ယနေ့ည လက်စတာနှင့် အက်ဖ်အေဖလားပွဲစဉ်ကို မားကပ်စ်ရပ်ရှ်ဖို့ဒ်လွဲချော်နိုင်

မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာယနေ့ညတွင်လက်စတာနှင့်ရင်ဆိုင်ကစားရမယ့်အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ဖွယ်ရှိနေတဲ့အပြင်အင်္ဂလန်ရဲ့လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲကို လည်းလွဲချော်နိုင်ကြောင်းသိရပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာယနေ့ညတွင်ကစားမယ့်လက်စတာနှင့်ပွဲစဉ်တွင်ရပ်ရှ်ဖို့ဒ်ကိုမထည့်သွင်းပါက အင်္ဂလန်အသင်းမှလည်းနုတ်ထွက်စေမှာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာကြာသပတေးနေ့တုန်းကအေစီမီလန်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိ ကာပေါလ်ပေါ့ဘာနှင့်လူစားလဲခဲ့ရပါတယ်။

လက်ရှိအချိန်မှာနည်းပြဆိုးလ်ရှားဟာလည်းအသက်၂၃နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးရဲ့ဒဏ်ရာအတိမ်အနက်ကိုမသိရှိသေးပါဘူး။

ဆိုးလ်ရှားက “သူ့ဒဏ်ရာအခြေအနေဘယ်လိုဘဲဆိုတာမသိပါဘူး။ရိုးရိုးသားသားဘဲပြောတာပါ။မီလန်နဲ့ပွဲ မှာနည်းနည်းရုန်းကန်နေခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi





