ယနေ့ည ပြင်သစ်နှင့်ပွဲအတွက် လက်မှတ် ၁၃၀၀၀ အခမဲ့ဝေပြီး လေယာဉ် အကြိမ် ၃၀ ပြေးဆွဲကာ မော်ရိုကိုပရိသတ်များကို ပို့ဆောင်ထား

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ကယနေ့ညပြင်သစ်နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက်လက်မှတ်၁၃၀၀၀အခမဲ့ဝေမျှသွားမည်ဖြစ်ကြောင်းကြေညာသွားပါတယ်။

မော်ရိုကိုဟာဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲတွင်မထင်မှတ်ထားတဲ့အရာများပြုလုပ်ပြနေတဲ့အသင်းဖြစ်ပါတယ်။

၎င်းတို့ဟာ၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှားကိုသရေ၊ဘယ်လ်ဂျီယံကိုအနိုင်ယူကာအုပ်စုဗိုလ်ဖြစ်ခဲ့ပြီးရှုံးထွက်အဆင့်တွင်စပိန်ကိုလည်းကောင်း၊ကွာတားဖိုင်နယ်တွင်ပေါ်တူဂီကိုလည်းကောင်းအနိုင်ယူကာ ဆီမီးဖိုင်နယ်သို့တက်လာခဲ့ပါတယ်။

မော်ရိုကိုဟာကာတာကမ္ဘာ့ဖလားပွဲ၅ပွဲတွင်၁ဂိုးတည်းသာပေးထားရပြီးယင်း၁ဂိုးမှာလည်းကနေဒါနှင့်ပွဲတွင် OG ဂိုးမှတဆင့်ပေးထားရတာဖြစ်ပါတယ်။

၎င်းတို့ဟာယနေ့ညတွင်လက်ရှိချန်ပီယံပြင်သစ်ကိုအနိုင်ရရှိပါကတနင်္ဂနွေနေ့တွင်ဗိုလ်လုပွဲမှာအာဂျင်တီးနားနှင့်ရင်ဆိုင်ကစားရပါမယ်။

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာယခုညပွဲကိုမော်ရိုကိုပရိသတ်အမြောက်အမြားလာရောက်ကြည့်ရှုနိုင်ရန်လက်မှတ်၁၃၀၀၀အခမဲ့မျှဝေထားပါတယ်။

ယင်းလက်မှတ်များကိုကာတာရှိမော်ရိုကိုသံရုံးကမျှဝေမှုပြုလုပ်တယ်လို့ယူဆထားရပါတယ်။

ဒါပေမဲ့မော်ရိုကိုပရိသတ်များစွာတို့ကို ကာတာသို့ လေယာဉ်အစီး ၃၀ ဖြင့် Royal Air Moroc ကပြေးဆွဲပို့ဆောင်ထားပါတယ်။

Royal Air Moroc ဟာပြီးခဲ့တဲ့အပတ်ကပေါ်တူဂီနှင့်ကွာတားပွဲစဉ်မတိုင်မီတုန်းကလည်းပုံမှန်ထက် လေယာဉ်၇ကြိမ်အပိုပြေးဆွဲပေးခဲ့ပါတယ်။

ယနေ့ညတွင်ကစားမဲ့ပြင်သစ်နှင့်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကိုမော်ရိုကိုပရီသတ်၂၀၀၀၀အထိလာကြည့်ဖို့ရှိနေပါတယ်။

ယနေ့ညမော်ရိုကိုနှင့်ပြင်သစ်ပွဲကို Al Bayt Stadium တွင်ကစားမှာဖြစ်ပြီးယင်းကွင်းမှာပရိသတ်၆၈၈၉၅ဆန့်ပါတယ်။

ZawGyi

ယေန႔ည ျပင္သစ္ႏွင့္ပြဲအတြက္ လက္မွတ္ ၁၃၀၀၀ အခမဲ့ေဝၿပီး ေလယာဥ္ အႀကိမ္ ၃၀ ေျပးဆြဲကာ ေမာ္႐ိုကိုပရိသတ္မ်ားကို ပို႔ေဆာင္ထား

ေမာ္႐ိုကိုေဘာလုံးအဖြဲ႕ခ်ဳပ္ကယေန႔ညျပင္သစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္အတြက္လက္မွတ္၁၃၀၀၀အခမဲ့ေဝမွ်သြားမည္ျဖစ္ေၾကာင္းေၾကညာသြားပါတယ္။

ေမာ္႐ိုကိုဟာေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲတြင္မထင္မွတ္ထားတဲ့အရာမ်ားျပဳလုပ္ျပေနတဲ့အသင္းျဖစ္ပါတယ္။

၎တို႔ဟာ၂၀၁၈ကမာၻ႔ဖလားဗိုလ္လုပြဲေရာက္ခ႐ိုေအးရွားကိုသေရ၊ဘယ္လ္ဂ်ီယံကိုအႏိုင္ယူကာအုပ္စုဗိုလ္ျဖစ္ခဲ့ၿပီးရႈံးထြက္အဆင့္တြင္စပိန္ကိုလည္းေကာင္း၊ကြာတားဖိုင္နယ္တြင္ေပၚတူဂီကိုလည္းေကာင္းအႏိုင္ယူကာ ဆီမီးဖိုင္နယ္သို႔တက္လာခဲ့ပါတယ္။

ေမာ္႐ိုကိုဟာကာတာကမာၻ႔ဖလားပြဲ၅ပြဲတြင္၁ဂိုးတည္းသာေပးထားရၿပီးယင္း၁ဂိုးမွာလည္းကေနဒါႏွင့္ပြဲတြင္ OG ဂိုးမွတဆင့္ေပးထားရတာျဖစ္ပါတယ္။

၎တို႔ဟာယေန႔ညတြင္လက္ရွိခ်န္ပီယံျပင္သစ္ကိုအႏိုင္ရရွိပါကတနဂၤေႏြေန႔တြင္ဗိုလ္လုပြဲမွာအာဂ်င္တီးနားႏွင့္ရင္ဆိုင္ကစားရပါမယ္။

ေမာ္႐ိုကိုေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယခုညပြဲကိုေမာ္႐ိုကိုပရိသတ္အေျမာက္အျမားလာေရာက္ၾကည့္ရႈႏိုင္ရန္လက္မွတ္၁၃၀၀၀အခမဲ့မွ်ေဝထားပါတယ္။

ယင္းလက္မွတ္မ်ားကိုကာတာရွိေမာ္႐ိုကိုသံ႐ုံးကမွ်ေဝမႈျပဳလုပ္တယ္လို႔ယူဆထားရပါတယ္။

ဒါေပမဲ့ေမာ္႐ိုကိုပရိသတ္မ်ားစြာတို႔ကို ကာတာသို႔ ေလယာဥ္အစီး ၃၀ ျဖင့္ Royal Air Moroc ကေျပးဆြဲပို႔ေဆာင္ထားပါတယ္။

Royal Air Moroc ဟာၿပီးခဲ့တဲ့အပတ္ကေပၚတူဂီႏွင့္ကြာတားပြဲစဥ္မတိုင္မီတုန္းကလည္းပုံမွန္ထက္ ေလယာဥ္၇ႀကိမ္အပိုေျပးဆြဲေပးခဲ့ပါတယ္။

ယေန႔ညတြင္ကစားမဲ့ျပင္သစ္ႏွင့္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္ကိုေမာ္႐ိုကိုပရီသတ္၂၀၀၀၀အထိလာၾကည့္ဖို႔ရွိေနပါတယ္။

ယေန႔ညေမာ္႐ိုကိုႏွင့္ျပင္သစ္ပြဲကို Al Bayt Stadium တြင္ကစားမွာျဖစ္ၿပီးယင္းကြင္းမွာပရိသတ္၆၈၈၉၅ဆန႔္ပါတယ္။