ယနေ့တွင် ဒီစီနည်းပြသစ်အဖြစ် ဝိန်းရွန်းနီကို မိတ်ဆက်မည်

ဝိန်းရွန်းနီဟာယနေ့တွင်ဒီစီယူနိုက်တက်နည်းပြသစ်အဖြစ်မိတ်ဆက်လာဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့လတုန်းကဒါဘီနည်းပြရာထူမှနုတ်ထွက်ခဲ့တဲ့ဝိန်းရွန်းနီဟာဒီစီယူနိုက်တက်ရဲ့နည်းပြရာထူးကိုလက်ခံရန်အမေရိကန်သို့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာဇနီးကောလင်းကဗြိတိန်တွင်ပင်ဆက်လက်နေထိုင်လိုပေမဲ့နည်းပြဘဝမြင့်မားရေးရည်ရွယ်ချက်ဖြင့်ဒီစီယူနိုက်တက်ကိုကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာကစားသမားဘဝတုန်းက၁၈လကြာကစားခဲ့ဖူးတဲ့ဒီစီယူနိုက်တက်ကိုတစ်နှစ်လုပ်ခပေါင်၈၀၀၀၀၀(ဒေါ်လာ၁သန်း)ဖြင့်ကိုင်တွယ်ရန်သဘောတူညီမှုရရှိထားပြီလည်းဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာ၂၀၁၈ခုနှစ်နွေရာသီတုန်းကအဲဗာတန်မှထွက်ခွာပြီးနောက်ဒီစီယူနိုက်တက်တွင် နှစ်ရာသီကစားခဲ့ပြီး၅၂ပွဲကစားခဲ့ရာမှာ၂၅ဂိုးသွင်းယူပေးခဲ့ပါတယ်။

ကောလင်းဟာခင်ပွန်းသည်ရွန်းနီရဲ့အမေရိကန်တွင်အလုပ်လုပ်ရန်ထွက်ခွာမှုကိုထောက်ခံအားပေးပေမဲ့သူမကိုယ်တိုင်လိုက်ပါနေထိုင်မလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

အသက်၃၆နှစ်ရှိရွန်းနီဟာဇန်လတုန်းကလိဂ်ဝမ်းသို့တန်းဆင်းသွားခဲ့တဲ့ဒါဘီကောင်တီနည်းပြရာထူးမှထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

ZawGyi

ယေန႔တြင္ ဒီစီနည္းျပသစ္အျဖစ္ ဝိန္း႐ြန္းနီကို မိတ္ဆက္မည္

ဝိန္း႐ြန္းနီဟာယေန႔တြင္ဒီစီယူႏိုက္တက္နည္းျပသစ္အျဖစ္မိတ္ဆက္လာဖို႔ရွိေနပါတယ္။ၿပီးခဲ့တဲ့လတုန္းကဒါဘီနည္းျပရာထူမွႏုတ္ထြက္ခဲ့တဲ့ဝိန္း႐ြန္းနီဟာဒီစီယူႏိုက္တက္ရဲ႕နည္းျပရာထူးကိုလက္ခံရန္အေမရိကန္သို႔ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။

ဝိန္း႐ြန္းနီဟာဇနီးေကာလင္းကၿဗိတိန္တြင္ပင္ဆက္လက္ေနထိုင္လိုေပမဲ့နည္းျပဘဝျမင့္မားေရးရည္႐ြယ္ခ်က္ျဖင့္ဒီစီယူႏိုက္တက္ကိုကိုင္တြယ္ရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဝိန္း႐ြန္းနီဟာကစားသမားဘဝတုန္းက၁၈လၾကာကစားခဲ့ဖူးတဲ့ဒီစီယူႏိုက္တက္ကိုတစ္ႏွစ္လုပ္ခေပါင္၈၀၀၀၀၀(ေဒၚလာ၁သန္း)ျဖင့္ကိုင္တြယ္ရန္သေဘာတူညီမႈရရွိထားၿပီလည္းျဖစ္ပါတယ္။

ဝိန္း႐ြန္းနီဟာ၂၀၁၈ခုႏွစ္ေႏြရာသီတုန္းကအဲဗာတန္မွထြက္ခြာၿပီးေနာက္ဒီစီယူႏိုက္တက္တြင္ ႏွစ္ရာသီကစားခဲ့ၿပီး၅၂ပြဲကစားခဲ့ရာမွာ၂၅ဂိုးသြင္းယူေပးခဲ့ပါတယ္။

ေကာလင္းဟာခင္ပြန္းသည္႐ြန္းနီရဲ႕အေမရိကန္တြင္အလုပ္လုပ္ရန္ထြက္ခြာမႈကိုေထာက္ခံအားေပးေပမဲ့သူမကိုယ္တိုင္လိုက္ပါေနထိုင္မလားဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။

အသက္၃၆ႏွစ္ရွိ႐ြန္းနီဟာဇန္လတုန္းကလိဂ္ဝမ္းသို႔တန္းဆင္းသြားခဲ့တဲ့ဒါဘီေကာင္တီနည္းျပရာထူးမွထြက္ခြာလာခဲ့သူျဖစ္ပါတယ္။