ယာဉ်စည်းကမ်း ၇ ကြိမ်ချိုးဖောက်လို့ ပေါင် ၂ သိန်းကျော်တန် စူပါလျှပ်စစ်ကား အသိမ်းခံခဲ့ရတဲ့ ဘန်တနာ

နစ်ကလပ်ဘန်တနာဟာယာဉ်စည်းကမ်း၇ကြိမ်တိုင်တိုင်ချိုးဖောက်ထားကြောင်းစစ်ဆေးတွေ့ရှိရမှုကြောင့်ပေါင်၂၃၀၀၀၀တန်စူပါကားအသိမ်းခံခဲ့ရပါတယ်။

အာဆင်နယ်စတားဟောင်းဟာဒဏ်ငွေပေါင်၄၆၀၀ကိုမပေးဆောင်လျှင်လည်းထောင်ဒဏ်ရက်၂၀ကျခံရမှာဖြစ်ကြောင်းတရားသူကြီးကဆုံးဖြတ်ခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားဘန်တနာဟာကိုပင်ဟေဂင်ရှိမြို့တော်တရားရုံးမှာအမှုစစ်ဆေးကြားနာခြင်းခံခဲ့ရတာဖြစ်ပြီးတရားရုံးစရိတ်ကိုလည်းပေးဆောင်ရပါမယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကသတ်မှတ်မိုင်နှုန်းထက်မောင်းနှင်မှုဖြင့် ၂ကြိမ်၊လိုင်စင်မရှိဘဲကားမောင်းမှုဖြင့် ၅ကြိမ် စုစုပေါင်းစွဲချက်၇ခုစွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

ယခုအခါအသက်၃၃နှစ်ရှိအာဆင်နယ်တိုက်စစ်မှူးဟောင်းဟာသူ့ရဲ့ပေါင်၂၂၈၀၀၀တန် Porsche Taycan Turbo S ကိုအသိမ်းခံရတော့မှာဖြစ်ပါတယ်။ယင်းတန်ဖိုးကြီးစူပါလျှပ်စစ်ကားကမြန်နှုန်း 162mph အထိမောင်းနှင်နိုင်တဲ့ကားဖြစ်ပါတယ်။

ဘန်တနာကသူဟာဗြိတိန်လိုင်စင်ရှိတာကြောင့်ဒိန်းမတ်တွင်လည်းမောင်းနှင်နိုင်တာကြောင့် ကားမောင်းနှင်တာလို့ဆိုထားပါတယ်။

ဘန်တနာဟာ၂၀၁၈ခုနှစ်တုန်းကတက္ကစီဒရိုင်ဘာတစ်ဦးကိုထိုးကြိတ်မှုကြောင့်ထောင်ဒဏ်ရက်၅၀ချမှတ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာသူဟာ Electronic Tag ဖြင့်ရက် ၅၀ စောင့်ကြည့်နေထိုင်ရန် ချမှတ်ခံခဲ့ရပါတယ်။

ဒါ့အပြင်သူဟာလွန်ခဲ့တဲ့ရှစ်နှစ်တုန်းကလည်း သုံးနှစ်ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ခံခဲ့ရဖူးသလို အရက်သောက်ကားမောင်းမှုကြောင့်ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။

သူဟာအာဆင်နယ်မှာကိုးနှစ်ကြာကစားခဲ့ဖူးပြီး၁၇၁ပွဲကစားကာ၄၅ဂိုးသွင်းယူပေးခဲ့ပါတယ်။သူဟာဘာမင်ဂမ်၊ဆန်းဒါးလန်း၊နော်တင်ဟမ်ဖောရက်စ်၊ဂျူဗင်တပ်၊ဝုဖ်ဘတ်၊ရိုဆင်ဘတ်တို့မှာလည်းကစားခဲ့ဖူးပါတယ်။

ZawGyi

ယာဥ္စည္းကမ္း ၇ ႀကိမ္ခ်ိဳးေဖာက္လို႔ ေပါင္ ၂ သိန္းေက်ာ္တန္ စူပါလွ်ပ္စစ္ကား အသိမ္းခံခဲ့ရတဲ့ ဘန္တနာ

နစ္ကလပ္ဘန္တနာဟာယာဥ္စည္းကမ္း၇ႀကိမ္တိုင္တိုင္ခ်ိဳးေဖာက္ထားေၾကာင္းစစ္ေဆးေတြ႕ရွိရမႈေၾကာင့္ေပါင္၂၃၀၀၀၀တန္စူပါကားအသိမ္းခံခဲ့ရပါတယ္။

အာဆင္နယ္စတားေဟာင္းဟာဒဏ္ေငြေပါင္၄၆၀၀ကိုမေပးေဆာင္လွ်င္လည္းေထာင္ဒဏ္ရက္၂၀က်ခံရမွာျဖစ္ေၾကာင္းတရားသူႀကီးကဆုံးျဖတ္ခဲ့ပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားဘန္တနာဟာကိုပင္ေဟဂင္ရွိၿမိဳ႕ေတာ္တရား႐ုံးမွာအမႈစစ္ေဆးၾကားနာျခင္းခံခဲ့ရတာျဖစ္ၿပီးတရား႐ုံးစရိတ္ကိုလည္းေပးေဆာင္ရပါမယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကသတ္မွတ္မိုင္ႏႈန္းထက္ေမာင္းႏွင္မႈျဖင့္ ၂ႀကိမ္၊လိုင္စင္မရွိဘဲကားေမာင္းမႈျဖင့္ ၅ႀကိမ္ စုစုေပါင္းစြဲခ်က္၇ခုစြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။

ယခုအခါအသက္၃၃ႏွစ္ရွိအာဆင္နယ္တိုက္စစ္မႉးေဟာင္းဟာသူ႔ရဲ႕ေပါင္၂၂၈၀၀၀တန္ Porsche Taycan Turbo S ကိုအသိမ္းခံရေတာ့မွာျဖစ္ပါတယ္။ယင္းတန္ဖိုးႀကီးစူပါလွ်ပ္စစ္ကားကျမန္ႏႈန္း 162mph အထိေမာင္းႏွင္ႏိုင္တဲ့ကားျဖစ္ပါတယ္။

ဘန္တနာကသူဟာၿဗိတိန္လိုင္စင္ရွိတာေၾကာင့္ဒိန္းမတ္တြင္လည္းေမာင္းႏွင္ႏိုင္တာေၾကာင့္ ကားေမာင္းႏွင္တာလို႔ဆိုထားပါတယ္။

ဘန္တနာဟာ၂၀၁၈ခုႏွစ္တုန္းကတကၠစီဒ႐ိုင္ဘာတစ္ဦးကိုထိုးႀကိတ္မႈေၾကာင့္ေထာင္ဒဏ္ရက္၅၀ခ်မွတ္ခံခဲ့ရပါတယ္။ေနာက္ဆုံးမွာသူဟာ Electronic Tag ျဖင့္ရက္ ၅၀ ေစာင့္ၾကည့္ေနထိုင္ရန္ ခ်မွတ္ခံခဲ့ရပါတယ္။

ဒါ့အျပင္သူဟာလြန္ခဲ့တဲ့ရွစ္ႏွစ္တုန္းကလည္း သုံးႏွစ္ယာဥ္ေမာင္းႏွင္ခြင့္ပိတ္ပင္ခံခဲ့ရဖူးသလို အရက္ေသာက္ကားေမာင္းမႈေၾကာင့္ဒဏ္႐ိုက္ျခင္းခံခဲ့ရဖူးပါတယ္။

သူဟာအာဆင္နယ္မွာကိုးႏွစ္ၾကာကစားခဲ့ဖူးၿပီး၁၇၁ပြဲကစားကာ၄၅ဂိုးသြင္းယူေပးခဲ့ပါတယ္။သူဟာဘာမင္ဂမ္၊ဆန္းဒါးလန္း၊ေနာ္တင္ဟမ္ေဖာရက္စ္၊ဂ်ဴဗင္တပ္၊ဝုဖ္ဘတ္၊႐ိုဆင္ဘတ္တို႔မွာလည္းကစားခဲ့ဖူးပါတယ္။