ယနေ့ည ဘရက်စ်နှင့်ပွဲတွင် ပီအက်စ်ဂျီအသင်းအတွက် မက်ဆီပါဝင်ကစားလာဦးမည်မဟုတ်

လီယွန်နယ်မက်ဆီဟာယနေ့ညတွင်ဘရက််စနှင့်ရင်ဆိုင်ကစားရမယ့်လီဂူး၁ပွဲစဉ်အတွက်ပီအက်စ်ဂျီလူစာရင်းတွင်ပါဝင်လာခြင်းမရှိကြောင်း မသိရသေးသိရပါတယ်။

အစောပိုင်းတုန်းကပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုကအသက်၃၄နှစ်ရှိအာဂျင်တီးနားစတားဟာပီအက်စ်ဂျီတွင်အလျှင်အမြန်အထိုင်ချနေပြီဖြစ်ပြီးယနေ့ညတွင်ပွဲစဉ်တွင်ပါလာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ပြင်သစ်ထိပ်သီးဟာယနေ့ညမှာဘရက်စ်ကိုလီဂူး၁ပွဲစဉ်၃အဖြစ်အဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

မက်ဆီဟာစနေနေ့တုန်းကစထရာဘော့အားအိမ်ကွင်းမှာ၄-၂ဖြင့်အနိုင်ရတဲ့ပွဲကိုလွဲခဲ့သူလည်းဖြစ်ပါတယ်။

ပိုချက်တီနိုက “ဘယ်သူတွေကစားမလဲဆိုတာမရွေးရသေးပါဘူး။မက်ဆီပါဝင်လာနိုင်မလားဆိုတာကြည့်ရပါဦးမယ်။အားလုံးကအပြုသဘောဆောင်ပါတယ်။အသင်းအတွင်းမှာကောင်းမွန်တဲ့ရင်းနှီးချစ်ကြည်မှုလည်းရှိပါတယ်။သူလည်းအလျှင်အမြန်ကောင်းကောင်းမွန်မွန်ဘဲအထိုင်ကျနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်မက်ဆီဟာယနေ့ညတွင်ဘရက်စ်နှင့်ကစားရမယ့်ပွဲစဉ်အတွက်ပီအက်စ်ဂျီလူစာရင်းတွင်ပါဝင်လာခြင်းမရှိသေးမှုနဲ့အတူပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကစားရန်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

လက်ရှိအနေအထားကြောင့်မက်ဆီဟာလာမယ့်အပတ်တွင်ကစားမယ့်ရိမ်းစ်နှင့်ပွဲစဉ်တွင်မှပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားလာနိုင်ဖို့သေချာနေပါတယ်။

တစ်ဖက်တွင်ကမ္ဘာ့ဘောလုံးပရိသတ်များဟာပီအက်စ်ဂျီအသင်းတွင်နေမာ၊မက်ဆီ၊ဘက်ပေးတို့တစ်ပြိုင်တည်းပွဲထွက်လာမယ့်အခြေအနေအပေါ် စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါတယ်။

ZawGyi

ယေန႔ည ဘရက္စ္ႏွင့္ပြဲတြင္ ပီအက္စ္ဂ်ီအသင္းအတြက္ မက္ဆီပါဝင္ကစားလာဦးမည္မဟုတ္

လီယြန္နယ္မက္ဆီဟာယေန႔ညတြင္ဘရက္္စႏွင့္ရင္ဆိုင္ကစားရမယ့္လီဂူး၁ပြဲစဥ္အတြက္ပီအက္စ္ဂ်ီလူစာရင္းတြင္ပါဝင္လာျခင္းမရွိေၾကာင္း မသိရေသးသိရပါတယ္။

အေစာပိုင္းတုန္းကပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုကအသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစတားဟာပီအက္စ္ဂ်ီတြင္အလွ်င္အျမန္အထိုင္ခ်ေနၿပီျဖစ္ၿပီးယေန႔ညတြင္ပြဲစဥ္တြင္ပါလာႏိုင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ထိပ္သီးဟာယေန႔ညမွာဘရက္စ္ကိုလီဂူး၁ပြဲစဥ္၃အျဖစ္အေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။

မက္ဆီဟာစေနေန႔တုန္းကစထရာေဘာ့အားအိမ္ကြင္းမွာ၄-၂ျဖင့္အႏိုင္ရတဲ့ပြဲကိုလြဲခဲ့သူလည္းျဖစ္ပါတယ္။

ပိုခ်က္တီႏိုက “ဘယ္သူေတြကစားမလဲဆိုတာမေ႐ြးရေသးပါဘူး။မက္ဆီပါဝင္လာႏိုင္မလားဆိုတာၾကည့္ရပါဦးမယ္။အားလုံးကအျပဳသေဘာေဆာင္ပါတယ္။အသင္းအတြင္းမွာေကာင္းမြန္တဲ့ရင္းႏွီးခ်စ္ၾကည္မႈလည္းရွိပါတယ္။သူလည္းအလွ်င္အျမန္ေကာင္းေကာင္းမြန္မြန္ဘဲအထိုင္က်ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္မက္ဆီဟာယေန႔ညတြင္ဘရက္စ္ႏွင့္ကစားရမယ့္ပြဲစဥ္အတြက္ပီအက္စ္ဂ်ီလူစာရင္းတြင္ပါဝင္လာျခင္းမရွိေသးမႈနဲ႔အတူပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကစားရန္ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။

လက္ရွိအေနအထားေၾကာင့္မက္ဆီဟာလာမယ့္အပတ္တြင္ကစားမယ့္ရိမ္းစ္ႏွင့္ပြဲစဥ္တြင္မွပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားလာႏိုင္ဖို႔ေသခ်ာေနပါတယ္။

တစ္ဖက္တြင္ကမာၻ႔ေဘာလုံးပရိသတ္မ်ားဟာပီအက္စ္ဂ်ီအသင္းတြင္ေနမာ၊မက္ဆီ၊ဘက္ေပးတို႔တစ္ၿပိဳင္တည္းပြဲထြက္လာမယ့္အေျခအေနအေပၚ စိတ္လႈပ္ရွားစြာေစာင့္ၾကည့္ေနၾကပါတယ္။