ယနေ့ညတွင် နိုင်ဂျီးရီးယားနှင့်ကစားရမယ့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒို ပါဝင်မည်မဟုတ်

ခရစ္စတီယာနိုရော်နယ်ဒိုဟာနေမကောင်းဖြစ်နေမှုကြောင့်ယနေ့ညတွင်ပေါ်တူဂီနှင့်နိုင်ဂျီးရီးယားတို့ခြေစမ်းပွဲကစားမယ့်ပွဲစဉ်တွင်ပါဝင်လာမှာမဟုတ်ကြောင်းသိရပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်စပို့တင်းတွင်ပြင်ဆင်နေပါတယ်။

သူဟာဗိုက်နာနေမှုကြောင့်လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်နိုင်ခြင်းမရှိရာယနေ့ညတွင်ကာတာသို့မသွားမီနောက်ဆုံးခြေစမ်းပွဲကစားမယ့်နိုင်ဂျီးရီးယားနှင့်ပွဲမှာပါဝင်လာမှာမဟုတ်ပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီဟာလာမယ့်အပတ်ကြာသပတေးနေ့တွင်ဂါနာနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရပါမယ်။

ယင်းပွဲအပြီးတွင်ပေါ်တူဂီဟာဥရုဂွေး၊တောင်ကိုရီးယားတို့နှင့်ရင်ဆိုင်ကစားသွားရပါမယ်။

ZawGyi





