ယနေ့ည နယူးကာဆယ်နှင့်ပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒို ပွဲထွက်လာမည်

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညနယူးကာဆယ်နှင့်ပွဲစဉ်တွင်ပွဲထွက်ကစားသမားအဖြစ်ကစားလာမည်ဖြစ်ကြောင်းသိရပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအစောပိုင်းတုန်းကနယူးကာဆယ်နှင့်ပွဲတွင်ပွဲထွက်လာမည်ဖြစ်ကြောင်းအတည်မပြုထားပါဘူး။၎င်းကခရစ္စတီယာနိုရော်နယ်ဒိုမှာနယူးကာဆယ်နှင့်ပွဲတွင်ပွဲချိန်တချို့ဝင်ကစားမည်လို့သာပြောထားပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားနှင့်နည်းပြအဖွဲ့ဝင်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့လေ့ကျင့်ခန်းအစီအစဉ်တစ်ချို့ကိုကြည့်ရှုပြီးနောက်နယူးကာဆယ်နှင့်ပွဲတွင်ပွဲထွက်ကစားသမားအဖြစ်သေချာပေါက်အသုံးပြုသင့်ကြောင်းယုံကြည်ကာအသုံးပြုရန်ဆုံးဖြတ်လိုက်ကြတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့အင်္ဂါနေ့ကမှမန်ယူနှင့်အတူလေ့ကျင့်ခန်းဆင်းရခြင်းဖြစ်ပေမယ့်လည်းဂျူဗင်တပ်နှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းခဲ့တဲ့အပြင်ဂျူဗင်တပ်၊ပေါ်တူဂီတို့ပွဲကစားထားတာကြောင့်ပွဲထွက်ရန်ကြံ့ခိုင်မှုအပြည့်အဝရှိထားပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားက ခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်၃၆နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့်ယခင်ကထက်ပိုမိုကောင်းမွန်လာကြောင်းမန်ယူပရိသတ်များကိုကတိပြုထားပါတယ်။

ZawGyi

ယေန႔ည နယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ပြဲထြက္လာမည္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ပြဲထြက္ကစားသမားအျဖစ္ကစားလာမည္ျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအေစာပိုင္းတုန္းကနယူးကာဆယ္ႏွင့္ပြဲတြင္ပြဲထြက္လာမည္ျဖစ္ေၾကာင္းအတည္မျပဳထားပါဘူး။၎ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာနယူးကာဆယ္ႏွင့္ပြဲတြင္ပြဲခ်ိန္တခ်ိဳ႕ဝင္ကစားမည္လို႔သာေျပာထားပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေလ့က်င့္ခန္းအစီအစဥ္တစ္ခ်ိဳ႕ကိုၾကည့္ရႈၿပီးေနာက္နယူးကာဆယ္ႏွင့္ပြဲတြင္ပြဲထြက္ကစားသမားအျဖစ္ေသခ်ာေပါက္အသုံးျပဳသင့္ေၾကာင္းယုံၾကည္ကာအသုံးျပဳရန္ဆုံးျဖတ္လိုက္ၾကတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့အဂၤါေန႔ကမွမန္ယူႏွင့္အတူေလ့က်င့္ခန္းဆင္းရျခင္းျဖစ္ေပမယ့္လည္းဂ်ဴဗင္တပ္ႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းခဲ့တဲ့အျပင္ဂ်ဴဗင္တပ္၊ေပၚတူဂီတို႔ပြဲကစားထားတာေၾကာင့္ပြဲထြက္ရန္ႀကံ့ခိုင္မႈအျပည့္အဝရွိထားပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားက ခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသက္၃၆ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္ယခင္ကထက္ပိုမိုေကာင္းမြန္လာေၾကာင္းမန္ယူပရိသတ္မ်ားကိုကတိျပဳထားပါတယ္။