ယန်းဘွိုင်းစ်နှင့်ပွဲတွင် ကန်ချက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီးနောက် ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အဆိုးဆုံးဖြစ်ခဲ့တဲ့ သရဲနီ

မန်ယူဟာမနေ့ညတုန်းကယန်းဘွိုင်းစ်အား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာဂိုးပေါက်တည့်တဲ့ကန်ချက် နှစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

မန်ယူဟာ၁၇နှစ်တာကာလအတွင်းတွင်အဆိုးရွားဆုံးချန်ပီယံလိဂ်ပွဲဂိုးကန်သွင်းမှုလည်းဖြစ်ပါတယ်။

မန်ယူဟာ၂၀၀၃-၀၄ရာသီတုန်းကချန်ပီယံလိဂ်ပွဲစဉ်မှာဂိုးပေါက်ရှေ့မှာရုန်းကန်ခဲ့ရပြီးနောက်အဆိုးရွားဆုံးဂိုးကန်ပေါက်သွင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့၂၀၀၃-၀၄ရာသီတုန်းကယင်းပွဲမှာရော်နယ်ဒိုကဂိုးပေါက်ကန်သွင်းမှုပြုလုပ်ခဲ့ပြီးယခုယန်းဘွိုင်းစ်နှင့်ပွဲတွင်လည်းရော်နယ်ဒိုကဘဲဂိုးပေါက်ကန်သွင်းမှုနှစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာယန်းဘွိုင်းစ်နှင့်ပွဲတွင်ဂိုးပေါက်ကန်သွင်းမှု၂ကြိမ်ပြုလုပ်ခဲ့ပြီး၁၃မိနစ်မှာပြုလုပ်တဲ့မန်ယူအတွက်ပထမဆုံးဂိုးပေါက်ကန်ချက်ဖြင့်ဂိုးရအောင်သွင်းနိုင်ခဲ့ပါတယ်။ယင်းနောက်၁၂မိနစ်အကြာမှာရော်နယ်ဒိုဟာသူ့ရဲ့ဒုတိယမြောက်နှင့်မန်ယူအတွက်နောက်ဆုံးဂိုးပေါက်ကန်မှုပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ဒုတိယမြောက်ကန်ချက်ကိုယန်းဘွိုင်းစ်ဂိုးသမားကာကွယ်ခဲ့ပါတယ်။

ယင်းအဖြစ်အပျက်ပြီးနောက်၁၀မိနစ်အကြာမှာပွဲအလှည့်အပြောင်းအဖြစ်မန်ယူနောက်ခံလူဝမ်ဘစ်ဆာခါအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပွဲချိန်၆၆မိနစ်မှာယန်းဘွိုင်းစ်တို့ချေပဂိုးရခဲ့ပြီးဆိုးလ်ရှားဟာရော်နယ်ဒိုကိုထုတ်ပြီးလင်ဂတ်နဲ့အစားထိုးခဲ့ပါတယ်။

ဒါပေမယ့်လင်ဂတ်ဟာပွဲချိန်၉၅မိနစ်မှာနောက်ပြန်လူပေးမှားမှုပြုလုပ်ခဲ့ပြီးဂျော်ဒန်ဆေဘတ်ချူကယန်းဘွိုင်းစ်အတွက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။

ဆိုးလ်ရှားဟာချန်ပီယံလိဂ်မှာယန်းဘွိုင်းအားရှုံးနိမ့်မှုနဲ့အတူဖိအားများကျရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ယန္းဘြိဳင္းစ္ႏွင့္ပြဲတြင္ ကန္ခ်က္ ၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ဆယ္စုႏွစ္ ႏွစ္ခုနီးပါးအတြင္း အဆိုးဆုံးျဖစ္ခဲ့တဲ့ သရဲနီ

မန္ယူဟာမေန႔ညတုန္းကယန္းဘြိဳင္းစ္အား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာဂိုးေပါက္တည့္တဲ့ကန္ခ်က္ ႏွစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူဟာ၁၇ႏွစ္တာကာလအတြင္းတြင္အဆိုး႐ြားဆုံးခ်န္ပီယံလိဂ္ပြဲဂိုးကန္သြင္းမႈလည္းျဖစ္ပါတယ္။

မန္ယူဟာ၂၀၀၃-၀၄ရာသီတုန္းကခ်န္ပီယံလိဂ္ပြဲစဥ္မွာဂိုးေပါက္ေရွ႕မွာ႐ုန္းကန္ခဲ့ရၿပီးေနာက္အဆိုး႐ြားဆုံးဂိုးကန္ေပါက္သြင္းမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့၂၀၀၃-၀၄ရာသီတုန္းကယင္းပြဲမွာေရာ္နယ္ဒိုကဂိုးေပါက္ကန္သြင္းမႈျပဳလုပ္ခဲ့ၿပီးယခုယန္းဘြိဳင္းစ္ႏွင့္ပြဲတြင္လည္းေရာ္နယ္ဒိုကဘဲဂိုးေပါက္ကန္သြင္းမႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာယန္းဘြိဳင္းစ္ႏွင့္ပြဲတြင္ဂိုးေပါက္ကန္သြင္းမႈ၂ႀကိမ္ျပဳလုပ္ခဲ့ၿပီး၁၃မိနစ္မွာျပဳလုပ္တဲ့မန္ယူအတြက္ပထမဆုံးဂိုးေပါက္ကန္ခ်က္ျဖင့္ဂိုးရေအာင္သြင္းႏိုင္ခဲ့ပါတယ္။ယင္းေနာက္၁၂မိနစ္အၾကာမွာေရာ္နယ္ဒိုဟာသူ႔ရဲ႕ဒုတိယေျမာက္ႏွင့္မန္ယူအတြက္ေနာက္ဆုံးဂိုးေပါက္ကန္မႈျပဳလုပ္ခဲ့ပါတယ္။ေရာ္နယ္ဒိုရဲ႕ဒုတိယေျမာက္ကန္ခ်က္ကိုယန္းဘြိဳင္းစ္ဂိုးသမားကာကြယ္ခဲ့ပါတယ္။

ယင္းအျဖစ္အပ်က္ၿပီးေနာက္၁၀မိနစ္အၾကာမွာပြဲအလွည့္အေျပာင္းအျဖစ္မန္ယူေနာက္ခံလူဝမ္ဘစ္ဆာခါအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပြဲခ်ိန္၆၆မိနစ္မွာယန္းဘြိဳင္းစ္တို႔ေခ်ပဂိုးရခဲ့ၿပီးဆိုးလ္ရွားဟာေရာ္နယ္ဒိုကိုထုတ္ၿပီးလင္ဂတ္နဲ႔အစားထိုးခဲ့ပါတယ္။

ဒါေပမယ့္လင္ဂတ္ဟာပြဲခ်ိန္၉၅မိနစ္မွာေနာက္ျပန္လူေပးမွားမႈျပဳလုပ္ခဲ့ၿပီးေဂ်ာ္ဒန္ေဆဘတ္ခ်ဴကယန္းဘြိဳင္းစ္အတြက္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။

ဆိုးလ္ရွားဟာခ်န္ပီယံလိဂ္မွာယန္းဘြိဳင္းအားရႈံးနိမ့္မႈနဲ႔အတူဖိအားမ်ားက်ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။