ယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် မိုက်ဒိန်းတာဝန်ယူတော့မည်မဟုတ်

မိုက်ဒိန်းဟာဆုံးဖြတ်ချက်အမှားများကြောင့်ဆိုရှယ်မီဒီယာတွင်သူအပါအဝင်မိသားစုများပါအသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုမှုများခံရပြီးနောက်ယခုအပတ်အကုန်တွင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ကြီးကြပ်သွားတော့မှာမဟုတ်ကြောင်းသိရပါတယ်။

မိုက်ဒိန်းဟာပြီးခဲ့တဲ့အပတ်တုန်းကဖူလ်ဟမ်နှင့်ဝက်စ်ဟမ်းတို့ပွဲစဉ်တွင်ဝက်စ်ဟမ်းအလယ်တန်းကစားသမားသောမတ်စ်ဆူဆစ်အားအနီကတ်ပြထုတ်ပယ်မှုကြောင့်အွန်လိုင်းတွင်အကြီးအကျယ်အပြစ်တင်ပြောဆိုခြင်းခံခဲ့ရပါတယ်။

အသက်၅၂နှစ်ရှိမိုက်ဒိန်းဟာယနေ့ညတွင်ကစားမယ့်လက်စတာနှင့်ဘရိုက်တန်တို့ရဲ့အက်ဖ်အေဖလား ပဥ္စမအဆင့်ပွဲစဉ်ကိုကြီးကြပ်သွားမယ်ဆိုပေမယ့်ယခုအပတ်အကုန်တွင်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်များကိုတော့ကြီးကြပ်သွားတော့မှာမဟုတ်ပါဘူး။

မိုက်ဒိန်းဟာဖူလ်ဟမ်နှင့်ဝက်စ်ဟမ်းပွဲတွင်ဆုံးဖြတ်ချက်အမှားမပြုလုပ်မီမန်ယူနှင့်ဆောက်သမ်တန်ပွဲစဉ်တွင်လည်းဆောက်သမ်တန်နောက်ခံလူဘက်နာရစ်ခ်အားအနီကတ်ပြထုတ်ပယ်ပြီးမန်ယူဘက်သို့ပင်နယ်တီပေးကာဆုံးဖြတ်အမှားပြုလုပ်ခဲ့ပါတယ်။

မိုက်ဒိန်းအနီကတ်ပြထုတ်ပယ်ခဲ့တဲ့ဆူဆစ်နှင့်ဘက်နာရစ်ခ်တို့နှစ်ဦးစလုံးတို့ဟာအနီကတ်အယူခံအောင် မြင်ပြီးပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းမခံခဲ့ရပါဘူး။

ZawGyi

ယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ မိုက္ဒိန္းတာဝန္ယူေတာ့မည္မဟုတ္

မိုက္ဒိန္းဟာဆုံးျဖတ္ခ်က္အမွားမ်ားေၾကာင့္ဆိုရွယ္မီဒီယာတြင္သူအပါအဝင္မိသားစုမ်ားပါအသက္အႏၲရာယ္ၿခိမ္းေျခာက္ေျပာဆိုမႈမ်ားခံရၿပီးေနာက္ယခုအပတ္အကုန္တြင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ႀကီးၾကပ္သြားေတာ့မွာမဟုတ္ေၾကာင္းသိရပါတယ္။

မိုက္ဒိန္းဟာၿပီးခဲ့တဲ့အပတ္တုန္းကဖူလ္ဟမ္ႏွင့္ဝက္စ္ဟမ္းတို႔ပြဲစဥ္တြင္ဝက္စ္ဟမ္းအလယ္တန္းကစားသမားေသာမတ္စ္ဆူဆစ္အားအနီကတ္ျပထုတ္ပယ္မႈေၾကာင့္အြန္လိုင္းတြင္အႀကီးအက်ယ္အျပစ္တင္ေျပာဆိုျခင္းခံခဲ့ရပါတယ္။

အသက္၅၂ႏွစ္ရွိမိုက္ဒိန္းဟာယေန႔ညတြင္ကစားမယ့္လက္စတာႏွင့္ဘ႐ိုက္တန္တို႔ရဲ႕အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္ကိုႀကီးၾကပ္သြားမယ္ဆိုေပမယ့္ယခုအပတ္အကုန္တြင္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုေတာ့ႀကီးၾကပ္သြားေတာ့မွာမဟုတ္ပါဘူး။

မိုက္ဒိန္းဟာဖူလ္ဟမ္ႏွင့္ဝက္စ္ဟမ္းပြဲတြင္ဆုံးျဖတ္ခ်က္အမွားမျပဳလုပ္မီမန္ယူႏွင့္ေဆာက္သမ္တန္ပြဲစဥ္တြင္လည္းေဆာက္သမ္တန္ေနာက္ခံလူဘက္နာရစ္ခ္အားအနီကတ္ျပထုတ္ပယ္ၿပီးမန္ယူဘက္သို႔ပင္နယ္တီေပးကာဆုံးျဖတ္အမွားျပဳလုပ္ခဲ့ပါတယ္။

မိုက္ဒိန္းအနီကတ္ျပထုတ္ပယ္ခဲ့တဲ့ဆူဆစ္ႏွင့္ဘက္နာရစ္ခ္တို႔ႏွစ္ဦးစလုံးတို႔ဟာအနီကတ္အယူခံေအာင္ ျမင္ၿပီးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းမခံခဲ့ရပါဘူး။