ယနေ့ည ကမ္ဘာ့ဖလားခြေစစ်ပွဲ အဆုံးအဖြတ်ပွဲတွင် ပေါ်တူဂီကို အနိုင်ရရှိပါက ဆုကြေး ယူရို ၁သန်း ရရှိမယ့် ဆားဘီးယား

ဆားဘီးယားကစားသမားများဟာယနေ့ညပေါ်တူဂီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအဆုံးအဖြတ်ပွဲတွင်အနိုင်ရရှိပါကဆုကြေးငွေယူရို၁သန်းအထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

အုပ်စု(က)တွင်ပေါ်တူဂီဟာဆားဘီးယားနှင့်ရမှတ်တူနေပြီးဂိုးကွာခြားချက်ဖြင့်ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ပေါ်တူဂီဟာယနေ့ညလစ္စဘွန်းမှာကစားမယ့်ပွဲစဉ်မှာသရေကျရုံဖြင့်လာမယ့်ဆောင်းရာသီကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပါမယ်။

ဒါကြောင့်လည်းဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးတွန်းအားပေးတဲ့အနေဖြင့်ပေါ်တူဂီကိုအနိုင်ရရှိလျှင်ဆုကြေးငွေယူရို၁သန်းအထိပေးရန်ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဟာအစိုးရနှင့်သဘောတူညီမှုရယူကာ ဆားဘီးယားကစားသမားများကိုမြင့်မားတဲ့ဆုကြေးကမ်းလှမ်းလာတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပေါ်တူဂီကစားသမားတို့ဟာမတ်လတုန်းကဘဲလ်ဂရိတ်မှာအငြင်းပွားဖွယ်၂ဂိုးစီသရေကျပြီးနောက်အိမ်ကွင်းမှာအနိုင်ယူဖို့ကြိုးစားလာမှာသေချာနေပါတယ်။ယင်းပွဲမှာရော်နယ်ဒိုကနောက်ဆုံးမိနစ်အနိုင်ဂိုးသွင်းခဲ့ပေမယ့်လည်းစည်းကြပ်ဒိုင်ကဘောလုံးမှာဂိုးကိုမကျော်ဘူးဆိုပြီးအငြင်းပွားဖွယ်ဆုံးဖြတ်ခဲ့လို့အနိုင်မရခဲ့တာပါ။ယင်းမှာဂိုးလိုင်းနည်းပညာမရှိပါဘူး။

ရော်နယ်ဒိုဟာဒေါသထွက်လွန်းလို့စောဒကတက်မှုအတွက်အဝါကတ်ပြသခံခဲ့ရတဲ့အပြင်အသင်းခေါင်းဆောင်လက်ပတ်ကိုလည်းလွှင့်ပစ်ခဲ့ပါတယ်။

ZawGyi

ယေန႔ည ကမာၻ႔ဖလားေျခစစ္ပြဲ အဆုံးအျဖတ္ပြဲတြင္ ေပၚတူဂီကို အႏိုင္ရရွိပါက ဆုေၾကး ယူ႐ို ၁သန္း ရရွိမယ့္ ဆားဘီးယား

ဆားဘီးယားကစားသမားမ်ားဟာယေန႔ညေပၚတူဂီႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲအဆုံးအျဖတ္ပြဲတြင္အႏိုင္ရရွိပါကဆုေၾကးေငြယူ႐ို၁သန္းအထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အုပ္စု(က)တြင္ေပၚတူဂီဟာဆားဘီးယားႏွင့္ရမွတ္တူေနၿပီးဂိုးကြာျခားခ်က္ျဖင့္ထိပ္ဆုံးမွာရပ္တည္ေနပါတယ္။ေပၚတူဂီဟာယေန႔ညလစၥဘြန္းမွာကစားမယ့္ပြဲစဥ္မွာသေရက်႐ုံျဖင့္လာမယ့္ေဆာင္းရာသီကာတာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ပါမယ္။

ဒါေၾကာင့္လည္းဆားဘီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးတြန္းအားေပးတဲ့အေနျဖင့္ေပၚတူဂီကိုအႏိုင္ရရွိလွ်င္ဆုေၾကးေငြယူ႐ို၁သန္းအထိေပးရန္ကမ္းလွမ္းမႈျပဳလုပ္လာပါတယ္။

ဆားဘီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအစိုးရႏွင့္သေဘာတူညီမႈရယူကာ ဆားဘီးယားကစားသမားမ်ားကိုျမင့္မားတဲ့ဆုေၾကးကမ္းလွမ္းလာတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေပၚတူဂီကစားသမားတို႔ဟာမတ္လတုန္းကဘဲလ္ဂရိတ္မွာအျငင္းပြားဖြယ္၂ဂိုးစီသေရက်ၿပီးေနာက္အိမ္ကြင္းမွာအႏိုင္ယူဖို႔ႀကိဳးစားလာမွာေသခ်ာေနပါတယ္။ယင္းပြဲမွာေရာ္နယ္ဒိုကေနာက္ဆုံးမိနစ္အႏိုင္ဂိုးသြင္းခဲ့ေပမယ့္လည္းစည္းၾကပ္ဒိုင္ကေဘာလုံးမွာဂိုးကိုမေက်ာ္ဘူးဆိုၿပီးအျငင္းပြားဖြယ္ဆုံးျဖတ္ခဲ့လို႔အႏိုင္မရခဲ့တာပါ။ယင္းမွာဂိုးလိုင္းနည္းပညာမရွိပါဘူး။

ေရာ္နယ္ဒိုဟာေဒါသထြက္လြန္းလို႔ေစာဒကတက္မႈအတြက္အဝါကတ္ျပသခံခဲ့ရတဲ့အျပင္အသင္းေခါင္းေဆာင္လက္ပတ္ကိုလည္းလႊင့္ပစ္ခဲ့ပါတယ္။