လီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်တော့မယ့် ဂျိုတာ

ဒိုင်အိုဂိုဂျိုတာဟာယခုအပတ်မှာလီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်တော့မှာဖြစ်ပြီးချဲလ်ဆီးနှင့်ပွဲစဉ်တွင်စတင် ပါဝင်ကစားလာနိုင်ဖို့ရှိနေကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးဟာယခုရာသီမှာဒဏ်ရာပြဿနာပေါင်းများစွာနှင့်ကြုံနေရပြီးချန်ပီယံဘွဲ့ကာကွယ်နိုင်ရန်အလွန်ခက်ခဲသွားတဲ့အနေအထားမှာရှိနေပါတယ်။

ဒါပေမယ့်လီဗာပူးနည်းပြကလော့ပ်အတွက်သတင်းကောင်းကတော့ဂျိုတာမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်းဆင်းနိုင်တော့မယ့်အခြေအနေမျိုးမှာရှိနေတာပါ။ဂျိုတာဟာဒူးဒဏ်ရာကြောင့်သုံးလကြာအနားယူလာခဲ့ရသူဖြစ်ပြီးပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်လာနိုင်ခဲ့တာကြာမြင့်ပြီဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဂျိုတာဟာနွေရာသီတွင်ဝုဗ်မှပြောင်းလာပြီးနောက်အကောင်းဆုံးပုံစံဖြင့်ကစားလာနိုင်ခဲ့သော် လည်းဒီဇင်ဘာလ၉ရက်နေ့တုန်းကမက်ဂျီလန်းနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ဒဏ်ရာရရှိကာအနားယူလာခဲ့ရ တာလည်းဖြစ်ပါတယ်။

လီဗာပူးဟာယခုရာသီတွင်ဗန်ဒိုက်၊ဂျိုးဂိုမက်ဇ်တို့အားဒဏ်ရာကြောင့်ကာလရှည်ဆုံးရှုံးထားရသလိုဟင်ဒါဆင်၊ဖာဘင်ဟို၊ကီတာ၊မာတစ်တို့မှာလည်းဒဏ်ရာပြဿနာများနှင့်ကြုံနေခဲ့ရပါတယ်။

လီဗာပူးဟာအိမ်ကွင်းလေးပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး၂၀၁၀ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်အန်ဖီးလ် တွင်မြို့ခံပြိုင်ဘက်အဲဗာတန်ကိုရှုံးနိမ့်ထားပါတယ်။

ZawGyi

လီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်တော့မယ့် ဂျိုတာ

ဒိုင္အိုဂိုဂ်ိဳတာဟာယခုအပတ္မွာလီဗာပူးႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ေတာ့မွာျဖစ္ၿပီးခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္စတင္ ပါဝင္ကစားလာႏိုင္ဖို႔ရွိေနေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးဟာယခုရာသီမွာဒဏ္ရာျပႆနာေပါင္းမ်ားစြာႏွင့္ႀကဳံေနရၿပီးခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ရန္အလြန္ခက္ခဲသြားတဲ့အေနအထားမွာရွိေနပါတယ္။

ဒါေပမယ့္လီဗာပူးနည္းျပကေလာ့ပ္အတြက္သတင္းေကာင္းကေတာ့ဂ်ိဳတာမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာ ေလ့က်င့္ခန္းဆင္းႏိုင္ေတာ့မယ့္အေျခအေနမ်ိဳးမွာရွိေနတာပါ။ဂ်ိဳတာဟာဒူးဒဏ္ရာေၾကာင့္သုံးလၾကာအနားယူလာခဲ့ရသူျဖစ္ၿပီးျပန္လည္ထူေထာင္ေရးေလ့က်င့္ခန္းလုပ္လာႏိုင္ခဲ့တာၾကာျမင့္ၿပီျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဂ်ိဳတာဟာေႏြရာသီတြင္ဝုဗ္မွေျပာင္းလာၿပီးေနာက္အေကာင္းဆုံးပုံစံျဖင့္ကစားလာႏိုင္ခဲ့ေသာ္ လည္းဒီဇင္ဘာလ၉ရက္ေန႔တုန္းကမက္ဂ်ီလန္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ဒဏ္ရာရရွိကာအနားယူလာခဲ့ရ တာလည္းျဖစ္ပါတယ္။

လီဗာပူးဟာယခုရာသီတြင္ဗန္ဒိုက္၊ဂ်ိဳးဂိုမက္ဇ္တို႔အားဒဏ္ရာေၾကာင့္ကာလရွည္ဆုံးရႈံးထားရသလိုဟင္ဒါဆင္၊ဖာဘင္ဟို၊ကီတာ၊မာတစ္တို႔မွာလည္းဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေနခဲ့ရပါတယ္။

လီဗာပူးဟာအိမ္ကြင္းေလးပြဲဆက္တိုက္ရႈံးနိမ့္ထားၿပီး၂၀၁၀ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္အန္ဖီးလ္ တြင္ၿမိဳ႕ခံၿပိဳင္ဘက္အဲဗာတန္ကိုရႈံးနိမ့္ထားပါတယ္။