
ချဲလ်ဆီးဟာယနေ့ညအေစီမီလန်နှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီမပါဝင်ဘဲရင်ဆိုင်ရပါမယ်။
အသက်၃၁နှစ်ရှိကန်တီဟာလေ့ကျင့်ခန်းအစီအစဉ်တွင်တံကောက်ကြောဒဏ်ရာဟောင်းပြန်လည်ရရှိခဲ့တာဖြစ်ပြီးအီတလီသို့ထွက်ခွာသွားတဲ့ချဲလ်ဆီးလူစာရင်းတွင်မပါဝင်ခဲ့ပါဘူး။
ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့အန်ဂိုလိုကန်တီဟာဩဂုတ်လ၁၄ရက်နေ့တုန်းကစပါးစ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲပြီးကတည်းက အနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။
ဂရေဟမ်ပေါ်တာက “သူ့အတွက်ရောကျွန်တော်တို့အတွက်ပါစိတ်ပျက်စရာပါ။ဒါပေမဲ့စောင့်ကြည့်ရဦးမယ်။ထပ်ပြီးတော့စစ်ဆေးကြည့်ရဦးမယ်”လို့ပြောကြားသွားပါတယ်။
မော်ရိုကိုတောင်ပံကစားသမားဟာကမ်ဇီယက်ချ်မှာလည်းဖျားနာနေမှုကြောင့်ဆန်စီရိုတွင်အေစီမီလန်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်ပါမယ်။
ချဲလ်ဆီးဟာချန်ပီယံလိဂ်ပွဲ၃ပွဲကစားပြီးချိန်တွင်ရမှတ်၄မှတ်ဖြင့်ထိပ်ဆုံးမှရက်ဘူးလ်ဆဲလ်ဘတ်နှင့်တစ်မှတ်အကွာဒုတိယနေရာမှာရပ်တည်နေပါတယ်။
ZawGyi
ယနေ့ည အေစီမီလန်နှင့်ပွဲစဉ်တွင် ချဲလ်ဆီးကွင်းလယ်လူအန်ဂိုလိုကန်တီလွဲမည်
မော်ရိုကိုတောင်ပံကစားသမားဟာကမ်ဇီယက်ခ်ျမှာလည်းဖျားနာနေမှုကြောင့်ဆန်စီရိုတွင်အေစီမီလန်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်ပါမယ်။
ချဲလ်ဆီးဟာချန်ပီယံလိဂ်ပွဲ၃ပွဲကစားပြီးချိန်တွင်ရမှတ်၎မှတ်ဖြင့်ထိပ်ဆုံးမှရက်ဘူးလ်ဆဲလ်ဘတ်နှင့်တစ်မှတ်အကွာဒုတိယနေရာမှာရပ်တည်နေပါတယ်။