ယနေ့ညလီဗာပူးပွဲမတိုင်မီ ပထမအသင်းမှ ဖယ်ရှားခံရပြီးနောက် ဗြိတိန်မှ ထွက်ခွာသွားခဲ့တဲ့ ဘရိုက်တန်စတားထရိုဆတ်

ဘရိုက်တန်တောင်ပံကစားသမားလီယန်ဒရိုထရိုဆတ်ဟာဗြိတိန်မှထွက်ခွာသွားမှုနဲ့အတူယနေ့ညလီဗာပူးနှင့်ပွဲစဉ်မှာပါဝင်လာတော့မှာမဟုတ်ပါဘူး။

အသက်၂၈နှစ်ရှိထရိုဆတ်ဟာသူ့ရဲ့အပြုအမူများကြောင့်ဘရိုက်တန်ပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီကထရိုဆတ်ဟာယခုလအစောပိုင်းတုန်းကမစ်ဒယ်ဘရော့နှင့်အက်ဖ်အေဖလားပွဲတွင်မကစားရကြောင်းသိရပြီးနောက်လေ့ကျင့်ခန်းအစီအစဉ်မှစောစောစီးစီးထွက်ခွာသွားခဲ့ကြောင်း၊ယင်းအပြုအမူမျိုးကိုမနှစ်သက်ကြောင်းဆိုသွားပါတယ်။

ယခုအခါမှာတော့ထရိုဆတ်ဟာဗြိတိန်မှထွက်ခွာကာမွေးရပ်မြေဘယ်လ်ဂျီယံသို့ပြန်သွားပြီလို့ယူဆရပါတယ်။

ထရိုဆတ်ဟာယခုရာသီတွင်အန်ဖီးလ်မှာလီဗာပူးနှင့်ပွဲတွင်ဟက်ထရစ်သွင်းနိုင်ခဲ့သူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်တွင်၇ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာယခုရာသီအကုန်တွင်ဘရိုက်တန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ပါဝင်ပါတယ်။

ထရိုဆတ်ရဲ့အေးဂျင့်ကဘယ်လ်ဂျီယံစတားမှာဘရိုက်တန်နှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုသွားမှာမဟုတ်ဘဲဘရိုက်တန်မှထွက်ခွာလိုနေကြောင်း လူသိရှင်ကြားဆိုထားပါတယ်။

ZawGyi

ယေန႔ညလီဗာပူးပြဲမတိုင္မီ ပထမအသင္းမွ ဖယ္ရွားခံရၿပီးေနာက္ ၿဗိတိန္မွ ထြက္ခြာသြားခဲ့တဲ့ ဘ႐ိုက္တန္စတားထ႐ိုဆတ္

ဘ႐ိုက္တန္ေတာင္ပံကစားသမားလီယန္ဒ႐ိုထ႐ိုဆတ္ဟာၿဗိတိန္မွထြက္ခြာသြားမႈနဲ႔အတူယေန႔ညလီဗာပူးႏွင့္ပြဲစဥ္မွာပါဝင္လာေတာ့မွာမဟုတ္ပါဘူး။

အသက္၂၈ႏွစ္ရွိထ႐ိုဆတ္ဟာသူ႔ရဲ႕အျပဳအမူမ်ားေၾကာင့္ဘ႐ိုက္တန္ပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ဘ႐ိုက္တန္နည္းျပေရာဘတ္တိုဒီဇာဘီကထ႐ိုဆတ္ဟာယခုလအေစာပိုင္းတုန္းကမစ္ဒယ္ဘေရာ့ႏွင့္အက္ဖ္ေအဖလားပြဲတြင္မကစားရေၾကာင္းသိရၿပီးေနာက္ေလ့က်င့္ခန္းအစီအစဥ္မွေစာေစာစီးစီးထြက္ခြာသြားခဲ့ေၾကာင္း၊ယင္းအျပဳအမူမ်ိဳးကိုမႏွစ္သက္ေၾကာင္းဆိုသြားပါတယ္။

ယခုအခါမွာေတာ့ထ႐ိုဆတ္ဟာၿဗိတိန္မွထြက္ခြာကာေမြးရပ္ေျမဘယ္လ္ဂ်ီယံသို႔ျပန္သြားၿပီလို႔ယူဆရပါတယ္။

ထ႐ိုဆတ္ဟာယခုရာသီတြင္အန္ဖီးလ္မွာလီဗာပူးႏွင့္ပြဲတြင္ဟက္ထရစ္သြင္းႏိုင္ခဲ့သူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္တြင္၇ဂိုးသြင္းထားႏိုင္ပါတယ္။

သူဟာယခုရာသီအကုန္တြင္ဘ႐ိုက္တန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမဲ့စာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မဲ့အခ်က္ပါဝင္ပါတယ္။

ထ႐ိုဆတ္ရဲ႕ေအးဂ်င့္ကဘယ္လ္ဂ်ီယံစတားမွာဘ႐ိုက္တန္ႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုသြားမွာမဟုတ္ဘဲဘ႐ိုက္တန္မွထြက္ခြာလိုေနေၾကာင္း လူသိရွင္ၾကားဆိုထားပါတယ္။