ယနေ့ည မန်ချက်စတာဒါဘီပွဲတွင် ပါဝင်လာဦးမှာမဟုတ်သေးတဲ့ ယူနိုက်တက်တိုက်စစ်မှူးသစ်ဝက်ဟော့စ်

မန်ချက်စတာယူနိုက်တက်ဟာဘန်လေမှတိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ကိုအငှားဖြင့်ခေါ်ယူမှုအပြီးသတ်လုပ်ဆောင်လိုက်နိုင်ပြီဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာတူရကီကလပ်ဘီဆစ်တပ်ခ်တွင်အငှားဖြင့်ကစားနေစဉ်အတွင်းပထမရာသီဝက်တုန်းကခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်ယူနိုက်တက်သို့အငှားဖြင့်ပြောင်းခွင့်ရလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဒတ်ချ်တိုက်စစ်မှူးကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်အောင်ငှားရမ်းခပေါင်၂.၆သန်းပေးခဲ့ရပါတယ်။

ဝက်ဟော့စ်ဟာယူနိုက်တက်သို့ပြောင်းရွှေ့နိုင်ပြီဖြစ်ပေမဲ့လည်းကစားသမားမှတ်ပုံတင်ရခြင်းမရှိသေးမှုကြောင့်ယနေ့ညအိုးထရက်ဖို့ဒ်တွင်မန်စီးတီးကိုဧည့်ခံကစားရမဲ့မန်ချက်စတာဒါဘီပွဲမှာပါဝင်လာဦးမှာမဟုတ်သေးပါဘူး။

ဝက်ဟော့စ်ဟာ၂၀၂၁ခုနှစ်၊ဇန်နဝါရီလတုန်းကဝုဖ်ဘတ်မှဘန်လေသို့ပေါင်၁၂သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာဘန်လေအတွက်၂ဂိုးတည်းသာသွင်းနိုင်ခဲ့ပြီးတန်းဆင်းသွားခဲ့ရပြီးနောက်ဘီဆစ်တပ်ခ်သို့အငှားဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာဘီဆစ်တပ်ခ်အတွက်လိဂ်ပွဲ၁၆ပွဲကစားထားရာတွင်၈ဂိုးသွင်းပြီး၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။ဒါပေမဲ့သူဟာတူရကီရှုံးထွက်ဖလားပွဲတွင်လည်း၂ပွဲကစားထားရာမှာ၁ဂိုးသွင်းထားနိုင်ပါတယ်။သူဟာအာဂျင်တီးနားကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွင်နောက်ကျဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ယေန႔ည မန္ခ်က္စတာဒါဘီပြဲတြင္ ပါဝင္လာဦးမွာမဟုတ္ေသးတဲ့ ယူႏိုက္တက္တိုက္စစ္မႉးသစ္ဝက္ေဟာ့စ္

မန္ခ်က္စတာယူႏိုက္တက္ဟာဘန္ေလမွတိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္ကိုအငွားျဖင့္ေခၚယူမႈအၿပီးသတ္လုပ္ေဆာင္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာတူရကီကလပ္ဘီဆစ္တပ္ခ္တြင္အငွားျဖင့္ကစားေနစဥ္အတြင္းပထမရာသီဝက္တုန္းကေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေနာက္ယူႏိုက္တက္သို႔အငွားျဖင့္ေျပာင္းခြင့္ရလာခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဒတ္ခ်္တိုက္စစ္မႉးကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ေအာင္ငွားရမ္းခေပါင္၂.၆သန္းေပးခဲ့ရပါတယ္။

ဝက္ေဟာ့စ္ဟာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ႏိုင္ၿပီျဖစ္ေပမဲ့လည္းကစားသမားမွတ္ပုံတင္ရျခင္းမရွိေသးမႈေၾကာင့္ယေန႔ညအိုးထရက္ဖို႔ဒ္တြင္မန္စီးတီးကိုဧည့္ခံကစားရမဲ့မန္ခ်က္စတာဒါဘီပြဲမွာပါဝင္လာဦးမွာမဟုတ္ေသးပါဘူး။

ဝက္ေဟာ့စ္ဟာ၂၀၂၁ခုႏွစ္၊ဇန္နဝါရီလတုန္းကဝုဖ္ဘတ္မွဘန္ေလသို႔ေပါင္၁၂သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာဘန္ေလအတြက္၂ဂိုးတည္းသာသြင္းႏိုင္ခဲ့ၿပီးတန္းဆင္းသြားခဲ့ရၿပီးေနာက္ဘီဆစ္တပ္ခ္သို႔အငွားျဖင့္ေျပာင္းခဲ့ပါတယ္။

သူဟာဘီဆစ္တပ္ခ္အတြက္လိဂ္ပြဲ၁၆ပြဲကစားထားရာတြင္၈ဂိုးသြင္းၿပီး၄ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။ဒါေပမဲ့သူဟာတူရကီရႈံးထြက္ဖလားပြဲတြင္လည္း၂ပြဲကစားထားရာမွာ၁ဂိုးသြင္းထားႏိုင္ပါတယ္။သူဟာအာဂ်င္တီးနားကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲတြင္ေနာက္က်ဂိုးႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။