ယခုအပတ်ပွဲအပြီးတွင် စပါးစ်စတားကိန်းအား ပေါင်သန်း ၁၂၀ ခေါ်ယူရေး မန်စီးတီးအပြီးသတ်မည်

ဟယ်ရီကိန်းရဲ့မန်စီးတီးအသင်းသို့အပြောင်းအရွှေ့မှာလာမယ့်တနင်္ဂနွေနေ့တွင်မန်စီးတီးနှင့်စပါးစ်တို့တိုက်ရိုက်ရင်ဆိုင်ပြီးနောက်အပြီးသတ်လာနိုင်မယ်လို့ယုံကြည်ရပါတယ်။

မန်စီးတီးနှင့်စပါးစ်တို့ဟာဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးယခုအပတ်မှစတင်ကာဆွေးနွေးလာကြပြီလည်းဖြစ်ပါတယ်။

မန်စီးတီးဟာဟယ်ရီကိန်းအားဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၂၀ဖြင့်ကမ်းလှမ်းလာမယ်လို့ယုံကြည်ရပါတယ်။အဆိုပါပမာဏမှာမန်စီးတီးကဂျက်ဂရဲလ်လစ်ရှ်အားဗီလာမှခေါ်ယူစဉ်ကပေးခဲ့တဲ့ပမာဏထက် ပေါင်သန်း၂၀ပိုများပါတယ်။

ဒါ့အပြင်စပါးစ်ဟာဟယ်ရီကိန်းရဲ့ခြေစွမ်းနဲ့အောင်မြင်မှုအပေါ်မူတည်ပြီးအကျိုးခံစားခွင့်ထပ်မံရရှိလာဦးမယ့်အချက်များကိုလည်းထည့်သွင်းလာဖို့ရှိပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာအသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုရောင်းချရန်လုံးဝဆန္ဒမရှိပေမယ့်လည်းကစားသမားဘက်ကဆုဖလားရရှိလိုနေကာမန်စီးတီးသို့ပြောင်းရွှေ့လိုမှုကြောင့်ရောင်းချရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာပြီးခဲ့တဲ့အပတ်တုန်းကဖလိုရီဒါမှလန်ဒန်သို့ရောက်လာပြီးနောက်ငါးရက်ကြာကွာရန်တင်းဝင်ခဲ့ကာယနေ့တွင်စပါးစ်နှင့်အတူလေ့ကျင့်ခန်းစတင်ဆင်းသွားဖို့ရှိပါတယ်။

စပါးစ်ဟာတနင်္ဂနွေနေ့တွင်ကစားမယ့်မန်စီးတီးနှင့်ပွဲစဉ်တွင်ဟယ်ရီကိန်းအသုံးပြုနိုင်ရန်မျှော်လင့်နေပါတယ်။

ZawGyi







