ယခုအပတ်မကုန်မီ မန်စီးတီးသို့ ပြောင်းရေး ထူးခြားမှုရှိလာရန် ဟယ်ရီကိန်းမျှော်လင့်နေ

ဟယ်ရီကိန်းဟာယခုအပတ်မကုန်ဆုံးမီ မန်စီးတီးသို့ပြောင်းရန်ကြိုးပမ်းမှုထူးခြားမှုဖြစ်လာရန် မျှော်လင့်နေပါတယ်။

အစောပိုင်းတုန်းကစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာဟယ်ရီကိန်းကိုထိန်းထားနိုင်ရေးအတွက် အတင်းလုပ်ဆောင်နေခဲ့သော်လည်းယခုအခါမှာတော့ထွက်ခွာခွင့်ပေးရန်ဆုံးဖြတ်လိုက်ပြီလည်းဖြစ်ပါတယ်။

မန်စီးတီးဟာယခုနွေအစောပိုင်းတုန်းကပေါင်သန်း၁၀၀ဖြင့်ကမ်းလှမ်းမှုမအောင်မြင်ခဲ့ပြီးနောက်ဟယ်ရီကိန်းအားပေါင်သန်း၁၂၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်ရန်နေပါတယ်။

တစ်ဖက်တွင်လီဗိုင်းဟာဟယ်ရီကိန်းအတွက်ပေါင်သန်း၁၆၀ဝန်းကျင်အထိရရှိရန်မျှော်လင့်နေပါတယ်။

ဟယ်ရီကိန်းဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကစပါးစ်ကစားဖော်များနှင့်အတူပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခဲ့ပြီးကြာသပတေးနေ့တွင်ပါကိုဒီဖာရဲရာနှင့်ကစားရမယ့်ယူရိုပါကွန်ဖရင့်ပွဲလူစာရင်းတွင်ပါဝင်လာပါမယ်။

ZawGyi

ယခုအပတ္မကုန္မီ မန္စီးတီးသို႔ ေျပာင္းေရး ထူးျခားမႈရွိလာရန္ ဟယ္ရီကိန္းေမွ်ာ္လင့္ေန

ဟယ္ရီကိန္းဟာယခုအပတ္မကုန္ဆုံးမီ မန္စီးတီးသို႔ေျပာင္းရန္ႀကိဳးပမ္းမႈထူးျခားမႈျဖစ္လာရန္ ေမွ်ာ္လင့္ေနပါတယ္။

အေစာပိုင္းတုန္းကစပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းဟာဟယ္ရီကိန္းကိုထိန္းထားႏိုင္ေရးအတြက္ အတင္းလုပ္ေဆာင္ေနခဲ့ေသာ္လည္းယခုအခါမွာေတာ့ထြက္ခြာခြင့္ေပးရန္ဆုံးျဖတ္လိုက္ၿပီလည္းျဖစ္ပါတယ္။

မန္စီးတီးဟာယခုေႏြအေစာပိုင္းတုန္းကေပါင္သန္း၁၀၀ျဖင့္ကမ္းလွမ္းမႈမေအာင္ျမင္ခဲ့ၿပီးေနာက္ဟယ္ရီကိန္းအားေပါင္သန္း၁၂၀ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ရန္ေနပါတယ္။

တစ္ဖက္တြင္လီဗိုင္းဟာဟယ္ရီကိန္းအတြက္ေပါင္သန္း၁၆၀ဝန္းက်င္အထိရရွိရန္ေမွ်ာ္လင့္ေနပါတယ္။

ဟယ္ရီကိန္းဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းကစပါးစ္ကစားေဖာ္မ်ားႏွင့္အတူပထမဆုံးအႀကိမ္ေလ့က်င့္ခန္းဆင္းခဲ့ၿပီးၾကာသပေတးေန႔တြင္ပါကိုဒီဖာရဲရာႏွင့္ကစားရမယ့္ယူ႐ိုပါကြန္ဖရင့္ပြဲလူစာရင္းတြင္ပါဝင္လာပါမယ္။