ယန်းဘွိုင်းစ်ရှုံးပွဲမှ ကြီးမားတဲ့ အမှားအတွက် ပရိသတ်များကို လင်ဂတ်တောင်းပန်လာ

ဂျက်စီလင်ဂတ်ဟာအင်္ဂါနေ့တုန်းကသူ့အမှားကြောင့်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင်ယန်းဘွိုင်းစ်အားရှုံးနိမ့်သွားခဲ့မှုအတွက်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုတောင်းပန်လာပါတယ်။

အလယ်တန်းတိုက်စစ်ကစားသမားဟာနောက်တန်းသို့မှားယွင်းတဲ့ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ပြီးသီယိုဆန်ဆေဘက်ချူကကြားဖြတ်ရယူပြီးယန်းဘွိုင်းစ်အတွက်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာယင်းအမှားကြောင့်ဝေဖန်မှုများစွာနှင့်ရင်ဆိုင်လာခဲ့ရပါတယ်။

ယခုအခါလင်ဂတ်ဟာသူ့အမှားအတွက်မန်ယူပရိသတ်များကိုတောင်းပန်မှုပြုလုပ်လာပါတယ်။

လင်ဂတ်က “မနေ့ညတုန်းကနာကျင်ခဲ့ရပါတယ်။မန်ယူအင်္ကျီဝတ်ဆင်တိုင်းဒါကကျွန်တော်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာလူတွေနားလည်ဖို့မျှော်လင့်ပါတယ်။ကလပ်အတွက်၊ဒီအသင်းအတွက်ပြီးတော့ပရိသတ်တွေအတွက်အမြဲတမ်း အကောင်းဆုံးဖြစ်စေချင်ခဲ့တာပါ။ဒီရှုံးပွဲကကျွန်တော့်ကြောင့်ဖြစ်သွားလို့အရမ်းတုန်လှုပ်ရပါတယ်။ဘယ်ပွဲမျိုးကိုမှမရှုံးချင်ပါတယ်။ဒါပေမယ့်ဘောလုံးမှာအမှားကဖြစ်တတ်ပါတယ်။ကျွန်တော်တို့အခုအတူတကွဲရှေ့သို့တွန်းရပါတယ်။ကျွန်တော်တို့ပြန်မြင့်လာဖို့အစွမ်းကုန်လုပ်သွားပါမယ်။တနင်္ဂနွေနေ့ကိုမစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ဆိုသွားပါတယ်။

ယန်းဘွိုင်းစ်နှင့်ပွဲတွင်မန်ယူဟာပွဲအစ၁၃မိနစ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုသွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ပထမပိုင်းမှာတင်ဝန်ဘီဆာခါအနီကတ်ပြထုတ်ပယ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။

ZawGyi

ယန္းဘြိဳင္းစ္ရႈံးပြဲမွ ႀကီးမားတဲ့ အမွားအတြက္ ပရိသတ္မ်ားကို လင္ဂတ္ေတာင္းပန္လာ

ဂ်က္စီလင္ဂတ္ဟာအဂၤါေန႔တုန္းကသူ႔အမွားေၾကာင့္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲတြင္ယန္းဘြိဳင္းစ္အားရႈံးနိမ့္သြားခဲ့မႈအတြက္မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားကိုေတာင္းပန္လာပါတယ္။

အလယ္တန္းတိုက္စစ္ကစားသမားဟာေနာက္တန္းသို႔မွားယြင္းတဲ့ေဘာလုံးေပးပို႔မႈျပဳလုပ္ခဲ့ၿပီးသီယိုဆန္ေဆဘက္ခ်ဴကၾကားျဖတ္ရယူၿပီးယန္းဘြိဳင္းစ္အတြက္အႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာယင္းအမွားေၾကာင့္ေဝဖန္မႈမ်ားစြာႏွင့္ရင္ဆိုင္လာခဲ့ရပါတယ္။

ယခုအခါလင္ဂတ္ဟာသူ႔အမွားအတြက္မန္ယူပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္လာပါတယ္။

လင္ဂတ္က “မေန႔ညတုန္းကနာက်င္ခဲ့ရပါတယ္။မန္ယူအက်ႌဝတ္ဆင္တိုင္းဒါကကြၽန္ေတာ္အတြက္ဘယ္ေလာက္အေရးပါတယ္ဆိုတာလူေတြနားလည္ဖို႔ေမွ်ာ္လင့္ပါတယ္။ကလပ္အတြက္၊ဒီအသင္းအတြက္ၿပီးေတာ့ပရိသတ္ေတြအတြက္အၿမဲတမ္း အေကာင္းဆုံးျဖစ္ေစခ်င္ခဲ့တာပါ။ဒီရႈံးပြဲကကြၽန္ေတာ့္ေၾကာင့္ျဖစ္သြားလို႔အရမ္းတုန္လႈပ္ရပါတယ္။ဘယ္ပြဲမ်ိဳးကိုမွမရႈံးခ်င္ပါတယ္။ဒါေပမယ့္ေဘာလုံးမွာအမွားကျဖစ္တတ္ပါတယ္။ကြၽန္ေတာ္တို႔အခုအတူတကြဲေရွ႕သို႔တြန္းရပါတယ္။ကြၽန္ေတာ္တို႔ျပန္ျမင့္လာဖို႔အစြမ္းကုန္လုပ္သြားပါမယ္။တနဂၤေႏြေန႔ကိုမေစာင့္ႏိုင္ေအာင္ျဖစ္ေနပါၿပီ”လို႔ဆိုသြားပါတယ္။

ယန္းဘြိဳင္းစ္ႏွင့္ပြဲတြင္မန္ယူဟာပြဲအစ၁၃မိနစ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုသြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ပထမပိုင္းမွာတင္ဝန္ဘီဆာခါအနီကတ္ျပထုတ္ပယ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။