
အာဆင်နယ်ရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ ရှေ့တန်းကစားသမားဂါဘရီရယ်မာတီနယ်လီနှင့်နောက်တန်းအစွန်လူအိုလက်ဇန္ဒားဇင်ချန်ကိုတို့ဟာယနေ့ညပီအက်စ်ဗွီနှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်လာဖို့ရှိပါတယ်။
အဆိုပါကစားသမားနှစ်ဦးတို့ဟာကြံ့ခိုင်မှုပြဿနာကြောင့်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြခြင်းမရှိပါဘူး။ဒါကြောင့်အာတီတာကတော့ပွဲကစားရန်နီးကပ်တဲ့အချိန်အထိစောင့်ကြည့်ပြီးမှအသုံးပြု/မပြုကိုဆုံးဖြတ်သွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်။
မာတီနယ်လီဟာတနင်္ဂနွေနေ့တုန်းကလိဒ်ကိုအာဆင်နယ်က၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲကိုပါဝင်ကစားခဲ့သူဖြစ်ပြီးဇင်ချန်ကိုမှာခြေသလုံးဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ပွဲလေးပွဲကိုလွဲချော်လာခဲ့သူဖြစ်ပါတယ်။
အာဆင်နယ်ဟာယနေ့ညပီအက်စ်ဗွီနှင့်ပွဲကိုသရေကျရုံဖြင့် ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။
အာဆင်နယ်ဟာပီအက်စ်ဗွီနှင့်ပွဲကိုစက်တင်ဘာလ၁၅ရက်နေ့တုန်းကကစားရမှာဖြစ်ပေမဲ့ ဘုရင်မကြီးဈာပနာကြောင့်လုံခြုံရေးအပြည့်အဝမပေးနိုင်မှုနဲ့အတူရွှေ့ဆိုင်းခဲ့ရပါတယ်။
အာဆင်နယ်ဟာဗုဒ္ဓဟူးနေ့တုန်းကမန်စီးတီးနှင့်ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပေမဲ့ ပီအက်စ်ဗွီနှင့်ပွဲကို ကစားရန်ရှိနေတာကြောင့် ဇန်နဝါရီလသို့ရွှေ့ဆိုင်းထားရပါတယ်။
အာဆင်နယ်ဟာမန်စီးတီးနှင့်ပွဲကိုဇန်နဝါရီလသို့ရွှေ့ဆိုင်းထားရမှုနဲ့အတူ ဇန်နဝါရီလတွင်ပွဲကြပ်ခရီးကြမ်းလျှောက်လှမ်းလာရတော့မှာဖြစ်ပါတယ်။အာဆင်နယ်ဟာဇန်နဝါရီလတွင်နယူးကာဆယ်၊စပါးစ်၊ယူနိုက်တက်တို့နှင့်ရင်ဆိုင်ရရန်ရှိနေပြီးယခုအခါမန်စီးတီးနှင့်ပါရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ZawGyi
ယေန႔ည ပီအက္စ္ဗြီႏွင့္ပြဲစဥ္ကို အာဆင္နယ္ရဲ႕ဇင္ခ်င္ကိုႏွင့္ မာတီနယ္လီတို႔ လြဲေခ်ာ္ဖြယ္ရွိ
အာဆင္နယ္ရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ ေရွ႕တန္းကစားသမားဂါဘရီရယ္မာတီနယ္လီႏွင့္ေနာက္တန္းအစြန္လူအိုလက္ဇႏၵားဇင္ခ်န္ကိုတို႔ဟာယေန႔ညပီအက္စ္ဗြီႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္ကိုလြဲေခ်ာ္လာဖို႔ရွိပါတယ္။
အဆိုပါကစားသမားႏွစ္ဦးတို႔ဟာႀကံ့ခိုင္မႈျပႆနာေၾကာင့္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ၾကျခင္းမရွိပါဘူး။ဒါေၾကာင့္အာတီတာကေတာ့ပြဲကစားရန္နီးကပ္တဲ့အခ်ိန္အထိေစာင့္ၾကည့္ၿပီးမွအသုံးျပဳ/မျပဳကိုဆုံးျဖတ္သြားမွာျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။
မာတီနယ္လီဟာတနဂၤေႏြေန႔တုန္းကလိဒ္ကိုအာဆင္နယ္က၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲကိုပါဝင္ကစားခဲ့သူျဖစ္ၿပီးဇင္ခ်န္ကိုမွာေျခသလုံးဒဏ္ရာေၾကာင့္ အာဆင္နယ္ရဲ႕ပြဲေလးပြဲကိုလြဲေခ်ာ္လာခဲ့သူျဖစ္ပါတယ္။
အာဆင္နယ္ဟာယေန႔ညပီအက္စ္ဗြီႏွင့္ပြဲကိုသေရက်႐ုံျဖင့္ ရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္မွာလည္းျဖစ္ပါတယ္။
အာဆင္နယ္ဟာပီအက္စ္ဗြီႏွင့္ပြဲကိုစက္တင္ဘာလ၁၅ရက္ေန႔တုန္းကကစားရမွာျဖစ္ေပမဲ့ ဘုရင္မႀကီးဈာပနာေၾကာင့္လုံၿခဳံေရးအျပည့္အဝမေပးႏိုင္မႈနဲ႔အတူေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။
အာဆင္နယ္ဟာဗုဒၶဟူးေန႔တုန္းကမန္စီးတီးႏွင့္ပရီးမီးယားလိဂ္ပြဲကစားရမွာျဖစ္ေပမဲ့ ပီအက္စ္ဗြီႏွင့္ပြဲကို ကစားရန္ရွိေနတာေၾကာင့္ ဇန္နဝါရီလသို႔ေ႐ႊ႕ဆိုင္းထားရပါတယ္။
အာဆင္နယ္ဟာမန္စီးတီးႏွင့္ပြဲကိုဇန္နဝါရီလသို႔ေ႐ႊ႕ဆိုင္းထားရမႈနဲ႔အတူ ဇန္နဝါရီလတြင္ပြဲၾကပ္ခရီးၾကမ္းေလွ်ာက္လွမ္းလာရေတာ့မွာျဖစ္ပါတယ္။အာဆင္နယ္ဟာဇန္နဝါရီလတြင္နယူးကာဆယ္၊စပါးစ္၊ယူႏိုက္တက္တို႔ႏွင့္ရင္ဆိုင္ရရန္ရွိေနၿပီးယခုအခါမန္စီးတီးႏွင့္ပါရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။