ယနေ့ည အတ္တလန္တာနှင့်ပွဲစဉ်တွင် နာပိုလီရဲ့စီးရီးအေအကောင်းဆုံးကစားသမားလွဲမည်

နာပိုလီစတားခါဗီခါခါဗာရာဆာဟီလီယာဟာကျောနာကျင်နေမှုကြောင့်ယနေ့ညတွင် အတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

ဒါ့အပြင်အသက်၂၁နှစ်ရှိခါဗာရာဆာဟီလီယာအပြင်အေမာရာမာနီမှာလည်းအတ္တလန္တာနှင့်ပွဲစဉ်ကိုလွဲချော်ပါဦးမယ်။

လက်ရှိအချိန်တွင်ခါဗာရာဆာဟီလီယာမှာဒဏ်ရာကြောင့်ဘယ်လောက်အထိအနားယူမယ်ဆိုတာမသိရသေးပါဘူး။ဒါပေမဲ့ခါဗာရာဆာဟီလီယာမပါဝင်လာမှုကနာပိုလီအတွက်အတ္တလန္တာနှင့်ပွဲကဲ့သို့အရေးပါတဲ့ပွဲတွင်မပါဝင်နိုင်မှုကကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။

ခါဗာရာဆာဟီလီယာမှာယခုရာသီတွင်နာပိုလီအတွက်စီးရီးအေပွဲ၁၂ပွဲကစားထားရာမှာ၆ဂိုးသွင်းယူပြီး၇ကြိမ်ဖန်တီးမှုပြုလုပ်ကာစီးရီးအေတွင်အကောင်းဆုံးခြေစွမ်းပြနေသူအဖြစ်သတ်မှတ်ခံထားရပါတယ်။

သူဟာချန်ပီယံလိဂ်တွင်လည်းနာပိုလီအတွက်ပွဲ၅ပွဲကစားထားရာမှာ၂ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။

ဂျော်ဂျီယာမက်ဆီလို့ပရိသတ်များကချစ်စနိုးအမည်ပေးခြင်းခံထားရတဲ့သူဟာယခုရာသီတွင်ရိန်းဂျားကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲတစ်ပွဲတည်းကိုသာလွဲချော်ထားပါတယ်။

ZawGyi

ယေန႔ည အတၱလႏၲာႏွင့္ပြဲစဥ္တြင္ နာပိုလီရဲ႕စီးရီးေအအေကာင္းဆုံးကစားသမားလြဲမည္

နာပိုလီစတားခါဗီခါခါဗာရာဆာဟီလီယာဟာေက်ာနာက်င္ေနမႈေၾကာင့္ယေန႔ညတြင္ အတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္ကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္အသက္၂၁ႏွစ္ရွိခါဗာရာဆာဟီလီယာအျပင္ေအမာရာမာနီမွာလည္းအတၱလႏၲာႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ပါဦးမယ္။

လက္ရွိအခ်ိန္တြင္ခါဗာရာဆာဟီလီယာမွာဒဏ္ရာေၾကာင့္ဘယ္ေလာက္အထိအနားယူမယ္ဆိုတာမသိရေသးပါဘူး။ဒါေပမဲ့ခါဗာရာဆာဟီလီယာမပါဝင္လာမႈကနာပိုလီအတြက္အတၱလႏၲာႏွင့္ပြဲကဲ့သို႔အေရးပါတဲ့ပြဲတြင္မပါဝင္ႏိုင္မႈကႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္ေနပါတယ္။

ခါဗာရာဆာဟီလီယာမွာယခုရာသီတြင္နာပိုလီအတြက္စီးရီးေအပြဲ၁၂ပြဲကစားထားရာမွာ၆ဂိုးသြင္းယူၿပီး၇ႀကိမ္ဖန္တီးမႈျပဳလုပ္ကာစီးရီးေအတြင္အေကာင္းဆုံးေျခစြမ္းျပေနသူအျဖစ္သတ္မွတ္ခံထားရပါတယ္။

သူဟာခ်န္ပီယံလိဂ္တြင္လည္းနာပိုလီအတြက္ပြဲ၅ပြဲကစားထားရာမွာ၂ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးထားပါတယ္။

ေဂ်ာ္ဂ်ီယာမက္ဆီလို႔ပရိသတ္မ်ားကခ်စ္စႏိုးအမည္ေပးျခင္းခံထားရတဲ့သူဟာယခုရာသီတြင္ရိန္းဂ်ားကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ခ်န္ပီယံလိဂ္ပြဲတစ္ပြဲတည္းကိုသာလြဲေခ်ာ္ထားပါတယ္။