ယဉ်ကျေးလွန်းနေမှုကြောင့် အမှတ်များ ဆုံးရှုံးနေရကြောင်းဆိုကာ ဒိုင်ကို ဖိအားပေးရန် ဆိုးလ်ရှားတိုက်တွန်း

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကမန်ယူအသင်းမှာယဉ်ကျေးနေမှုကြောင့်အမှတ်များဆုံးရှုံးနေရပြီးကစားသမားများအနေဖြင့်ဒိုင်လူကြီးကိုစောဒကတက်ကာဖိအားပေးသင့်နေပြီဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်ကြားရက်တုန်းကရှက်ဖီးလ်ယူနိုက်တက်အား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အမှားနှစ်ခုကြောင့်ရှုံးနိမ့်ခဲ့တယ်လို့ယုံကြည်နေပါတယ်။

ဒါကြောင့်လည်းဆိုးလ်ရှားဟာVARရဲ့အကူအညီကိုရယူပြီးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ပြောင်းလဲလာအောင်စောဒက တက်ဖိအားပေးမှုများပြုလုပ်ရန်လိုအပ်နေပြီလို့ယုံကြည်နေပါတယ်။

ဆိုးလ်ရှားက “ဒိုင်လူကြီးရဲ့ပွဲပြီးမှတ်တမ်းဖတ်ရပါတယ်။ဆုံးဖြတ်ချက်နှစ်ခုကမှားခဲ့ပါတယ်။သူတို့ရဲ့ဂိုး(ရှက်ဖီးလ်) ရဲ့ဂိုးကခွင့်မပြုသင့်ဘဲကျွန်တော်တို့ရဲ့ဂိုးကခွင့်ပြုသင့်ကြောင်းသူတို့ဝန်ခံခဲ့ပါတယ်။ဒါတွေကကျွန်တော်တို့အတွက် အကြီးမားဆုံးအလှည့်အပြောင်းတွေပါ။ကျွန်တော်တို့မှာလူယဉ်ကျေးလေးတွေအများကြီးပါ။ကျွန်တော်တို့အနေနဲ့ ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးစောဒကတွေတက်ခဲ့သင့်ကြပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ရှက်ဖီးလ်ာပွဲချိန်၂၃မိနစ်မှာကိန်းဘရိုင်ယန်ရဲ့ခေါင်းတိုက်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးဘောလုံးရှင်းထုတ်ရန်ကြိုးစားစဉ်ဂိုးသမားဒီဂီယာမှာဘီလီရှပ်ရဲ့တွန်းမှုခံခဲ့ရပါတယ်။ဒိုင်လူကြီးနှင့်VAR ဒေးဗစ်ကော့ခ်တို့ကရှက်ဖီးလ်ရဲ့ဂိုးကိုခွင့်ပြုခဲ့ကြ ပါတယ်။ဒါ့အပြင်မန်ယူဟာမာရှယ်ရဲ့ချေပဂိုးကိုလည်းခွင့်ပြုခြင်းမခံခဲ့ရပါဘူး။

ZawGyi

ယဥ္ေက်းလြန္းေနမႈေၾကာင့္ အမွတ္မ်ား ဆုံးရႈံးေနရေၾကာင္းဆိုကာ ဒိုင္ကို ဖိအားေပးရန္ ဆိုးလ္ရွားတိုက္တြန္း

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကမန္ယူအသင္းမွာယဥ္ေက်းေနမႈေၾကာင့္အမွတ္မ်ားဆုံးရႈံးေနရၿပီးကစားသမားမ်ားအေနျဖင့္ဒိုင္လူႀကီးကိုေစာဒကတက္ကာဖိအားေပးသင့္ေနၿပီျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာၿပီးခဲ့တဲ့အပတ္ၾကားရက္တုန္းကရွက္ဖီးလ္ယူႏိုက္တက္အား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အမွားႏွစ္ခုေၾကာင့္ရႈံးနိမ့္ခဲ့တယ္လို႔ယုံၾကည္ေနပါတယ္။

 

ဒါေၾကာင့္လည္းဆိုးလ္ရွားဟာVARရဲ႕အကူအညီကိုရယူၿပီးဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေျပာင္းလဲလာေအာင္ေစာဒက တက္ဖိအားေပးမႈမ်ားျပဳလုပ္ရန္လိုအပ္ေနၿပီလို႔ယုံၾကည္ေနပါတယ္။

ဆိုးလ္ရွားက “ဒိုင္လူႀကီးရဲ႕ပြဲၿပီးမွတ္တမ္းဖတ္ရပါတယ္။ဆုံးျဖတ္ခ်က္ႏွစ္ခုကမွားခဲ့ပါတယ္။သူတို႔ရဲ႕ဂိုး(ရွက္ဖီးလ္) ရဲ႕ဂိုးကခြင့္မျပဳသင့္ဘဲကြၽန္ေတာ္တို႔ရဲ႕ဂိုးကခြင့္ျပဳသင့္ေၾကာင္းသူတို႔ဝန္ခံခဲ့ပါတယ္။ဒါေတြကကြၽန္ေတာ္တို႔အတြက္ အႀကီးမားဆုံးအလွည့္အေျပာင္းေတြပါ။ကြၽန္ေတာ္တို႔မွာလူယဥ္ေက်းေလးေတြအမ်ားႀကီးပါ။ကြၽန္ေတာ္တို႔အေနနဲ႔ ဒီဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီးေစာဒကေတြတက္ခဲ့သင့္ၾကပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ရွက္ဖီးလ္ာပြဲခ်ိန္၂၃မိနစ္မွာကိန္းဘ႐ိုင္ယန္ရဲ႕ေခါင္းတိုက္ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးေဘာလုံးရွင္းထုတ္ရန္ႀကိဳးစားစဥ္ဂိုးသမားဒီဂီယာမွာဘီလီရွပ္ရဲ႕တြန္းမႈခံခဲ့ရပါတယ္။ဒိုင္လူႀကီးႏွင့္VAR ေဒးဗစ္ေကာ့ခ္တို႔ကရွက္ဖီးလ္ရဲ႕ဂိုးကိုခြင့္ျပဳခဲ့ၾက ပါတယ္။ဒါ့အျပင္မန္ယူဟာမာရွယ္ရဲ႕ေခ်ပဂိုးကိုလည္းခြင့္ျပဳျခင္းမခံခဲ့ရပါဘူး။