ယနေ့ည စပိန်နှင့်ပွဲတွင် မိုရာတာ ပေါက်ကွဲပြလာမည်ကို ဘိုနုချီ အလွန်စိုးရိမ်နေ

လီယိုနာဒိုဘိုနုချီကယနေ့ညတွင်ဝင်ဘာလေကွင်းမှာကစားရမယ့်စပိန်နှင့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်တွင်စပိန်တိုက်စစ်မှူးအယ်လ်ဗာရိုမိုရာတာပေါက်ကွဲပြလာမည်ကိုအထူးစိုးရိမ်လျက်ရှိပါတယ်။

စပိန်တိုက်စစ်မှူးဟာယူရို၂၀၂၀ပြိုင်ပွဲအတွင်းတွင်သေချာပေါက်ဂိုးအခွင့်အရေးများဖြုန်းတီးမှုကြောင့်ပရိသတ်များရဲ့ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းအသက်၃၄နှစ်ရှိအီတလီဗဟိုနောက်ခံလူဘိုနုချီဟာဂျူဗင်တပ်မှာအတူတွဲကစားနေတဲ့မိုရာတာရဲ့လုပ်ဆောင်နိုင်စွမ်းကိုသိရှိနေရာယနေ့ညပွဲအတွက်အထူးစိုးရိမ်လျက်ရှိပါတယ်။

ဘိုနုချီက “အယ်လ်ဗာရိုကသူငယ်ချင်းကောင်းတစ်ဦးပါ။တူရင်မှာကျွန်တော်တို့အချိန်တွေအများကြီးအတူတူဖြတ်ကျော်ခဲ့ကြတယ်။ဝေဖန်မှုတွေကိုသူဘယ်လိုဖြတ်ကျော်နိုင်သလဲဆိုတာကျွန်တော်သိပါတယ်။သူကအံ့ဩစရာကောင်းတဲ့သူ၊အရမ်းတော်တဲ့အဖေတစ်ဦး၊အရမ်းတော်တဲ့ဘောလုံးသမားတစ်ဦးဖြစ်လို့သူ့ကိုကျွန်တော်အမြဲအားပေးပါတယ်။သူကဘောလုံးလည်းထိန်းနိုင်တယ်။ပြေးနိုင်တယ်။နေရာလွတ်ရှာပြီးတော့လည်းပြေးနိုင်တယ်။သူကပြီးပြည့်စုံတဲ့တိုက်စစ်မှူးပါ။သူကကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးပါ။ကျွန်တော်တို့အနေနဲ့သူ့ကိုမျက်စိအောက်ကအပျောက်ခံလို့မဖြစ်ပါဘူး”လို့ပြောကြားသွားပါတယ်။

မိုရာတာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအက်သလက်တီကိုမှဂျူဗင်တပ်သို့အငှားဖြင့်လာရောက်ကစားစဉ်အတွင်းပြိုင်ပွဲအရပ်ရပ်တွင်ဂိုး၂၀သွင်းယူနိုင်ခဲ့ပါတယ်။သူဟာလာမယ့်ဘောလုံးရာသီတွင်လည်းဂျူဗင်တပ်တွင်အငှားဖြင့်ထပ်ကစားပါဦးမယ်။

ဂျူဗင်တပ်ဟာလာမယ့်နွေရာသီမှာမိုရာတာကိုပေါင်သန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိနေပါတယ်။

ZawGyi

ယေန႔ည စပိန္ႏွင့္ပြဲတြင္ မိုရာတာ ေပါက္ကြဲျပလာမည္ကို ဘိုႏုခ်ီ အလြန္စိုးရိမ္ေန

လီယိုနာဒိုဘိုႏုခ်ီကယေန႔ညတြင္ဝင္ဘာေလကြင္းမွာကစားရမယ့္စပိန္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္တြင္စပိန္တိုက္စစ္မႉးအယ္လ္ဗာ႐ိုမိုရာတာေပါက္ကြဲျပလာမည္ကိုအထူးစိုးရိမ္လ်က္ရွိပါတယ္။

စပိန္တိုက္စစ္မႉးဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြင္းတြင္ေသခ်ာေပါက္ဂိုးအခြင့္အေရးမ်ားျဖဳန္းတီးမႈေၾကာင့္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားတိုက္ခိုက္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္းအသက္၃၄ႏွစ္ရွိအီတလီဗဟိုေနာက္ခံလူဘိုႏုခ်ီဟာဂ်ဴဗင္တပ္မွာအတူတြဲကစားေနတဲ့မိုရာတာရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကိုသိရွိေနရာယေန႔ညပြဲအတြက္အထူးစိုးရိမ္လ်က္ရွိပါတယ္။

ဘိုႏုခ်ီက “အယ္လ္ဗာ႐ိုကသူငယ္ခ်င္းေကာင္းတစ္ဦးပါ။တူရင္မွာကြၽန္ေတာ္တို႔အခ်ိန္ေတြအမ်ားႀကီးအတူတူျဖတ္ေက်ာ္ခဲ့ၾကတယ္။ေဝဖန္မႈေတြကိုသူဘယ္လိုျဖတ္ေက်ာ္ႏိုင္သလဲဆိုတာကြၽန္ေတာ္သိပါတယ္။သူကအံ့ဩစရာေကာင္းတဲ့သူ၊အရမ္းေတာ္တဲ့အေဖတစ္ဦး၊အရမ္းေတာ္တဲ့ေဘာလုံးသမားတစ္ဦးျဖစ္လို႔သူ႔ကိုကြၽန္ေတာ္အၿမဲအားေပးပါတယ္။သူကေဘာလုံးလည္းထိန္းႏိုင္တယ္။ေျပးႏိုင္တယ္။ေနရာလြတ္ရွာၿပီးေတာ့လည္းေျပးႏိုင္တယ္။သူကၿပီးျပည့္စုံတဲ့တိုက္စစ္မႉးပါ။သူကကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးေတြထဲကတစ္ဦးပါ။ကြၽန္ေတာ္တို႔အေနနဲ႔သူ႔ကိုမ်က္စိေအာက္ကအေပ်ာက္ခံလို႔မျဖစ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မိုရာတာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအက္သလက္တီကိုမွဂ်ဴဗင္တပ္သို႔အငွားျဖင့္လာေရာက္ကစားစဥ္အတြင္းၿပိဳင္ပြဲအရပ္ရပ္တြင္ဂိုး၂၀သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာလာမယ့္ေဘာလုံးရာသီတြင္လည္းဂ်ဴဗင္တပ္တြင္အငွားျဖင့္ထပ္ကစားပါဦးမယ္။

ဂ်ဴဗင္တပ္ဟာလာမယ့္ေႏြရာသီမွာမိုရာတာကိုေပါင္သန္း၄၀ျဖင့္အၿပီးသတ္ေခၚယူႏိုင္ခြင့္ရွိေနပါတယ္။