးမှု၁၃၅၅နှင့်ကြာသပတေးနေ့မှတနင်္ဂနွေနေ့အတွင်းတွင်ကိုဗစ်စစ်ဆေးမှု၁၃၇၈ပြုလုပ်ခဲ့ပါတယ်။

ယင်းသို့ပရီးမီးယားလိဂ်မှကစားသမားများနှင့်ကလပ်ဝန်ထမ်းများအားကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်ကူးစက်ခံထားရသူနှစ်ဦးတည်းသာတွေ့ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာလွန်ခဲ့တဲ့တစ်ပတ်တုန်းကလည်းကိုဗစ်ကူးစက်ခံရသူ၂ဦးတည်းသာတွေ့ခဲ့ရာနှစ်ပတ်ဆက်တိုက် ကိုဗစ်ကူးစက်ခံရသူ၂ဦးတည်းသာတွေ့ရှိရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ပရီးမီးယားလိဂ်ဟာကိုဗစ်ကူးစက်မှု အခြေအနေကိုထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

ယခုကဲ့သို့ပရီးမီးယားလိဂ်တွင်သာမကဗြိတိန်နိုင်ငံအတွင်းတွင်ပါကိုဗစ်ကူးစက်ခံရသူပမာဏလျှော့ကျလာခြင်း၊ကာ ကွယ်ဆေးထိုးမှုတိုးမြှင့်လာနိုင်ခြင်းတို့ကြောင့်ပရီးမီးယားလိဂ်ကလပ်များဟာရာသီမကုန်မီကွင်းအတွင်းသို့ ပရိသတ်များကိုခေါ်ဆောင်နိုင်မယ့်အခြေအနေမျိုးမှာရှိနေပြီဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်ကမေလ၁၇ရက်နေ့မှစတင်ကာဘောလုံးကွင်းများကိုပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။

ZawGyi

ယခုအပတ္တြင္ ပရီးမီးယားလိဂ္တြင္ ကိုဗစ္ကူးစက္ခံထားရသူ ႏွစ္ဦးတည္းသာရွိ

ပရီးမီးယားလိဂ္တြင္ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ႏွစ္ဦးတည္းတြင္သာေရာဂါကူးစက္ျခင္းခံထားရ ေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ဟာတနလၤာေန႔မွၾကာသပေတးေန႔အတြင္းတြင္ကိုဗစ္စစ္ေဆးမႈ၁၃၅၅ႏွင့္ၾကာသပေတးေန႔မွတနဂၤေႏြေန႔အတြင္းတြင္ကိုဗစ္စစ္ေဆးမႈ၁၃၇၈ျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔ပရီးမီးယားလိဂ္မွကစားသမားမ်ားႏွင့္ကလပ္ဝန္ထမ္းမ်ားအားကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ကူးစက္ခံထားရသူႏွစ္ဦးတည္းသာေတြ႕ရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာလြန္ခဲ့တဲ့တစ္ပတ္တုန္းကလည္းကိုဗစ္ကူးစက္ခံရသူ၂ဦးတည္းသာေတြ႕ခဲ့ရာႏွစ္ပတ္ဆက္တိုက္ ကိုဗစ္ကူးစက္ခံရသူ၂ဦးတည္းသာေတြ႕ရွိရတာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ပရီးမီးယားလိဂ္ဟာကိုဗစ္ကူးစက္မႈ အေျခအေနကိုထိန္းခ်ဳပ္ႏိုင္တဲ့အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။

ယခုကဲ့သို႔ပရီးမီးယားလိဂ္တြင္သာမကၿဗိတိန္ႏိုင္ငံအတြင္းတြင္ပါကိုဗစ္ကူးစက္ခံရသူပမာဏေလွ်ာ့က်လာျခင္း၊ကာ ကြယ္ေဆးထိုးမႈတိုးျမႇင့္လာႏိုင္ျခင္းတို႔ေၾကာင့္ပရီးမီးယားလိဂ္ကလပ္မ်ားဟာရာသီမကုန္မီကြင္းအတြင္းသို႔ ပရိသတ္မ်ားကိုေခၚေဆာင္ႏိုင္မယ့္အေျခအေနမ်ိဳးမွာရွိေနၿပီျဖစ္ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဂြၽန္ဆင္ကေမလ၁၇ရက္ေန႔မွစတင္ကာေဘာလုံးကြင္းမ်ားကိုျပန္လည္ဖြင့္လွစ္ရန္စီစဥ္ေန ေၾကာင္းထုတ္ေဖာ္ေျပာၾကားလာပါတယ္။