
အငြင်းပွားဖွယ်ဒိုင်လူကြီးမာတူးလာဟို့ဇ်ဟာယခုအပတ်လာလီဂါပွဲစဉ်များကိုကိုင်တွယ်ခွင့်မရပြီးနောက်ယခုရာသီအကုန်တွင်ဒိုင်လူကြီးဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
လာဟို့ဇ်ဟာကလပ်နှင့်နိုင်ငံတကာပြိုင်ပွဲများတွင်အငြင်းပွားဖွယ်ရှာဒိုင်ဆုံးဖြတ်ချက်များချမှတ်ပြီးနောက်ဖိအားများနှင့်ကြုံနေခဲ့ရသူဖြစ်ပါတယ်။
သူဟာအာဂျင်တီးနားနှင့်နယ်သာလန်တို့ရဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်အဝါကတ်၁၈ကတ်အထိအသုံးပြုခဲ့ပြီးလီယွန်နယ်မက်ဆီရဲ့အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
သူဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှဆုံးဖြတ်ချက်ကြောင့် ကာတာမှအိမ်ပြန်ပို့ခံခဲ့ရပါတယ်။
ယင်းနောက်သူဟာပြီးခဲ့တဲ့အပတ်ကဘာစီလိုနာနှင့်အက်စ်ပန်ညိုတို့ရဲ့ကတ်တလန်ဒါဘီပွဲစဉ်တွင်လည်းအနီကတ်၂ကတ်အပါအဝင်အဝါကတ်၁၅ကတ်အထိအသုံးပြုခဲ့ပြန်ပါတယ်။
သူဟာဆီဗီလာကလီနာရေးစ်ကိုအနိုင်ရရှိတဲ့ကိုပါဒယ်ရေးဖလားပွဲစဉ်တွင်တော့အဝါကတ်တစ်ကတ်မျှအသုံးမပြုခဲ့ပါဘူး။ဒါပေမဲ့သူဟာပွဲချိန်၁၅မိနစ်မှာပင်ဆီဗီလာနည်းပြဂျော်ဂျီဆမ်ပါအိုလီကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
ယခုအခါစပိန်ဘောလုံးအဖွဲ့ချုပ်ဟာလာဟို့ဇ်ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များကြောင့်ယခုအပတ်လိဂ်ပွဲစဉ်များတွင်ကြီးကြပ်ခွင့်တားဆီးလာပါတယ်။
တဆက်တည်းတွင်ပင်အသက်၄၅နှစ်ရှိဒိုင်လူကြီးကလည်းရာသီအကုန်တွင် ဒိုင်လူကြီးဘဝမှအနားယူတော့မှာဖြစ်ကြောင်းကြေညာသွားခဲ့ပါတယ်။
ZawGyi
ယခုအပတ္ လာလီဂါပြဲမ်ားတြင္ ႀကီးၾကပ္ခြင့္မရၿပီးေနာက္ ရာသီအကုန္တြင္ ဒိုင္လူႀကီးဘဝမွ အနားယူေတာ့မဲ့ အျငင္းပြားဖြယ္ဒိုင္လူႀကီးလာဟို႔ဇ္
အျငင္းပြားဖြယ္ဒိုင္လူႀကီးမာတူးလာဟို႔ဇ္ဟာယခုအပတ္လာလီဂါပြဲစဥ္မ်ားကိုကိုင္တြယ္ခြင့္မရၿပီးေနာက္ယခုရာသီအကုန္တြင္ဒိုင္လူႀကီးဘဝမွအနားယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
လာဟို႔ဇ္ဟာကလပ္ႏွင့္ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္အျငင္းပြားဖြယ္ရွာဒိုင္ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံေနခဲ့ရသူျဖစ္ပါတယ္။
သူဟာအာဂ်င္တီးနားႏွင့္နယ္သာလန္တို႔ရဲ႕ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္အဝါကတ္၁၈ကတ္အထိအသုံးျပဳခဲ့ၿပီးလီယြန္နယ္မက္ဆီရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။
သူဟာကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွဆုံးျဖတ္ခ်က္ေၾကာင့္ ကာတာမွအိမ္ျပန္ပို႔ခံခဲ့ရပါတယ္။
ယင္းေနာက္သူဟာၿပီးခဲ့တဲ့အပတ္ကဘာစီလိုနာႏွင့္အက္စ္ပန္ညိဳတို႔ရဲ႕ကတ္တလန္ဒါဘီပြဲစဥ္တြင္လည္းအနီကတ္၂ကတ္အပါအဝင္အဝါကတ္၁၅ကတ္အထိအသုံးျပဳခဲ့ျပန္ပါတယ္။
သူဟာဆီဗီလာကလီနာေရးစ္ကိုအႏိုင္ရရွိတဲ့ကိုပါဒယ္ေရးဖလားပြဲစဥ္တြင္ေတာ့အဝါကတ္တစ္ကတ္မွ်အသုံးမျပဳခဲ့ပါဘူး။ဒါေပမဲ့သူဟာပြဲခ်ိန္၁၅မိနစ္မွာပင္ဆီဗီလာနည္းျပေဂ်ာ္ဂ်ီဆမ္ပါအိုလီကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။
ယခုအခါစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလာဟို႔ဇ္ရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္မ်ားေၾကာင့္ယခုအပတ္လိဂ္ပြဲစဥ္မ်ားတြင္ႀကီးၾကပ္ခြင့္တားဆီးလာပါတယ္။
တဆက္တည္းတြင္ပင္အသက္၄၅ႏွစ္ရွိဒိုင္လူႀကီးကလည္းရာသီအကုန္တြင္ ဒိုင္လူႀကီးဘဝမွအနားယူေတာ့မွာျဖစ္ေၾကာင္းေၾကညာသြားခဲ့ပါတယ္။