ယန်းဘွိုင်းစ်နှင့်ပွဲမတိုင်မီ အပြင်းကန်ချက်ဖြင့် ကွင်းလုံခြုံရေးတစ်ဦးကို လဲသိပ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကယန်းဘွိုင်းစ်နှင့်ပွဲမတိုင်မီသွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာကွင်းလုံခြုံရေးတစ်ဦးအားမတော်တဆမေ့လဲသွားခဲ့စေပါတယ်။

ပေါ်တူဂီစတားဟာဂိုးသွင်းလေ့ကျင့်ခန်းလုပ်နေစဉ်ကန်ချက်လိုရာမရောက်ဘဲ ကွင်းလုံခြုံရေးကိုထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းလုံခြုံရေးဟာဘောလုံးထိမှန်မိကြောင့်လဲကျသွားခဲ့ပါတယ်။ရော်နယ်ဒိုဟာလည်းချက်ချင်းဆိုသလိုကွင်းလုံခြုံရေးထံသို့အပြေးသွားကာအခြေအနေကိုကြည့်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာယင်းကွင်းလုံခြုံရေးအခြေအနေကောင်းမွန်သွားကြောင်းသိရပြီးနောက် ဘောလုံးကွင်းဆီသို့ပြန်လာကာလေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုဟာယန်းဘွိုင်းစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးချိန်တွင်လည်းကွင်းလုံခြုံရေးအမျိုးသမီးကိုမေ့လျော့သွားခြင်းမရှိဘဲသူ့ရဲ့အင်္ကျီဂျာစီကိုလက်ဆောင်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာသွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာကန်ချက်လွဲသွားခဲ့ပေမယ့်ပွဲကစားချိန်မှာတော့ပွဲချိန်၁၃မိနစ်မှာဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီးမှုကနေမန်ယူအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ကွင်းလုံခြုံရေးအမျိုးသမီးဟာလည်းရော်နယ်ဒိုရဲ့အင်္ကျီလက်ဆောင်ရရှိမှုကြောင့်အလွန်ပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။

ရော်နယ်ဒိုဟာမန်ယူအတွက်နှစ်ပွဲကစားရာမှာသွင်းဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။ဒါပေမယ့်မန်ယူဟာဝမ်ဘစ်ဆာခါအထုတ်ခံရမှု၊လင်ဂတ်နောက်ပြန်ပေးမှုအမှားတို့ကြောင့်ယန်းဘွိုင်းစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

တစ်ဖက်တွင်ရော်နယ်ဒိုဟာချန်ပီယံလိဂ်ပွဲ၁၇၇ပွဲအထိကစားထားပြီးဖြစ်ကာကာဆီးလက်စ်ရဲ့ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားတဲ့စံချိန်ကိုလိုက်မီခဲ့ပါတယ်။

ZawGyi

ယန္းဘြိဳင္းစ္ႏွင့္ပြဲမတိုင္မီ အျပင္းကန္ခ်က္ျဖင့္ ကြင္းလုံၿခဳံေရးတစ္ဦးကို လဲသိပ္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကယန္းဘြိဳင္းစ္ႏွင့္ပြဲမတိုင္မီေသြးပူေလ့က်င့္ခန္းအစီအစဥ္မွာကြင္းလုံၿခဳံေရးတစ္ဦးအားမေတာ္တဆေမ့လဲသြားခဲ့ေစပါတယ္။

ေပၚတူဂီစတားဟာဂိုးသြင္းေလ့က်င့္ခန္းလုပ္ေနစဥ္ကန္ခ်က္လိုရာမေရာက္ဘဲ ကြင္းလုံၿခဳံေရးကိုထိမွန္ခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းလုံၿခဳံေရးဟာေဘာလုံးထိမွန္မိေၾကာင့္လဲက်သြားခဲ့ပါတယ္။ေရာ္နယ္ဒိုဟာလည္းခ်က္ခ်င္းဆိုသလိုကြင္းလုံၿခဳံေရးထံသို႔အေျပးသြားကာအေျခအေနကိုၾကည့္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာယင္းကြင္းလုံၿခဳံေရးအေျခအေနေကာင္းမြန္သြားေၾကာင္းသိရၿပီးေနာက္ ေဘာလုံးကြင္းဆီသို႔ျပန္လာကာေလ့က်င့္ခန္းလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ေရာ္နယ္ဒိုဟာယန္းဘြိဳင္းစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးခ်ိန္တြင္လည္းကြင္းလုံၿခဳံေရးအမ်ိဳးသမီးကိုေမ့ေလ်ာ့သြားျခင္းမရွိဘဲသူ႔ရဲ႕အက်ႌဂ်ာစီကိုလက္ေဆာင္ေပးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာေသြးပူေလ့က်င့္ခန္းအစီအစဥ္မွာကန္ခ်က္လြဲသြားခဲ့ေပမယ့္ပြဲကစားခ်ိန္မွာေတာ့ပြဲခ်ိန္၁၃မိနစ္မွာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဖန္တီးမႈကေနမန္ယူအတြက္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ကြင္းလုံၿခဳံေရးအမ်ိဳးသမီးဟာလည္းေရာ္နယ္ဒိုရဲ႕အက်ႌလက္ေဆာင္ရရွိမႈေၾကာင့္အလြန္ေပ်ာ္႐ႊင္ေနခဲ့တာေတြ႕ရပါတယ္။

ေရာ္နယ္ဒိုဟာမန္ယူအတြက္ႏွစ္ပြဲကစားရာမွာသြင္းဂိုးသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။ဒါေပမယ့္မန္ယူဟာဝမ္ဘစ္ဆာခါအထုတ္ခံရမႈ၊လင္ဂတ္ေနာက္ျပန္ေပးမႈအမွားတို႔ေၾကာင့္ယန္းဘြိဳင္းစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

တစ္ဖက္တြင္ေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ပြဲ၁၇၇ပြဲအထိကစားထားၿပီးျဖစ္ကာကာဆီးလက္စ္ရဲ႕ခ်န္ပီယံလိဂ္ပြဲအမ်ားဆုံးကစားထားတဲ့စံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။