ယနေ့ ကမ္ဘာ့ဖလားဆီမီးပွဲမတိုင်မီ အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို ဟယ်လီကော်ပတာဖြင့် စပိုင်လုပ်လာတဲ့ ဩဇီ

ဩစတြေးလျအမျိုးသမီးဘောလုံးအသင်းဟာ ယနေ့ညနေပိုင်းတွင် ကစားမဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမတိုင်မီ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်းဆင်းမှုများကို စပိုင်လုပ်လာပါတယ်။

အထက်ပါသတင်းကို ဆစ်ဒနီအခြေစိုက် Australian Daily Telegraph ကဖော်ပြလာတာလည်း ဖြစ်ပါတယ်။

Australian Daily Telegraph ရဲ့ဖော်ပြမှုအရ ဩစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ အင်္ဂလန်အမျိုးသမီးအသင်းရဲ့လေ့ကျင့်ခန်းဆင်းမှုများကို ဟယ်လီကော်ပတာ စေလွှတ်ပြီး မှတ်တမ်းရယူ ကင်းထောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာ ဂေါ့စ်ဖို့ဒ်က လေ့ကျင့်ရေးကွင်းတစ်ခုမှာ လေ့ကျင့်ခန်းဆင်းနေခဲ့တာ ဖြစ်ပြီး ဩစတြေးလျအမျိုးသမီးအသင်းကတော့ ကိုဂါရက်တွင် တံခါးပိတ် လေကျင့်ခန်းဆင်းမှု ပြုလုပ်နေပါတယ်။

ယနေ့ည အင်္ဂလန်နှင့် ဩစတြေးလျအသင်းတို့မှ အနိုင်ရတဲ့အသင်းဟာ ဗိုလ်လုပွဲတွင် စပိန်အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။