
ဘာစီလိုနာဂန္ထဝင်ဂါရတ်ပီကေးကစနေနေ့တွင်အယ်မာရီယာနှင့်ကစားရမယ့်လာလီဂါပွဲစဉ်အပြီးတွင်ကစားသမားဘဝမှအနားယူတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။
ပီကေးဟာဘာစီလိုနာအသင်းအကြီးအကျယ်အောင်မြင်မှုများရရှိအောင်အဓိကနေရာမှစွမ်းဆောင်ထားနိုင်မှုနှင့်အတူသမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိပီကေးဟာ၂၀၀၈ခုနှစ်တွင်ယူနိုက်တက်မှဘာစီလိုနာသို့ပြောင်းလာပြီးနောက်၆၁၅ပွဲကစားထားသူလည်းဖြစ်ပါတယ်။သူဟာဘာစီလိုနာနှင့်အတူလာလီဂါဖလား၈ကြိမ်၊ချန်ပီယံလိဂ်ဖလား၃ကြိမ်အပါအဝင်ဆုဖလား၃၀ရယူထားပါတယ်။
ပီကေးဟာ၂၀၂၄ခုနှစ်တွင်မှဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ်ဆိုပေမဲ့လည်းယခုရာသီတွင်ပထမအသင်းတွင်ကစားခွင့်ရရှိမှုနည်းပါးလာမှုနှင့်အတူစောစောစီးစီးအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
သူဟာယခုရာသီတွင်လာလီဂါပွဲ၃ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီး စာချုပ်သက်တမ်းကုန်ဆုံးရန်တစ်နှစ်ကျော်လိုသေးတဲ့အချိန်မှာဘဲအနားယူရန်ဆုံးဖြတ်လိုက်ပါပြီ။
ယခုရာသီအစောပိုင်းတုန်းကဘဏ္ဍာရေးပြဿနာကြုံနေရတဲ့ဘာစီလိုနာဟာပီကေးကိုစာချုပ်သက်တမ်းကုန်ဆုံးမီကစားသမားဘဝမှအနားယူရန်မျှော်လင့်နေခဲ့ကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။
ယခုအခါမှာတော့ပီကေးဟာဘာစီလိုနာမှာ၁၅ရာသီကစားပြီးနောက် စနေနေ့မှာကစားသမားဘဝနှုတ်ဆက်လာတော့မှာဖြစ်ပါတယ်။
ZawGyi
ယခုအပတ္ႏူးကမ့္ပြဲစဥ္အၿပီးတြင္ ကစားသမားဘဝမွ အနားယူေတာ့မယ့္ ပီေကး
ဘာစီလိုနာဂႏၴဝင္ဂါရတ္ပီေကးကစေနေန႔တြင္အယ္မာရီယာႏွင့္ကစားရမယ့္လာလီဂါပြဲစဥ္အၿပီးတြင္ကစားသမားဘဝမွအနားယူေတာ့မွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။
ပီေကးဟာဘာစီလိုနာအသင္းအႀကီးအက်ယ္ေအာင္ျမင္မႈမ်ားရရွိေအာင္အဓိကေနရာမွစြမ္းေဆာင္ထားႏိုင္မႈႏွင့္အတူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။
အသက္၃၅ႏွစ္ရွိပီေကးဟာ၂၀၀၈ခုႏွစ္တြင္ယူႏိုက္တက္မွဘာစီလိုနာသို႔ေျပာင္းလာၿပီးေနာက္၆၁၅ပြဲကစားထားသူလည္းျဖစ္ပါတယ္။သူဟာဘာစီလိုနာႏွင့္အတူလာလီဂါဖလား၈ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၃ႀကိမ္အပါအဝင္ဆုဖလား၃၀ရယူထားပါတယ္။
ပီေကးဟာ၂၀၂၄ခုႏွစ္တြင္မွဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္ဆိုေပမဲ့လည္းယခုရာသီတြင္ပထမအသင္းတြင္ကစားခြင့္ရရွိမႈနည္းပါးလာမႈႏွင့္အတူေစာေစာစီးစီးအနားယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
သူဟာယခုရာသီတြင္လာလီဂါပြဲ၃ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးရန္တစ္ႏွစ္ေက်ာ္လိုေသးတဲ့အခ်ိန္မွာဘဲအနားယူရန္ဆုံးျဖတ္လိုက္ပါၿပီ။
ယခုရာသီအေစာပိုင္းတုန္းကဘ႑ာေရးျပႆနာႀကဳံေနရတဲ့ဘာစီလိုနာဟာပီေကးကိုစာခ်ဳပ္သက္တမ္းကုန္ဆုံးမီကစားသမားဘဝမွအနားယူရန္ေမွ်ာ္လင့္ေနခဲ့ေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။
ယခုအခါမွာေတာ့ပီေကးဟာဘာစီလိုနာမွာ၁၅ရာသီကစားၿပီးေနာက္ စေနေန႔မွာကစားသမားဘဝႏႈတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။