ယနေ့ညရန်ပုံငွေပွဲတွင် ပြင်သစ်သမ္မတမက်ခရွန်နှင့်အတူ ဘောလုံးကစားမယ့် အသက် ၇၁ နှစ်အရွယ်ရှိ ဝင်းဂါး

အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးဟာအသက်၇၁နှစ်အရွယ်သို့ရောက်ပြီဖြစ်ပေမယ့်လည်းယနေ့ညတွင်ကစားမယ့်ရန်ပုံငွေပွဲတစ်ပွဲမှာပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်နှင့်အတူပွဲကစားသွားပါမယ်။

ပြင်သစ်ဂန္ထဝင်ဘောလုံးသမားဟောင်းများ၊အားကစားစတားများ၊ပြင်သစ်သမ္မတတို့နှင့် စုဖွဲ့ထားတဲ့အသင်းဟာ Possiy Saint-Germain-en-Laye ဆေးရုံမှဝန်ထမ်းများအသင်းနှင့် ရင်ဆိုင်ကစားကာ Les Pieces Jaunes ရန်ပုံငွေပွဲကစားကြပါမယ်။

အဆိုပါဘောလုံးပွဲမှရရှိတဲ့ငွေကြေးအားလုံးကို ကလေးသူငယ်လူနာများအတွက်ဆေးကုသမှုများပြုလုပ်ရာတွင်အသုံးပြုသွားပါမယ်။

အာစင်ဝင်းဂါးဟာအသက်၅၃နှစ်ရှိပြီဖြစ်တဲ့ပြင်သစ်ကမ္ဘာ့ဖလားနှင့်ယူရိုသူရဲကောင်းမာဆယ်ဒယ်ဆယ်လီနှင့်အတူ ဗဟိုခံစစ်တွင်တွဲကစားပါမယ်။

အသက်၄၀နှစ်ရှိပြင်သစ်သမ္မတမက်ခရွန်ဟာကွင်းလယ်ခံစစ်တွင်လိုင်ယွန်နည်းပြဟောင်းရူဒီဂါစီယာနှင့်တွဲဖက်ကစားသွားမှာဖြစ်ပြီးမိနစ်၉၀ပြည့်ကစားမယ်လို့ယူဆရပါတယ်။ကွင်းလယ်တိုက်စစ်တွင်ဘော်ဒိုးဂန္ထဝင်အလိန်းဂီရက်စ်ကစားပါမယ်။အထောင်တိုက်စစ်မှူးအဖြစ်ဘာစီလိုနာ၊မိုနာကိုနှင့်လိုင်ယွန်တိုက်စစ်မှူးဟောင်းဆိုနီအင်ဒါဆင်က ကစားပါမယ်။ဘရာဇီးတိုက်စစ်မှူးဟာလီဂူး၁ပွဲ၂၂၁ပွဲကစားခဲ့ရာမှာ၁၃၈ဂိုးအထိသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင်ဆစ်ဒနီဂိုဗူး၊ရောဘတ်ပီးရက်စ်၊တင်းနစ်စတားဂက်စ်ကွက်ဇ်တို့လည်းပါဝင်မယ်ဆိုပေမယ့်အရန်အဖြစ်သာပါဝင်ကစားပါမယ်။

ဝင်းဂါးဟာမနေ့ညတုန်းက Unicef XI နှင့်မာဆေးလ်ဂန္ထဝင်အသင်းတို့ရဲ့ရန်ပုံငွေပွဲတွင်လည်း Unicef အသင်းကိုကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ယင်းပွဲမှာဝင်းဂါးရဲဲ့Unicef XI က ၇-၄ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးမာဆေးလ်ဂန္ထဝင်အသင်းအတွက်ဒရော့ဘာကဟက်ထရစ်သွင်းခဲ့ပါတယ်။ဒရော့ဘာဟာချဲလ်ဆီးတွင်ကစားစဉ်တုန်းကဝင်းဂါးရဲ့အာဆင်နယ်နှင့်၁၅ကြိမ်တွေ့ရမှာ၁၃ဂိုးသွင်းခဲ့ဖူးသူဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာလာမယ့်၂၀၂၂ခုနှစ်၊ဇန်နဝါရီလမှာ Riyadh Season Cup ဖလားအဖြစ် ပီအက်စ်ဂျီနှင့်ရင်ဆိုင်ကစားရမယ့်ပွဲမှာ ဆော်ဒီကလပ်များဖြစ်တဲ့ အယ်ဟာလီနှင့်အယ်နက်စ်တို့အားပေါင်းစည်းထားတဲ့အသင်းကိုကိုင်တွယ်သွားပါမယ်။

ZawGyi

ယေန႔ညရန္ပုံေငြပြဲတြင္ ျပင္သစ္သမၼတမက္ခ႐ြန္ႏွင့္အတူ ေဘာလုံးကစားမယ့္ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ ဝင္းဂါး

အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးဟာအသက္၇၁ႏွစ္အ႐ြယ္သို႔ေရာက္ၿပီျဖစ္ေပမယ့္လည္းယေန႔ညတြင္ကစားမယ့္ရန္ပုံေငြပြဲတစ္ပြဲမွာျပင္သစ္သမၼတအီမန္ႏူရယ္မက္ခ႐ြန္ႏွင့္အတူပြဲကစားသြားပါမယ္။

ျပင္သစ္ဂႏၴဝင္ေဘာလုံးသမားေဟာင္းမ်ား၊အားကစားစတားမ်ား၊ျပင္သစ္သမၼတတို႔ႏွင့္ စုဖြဲ႕ထားတဲ့အသင္းဟာ Possiy Saint-Germain-en-Laye ေဆး႐ုံမွဝန္ထမ္းမ်ားအသင္းႏွင့္ ရင္ဆိုင္ကစားကာ Les Pieces Jaunes ရန္ပုံေငြပြဲကစားၾကပါမယ္။

အဆိုပါေဘာလုံးပြဲမွရရွိတဲ့ေငြေၾကးအားလုံးကို ကေလးသူငယ္လူနာမ်ားအတြက္ေဆးကုသမႈမ်ားျပဳလုပ္ရာတြင္အသုံးျပဳသြားပါမယ္။

အာစင္ဝင္းဂါးဟာအသက္၅၃ႏွစ္ရွိၿပီျဖစ္တဲ့ျပင္သစ္ကမာၻ႔ဖလားႏွင့္ယူ႐ိုသူရဲေကာင္းမာဆယ္ဒယ္ဆယ္လီႏွင့္အတူ ဗဟိုခံစစ္တြင္တြဲကစားပါမယ္။

အသက္၄၀ႏွစ္ရွိျပင္သစ္သမၼတမက္ခ႐ြန္ဟာကြင္းလယ္ခံစစ္တြင္လိုင္ယြန္နည္းျပေဟာင္း႐ူဒီဂါစီယာႏွင့္တြဲဖက္ကစားသြားမွာျဖစ္ၿပီးမိနစ္၉၀ျပည့္ကစားမယ္လို႔ယူဆရပါတယ္။ကြင္းလယ္တိုက္စစ္တြင္ေဘာ္ဒိုးဂႏၴဝင္အလိန္းဂီရက္စ္ကစားပါမယ္။အေထာင္တိုက္စစ္မႉးအျဖစ္ဘာစီလိုနာ၊မိုနာကိုႏွင့္လိုင္ယြန္တိုက္စစ္မႉးေဟာင္းဆိုနီအင္ဒါဆင္က ကစားပါမယ္။ဘရာဇီးတိုက္စစ္မႉးဟာလီဂူး၁ပြဲ၂၂၁ပြဲကစားခဲ့ရာမွာ၁၃၈ဂိုးအထိသြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ဆစ္ဒနီဂိုဗူး၊ေရာဘတ္ပီးရက္စ္၊တင္းနစ္စတားဂက္စ္ကြက္ဇ္တို႔လည္းပါဝင္မယ္ဆိုေပမယ့္အရန္အျဖစ္သာပါဝင္ကစားပါမယ္။

ဝင္းဂါးဟာမေန႔ညတုန္းက Unicef XI ႏွင့္မာေဆးလ္ဂႏၴဝင္အသင္းတို႔ရဲ႕ရန္ပုံေငြပြဲတြင္လည္း Unicef အသင္းကိုကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။ယင္းပြဲမွာဝင္းဂါးရဲဲ့Unicef XI က ၇-၄ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးမာေဆးလ္ဂႏၴဝင္အသင္းအတြက္ဒေရာ့ဘာကဟက္ထရစ္သြင္းခဲ့ပါတယ္။ဒေရာ့ဘာဟာခ်ဲလ္ဆီးတြင္ကစားစဥ္တုန္းကဝင္းဂါးရဲ႕အာဆင္နယ္ႏွင့္၁၅ႀကိမ္ေတြ႕ရမွာ၁၃ဂိုးသြင္းခဲ့ဖူးသူျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာလာမယ့္၂၀၂၂ခုႏွစ္၊ဇန္နဝါရီလမွာ Riyadh Season Cup ဖလားအျဖစ္ ပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲမွာ ေဆာ္ဒီကလပ္မ်ားျဖစ္တဲ့ အယ္ဟာလီႏွင့္အယ္နက္စ္တို႔အားေပါင္းစည္းထားတဲ့အသင္းကိုကိုင္တြယ္သြားပါမယ္။