ယခုအပတ်ပွဲများတွင် ယူကရိန်းအရောင်ပါ အသင်းခေါင်းဆောင်လက်ပတ်ကို ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်များ ပတ်သွားမည်

ပရီးမီးယားလိဂ်အသင်းများမှ အသင်းခေါင်းဆောင်များဟာရုရှားရဲ့အနိုင်ကျင့်ကျူးကျော်စစ်ဆင်နွဲခံနေရတဲ့ယူကရိန်းကိုအားပေးတဲ့အနေဖြင့်ယူကရိန်းအလံရဲ့အရောင်ဖြစ်တဲ့အပြာရောင်နှင့်အဝါရောင်ပါအသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ကစားသွားကြပါမယ်။

ပရီးမီးယားလိဂ်မတိုင်မီ ဂျာမန်ဘွန်ဒက်စ်လီဂါမှ အော့ဘတ်အပါအဝင်ကလပ်များမှ အသင်းခေါင်းဆောင်များဟာအပြာရောင်နှင့်အဝါရောင်ပါ အသင်းခေါင်းဆောင်လက်ပတ်များကိုဝတ်ဆင်ခဲ့ကြပါတယ်။

ယခုအခါပရီးမီးယားလိဂ်ကလပ်များမှအသင်းခေါင်းဆောင်များဟာလည်း ဘွန်ဒက်စ်လီဂါကလပ်များမှအသင်းခေါင်းဆောင်များကဲ့သို့ပင် ယူကရိန်းအလံရောင်ပါ အသင်းခေါင်းဆောင်လက်ပတ်ကိုအသုံးပြုသွားကြတော့မှာဖြစ်ပါတယ်။

ဒါ့အပြင်ပရီးမီးယားလိဂ်ကလပ်များဟာဝင်ဘာလေကွင်းတွင်ကစားခဲ့တဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲတုန်းကကဲ့သို့ “Football Stands Together” ဆိုတဲ့စာသားနှင့်ယူကရိန်းအလံတို့ကို ကြီးမားတဲ့မျက်နှာပြင်မှာပြသသွားကြပါမယ်။

ပရီးမီးယားလိဂ်က “ပရီးမီးယားလိဂ်နဲ့ကျွန်တော်တို့ရဲ့ကလပ်ဟာရုရှားလုပ်ရပ်ကိုဆန့်ကျင်ပါတယ်။ငြိမ်းချမ်းရေးအတွက်တောင်းဆိုပါတယ်။ကျွန်တော်တို့ရဲ့စိတ်တွေကလည်းထိခိုက်နစ်နာတဲ့သူတွေနဲ့အတူရှိနေပါမယ်။ပရီးမီးယားလိဂ်ကလပ်တွေဟာမတ်လ၅ရက်နေ့စနေနေ့ကနေမတ်လ၇ရက်နေ့တနင်္လာနေ့အထိယူကရိန်းနဲ့အတူရှိနေကြောင်းပြသသွားကြပါမယ်”လို့ကြေညာသွားပါတယ်။

ဒါ့အပြင်ပရီးမီးယားလိဂ်ကလပ်များဟာယခုအပတ်ပွဲများတွင်ငြိမ်သက်ပြီး ယူကရိန်းအတွက်ဝမ်းနည်းကြောင်းပြသသွားပါဦးမယ်။

ZawGyi

ယခုအပတ္ပြဲမ်ားတြင္ ယူကရိန္းအေရာင္ပါ အသင္းေခါင္းေဆာင္လက္ပတ္ကို ပရီးမီးယားလိဂ္အသင္းေခါင္းေဆာင္မ်ား ပတ္သြားမည္

ပရီးမီးယားလိဂ္အသင္းမ်ားမွ အသင္းေခါင္းေဆာင္မ်ားဟာ႐ုရွားရဲ႕အႏိုင္က်င့္က်ဴးေက်ာ္စစ္ဆင္ႏြဲခံေနရတဲ့ယူကရိန္းကိုအားေပးတဲ့အေနျဖင့္ယူကရိန္းအလံရဲ႕အေရာင္ျဖစ္တဲ့အျပာေရာင္ႏွင့္အဝါေရာင္ပါအသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ကစားသြားၾကပါမယ္။

ပရီးမီးယားလိဂ္မတိုင္မီ ဂ်ာမန္ဘြန္ဒက္စ္လီဂါမွ ေအာ့ဘတ္အပါအဝင္ကလပ္မ်ားမွ အသင္းေခါင္းေဆာင္မ်ားဟာအျပာေရာင္ႏွင့္အဝါေရာင္ပါ အသင္းေခါင္းေဆာင္လက္ပတ္မ်ားကိုဝတ္ဆင္ခဲ့ၾကပါတယ္။

ယခုအခါပရီးမီးယားလိဂ္ကလပ္မ်ားမွအသင္းေခါင္းေဆာင္မ်ားဟာလည္း ဘြန္ဒက္စ္လီဂါကလပ္မ်ားမွအသင္းေခါင္းေဆာင္မ်ားကဲ့သို႔ပင္ ယူကရိန္းအလံေရာင္ပါ အသင္းေခါင္းေဆာင္လက္ပတ္ကိုအသုံးျပဳသြားၾကေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာဝင္ဘာေလကြင္းတြင္ကစားခဲ့တဲ့ ခါရာေဘာင္ဖလားဗိုလ္လုပြဲတုန္းကကဲ့သို႔ “Football Stands Together” ဆိုတဲ့စာသားႏွင့္ယူကရိန္းအလံတို႔ကို ႀကီးမားတဲ့မ်က္ႏွာျပင္မွာျပသသြားၾကပါမယ္။

ပရီးမီးယားလိဂ္က “ပရီးမီးယားလိဂ္နဲ႔ကြၽန္ေတာ္တို႔ရဲ႕ကလပ္ဟာ႐ုရွားလုပ္ရပ္ကိုဆန႔္က်င္ပါတယ္။ၿငိမ္းခ်မ္းေရးအတြက္ေတာင္းဆိုပါတယ္။ကြၽန္ေတာ္တို႔ရဲ႕စိတ္ေတြကလည္းထိခိုက္နစ္နာတဲ့သူေတြနဲ႔အတူရွိေနပါမယ္။ပရီးမီးယားလိဂ္ကလပ္ေတြဟာမတ္လ၅ရက္ေန႔စေနေန႔ကေနမတ္လ၇ရက္ေန႔တနလၤာေန႔အထိယူကရိန္းနဲ႔အတူရွိေနေၾကာင္းျပသသြားၾကပါမယ္”လို႔ေၾကညာသြားပါတယ္။

ဒါ့အျပင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာယခုအပတ္ပြဲမ်ားတြင္ၿငိမ္သက္ၿပီး ယူကရိန္းအတြက္ဝမ္းနည္းေၾကာင္းျပသသြားပါဦးမယ္။