ယာဉ်တိုက်မှုကြောင့်လူသေဆုံးရာမှအာဂျင်တီးနားကမ္ဘာ့ဖလားစတားပါဘလိုကာဗယ်လီရိုစွဲချက်တင်ခံရ

အာဂျင်တီးနားစတားဟောင်းပါဘလိုကာဗယ်လီရိုဟာယာဉ်မတော်တဆမှုကြောင့်လူသေဆုံးရာမှာလူသေဆုံးမှု အတွက်စွဲချက်တင်ခြင်းခံထားရကြောင်းသိရပါတယ်။ဒေသခံအသက်၅၇နှစ်ရှိဂျူအန်ရီဗီရိုဟာအာဂျင်တီးနားနိုင်ငံ၊ အက်ချီဗာရီရှိအမှတ်၂လမ်းတွင်ကားတစ်စီးရဲ့တိုက်ခြင်းခံခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာသို့အရေးပေါ်လူနာတင်ယာဉ်အမြန်ရောက်လာခဲ့သော်လည်းရီဗီရိုမှာအခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့များရဲ့စစ်ဆေးမှုအရအခင်းဖြစ်ပွားရာနေရာတွင်တွေ့ရတဲ့ Volkswagen Tiguan ကားမှာ ကာဗယ်လီရိုရဲ့ကားဖြစ်ကြောင်းတွေ့ရှိရပါတယ်။ယခုအခါအသက်၄၆နှစ်ရှိကာဗယ်လီရိုအားယာဉ်တိုက်မှုတွင်ပါဝင် ပတ်သက်မှုဖြင့်စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

ကာဗယ်လီရိုဟာအာဂျင်တီးနားကလပ်ဗီလက်ဇ်ဆာ့စ်ဖီးလ်တွင်အားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးအာဂျင်တီနို့စ်ဂျူနီယာကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့အဝေးကွင်းပွဲအပြီးအိမ်ပြန်လမ်းတွင်ယာဉ်တိုက်မှု ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ကာဗယ်လီရို့စ်ဟာအတ္တလန္တာတွင်ကျင်းပတဲ့၁၉၉၆အိုလံပစ်တွင်အာဂျင်တီးနားကိုငွေတံဆိပ်ဆုဆွတ်ခူးနိုင်အောင် ကူညီခဲ့သူဖြစ်ပြီး၁၉၉၈နှင့် ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်လည်းကစားခဲ့ကာအာဂျင်တီးနားအတွက်၂၆ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

သူဟာ၁၉၉၅ခုနှစ်တွင်ဗီလက်ဇ်တွင်ကစားသမားဘဝစတင်ခဲ့ပြီး၁၉၉၉ခုနှစ်တွင်စပိန်ကလပ်အက်စ်ပန်ညိုသို့ပြောင်းခဲ့ပါတယ်။ယင်းနောက်သူဟာဆဲလ်တာဗီဂို၊လီဗန်တေးတို့တွင်လည်းကစားခဲ့ဖူးပါတယ်။သူဟာ၂၀၀၃-၀၄ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဆဲလ်တာဗီဂိုအားရှုံးထွက်အဆင့်သို့တက်ရောက်အောင်ကူညီခဲ့ပါတယ်။ သူဟာ၂၀၀၈ခုနှစ်တွင်ဥရုဂွေးကလပ်ပီနိုင်းရိုးလ်သို့ပြောင်းခဲ့ပြီးယင်းတွင်တစ်ရာသီတွင်သာကစားကာအသက်၃၅နှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ရပါတယ်။

ZawGyi

ယာဥ္တိုက္မႈေၾကာင့္လူေသဆုံးရာမွအာဂ်င္တီးနားကမာၻ႔ဖလားစတားပါဘလိုကာဗယ္လီ႐ိုစြဲခ်က္တင္ခံရ

အာဂ်င္တီးနားစတားေဟာင္းပါဘလိုကာဗယ္လီ႐ိုဟာယာဥ္မေတာ္တဆမႈေၾကာင့္လူေသဆုံးရာမွာလူေသဆုံးမႈ အတြက္စြဲခ်က္တင္ျခင္းခံထားရေၾကာင္းသိရပါတယ္။ေဒသခံအသက္၅၇ႏွစ္ရွိဂ်ဴအန္ရီဗီ႐ိုဟာအာဂ်င္တီးနားႏိုင္ငံ၊ အက္ခ်ီဗာရီရွိအမွတ္၂လမ္းတြင္ကားတစ္စီးရဲ႕တိုက္ျခင္းခံခဲ့ရပါတယ္။

အခင္းျဖစ္ပြားရာသို႔အေရးေပၚလူနာတင္ယာဥ္အျမန္ေရာက္လာခဲ့ေသာ္လည္းရီဗီ႐ိုမွာအခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးသြားခဲ့ပါတယ္။

ရဲတပ္ဖြဲ႕မ်ားရဲ႕စစ္ေဆးမႈအရအခင္းျဖစ္ပြားရာေနရာတြင္ေတြ႕ရတဲ့ Volkswagen Tiguan ကားမွာ ကာဗယ္လီ႐ိုရဲ႕ကားျဖစ္ေၾကာင္းေတြ႕ရွိရပါတယ္။ယခုအခါအသက္၄၆ႏွစ္ရွိကာဗယ္လီ႐ိုအားယာဥ္တိုက္မႈတြင္ပါဝင္ ပတ္သက္မႈျဖင့္စြဲခ်က္တင္လိုက္ၿပီျဖစ္ပါတယ္။

ကာဗယ္လီ႐ိုဟာအာဂ်င္တီးနားကလပ္ဗီလက္ဇ္ဆာ့စ္ဖီးလ္တြင္အားကစားဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီးအာဂ်င္တီႏို႔စ္ဂ်ဴနီယာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့အေဝးကြင္းပြဲအၿပီးအိမ္ျပန္လမ္းတြင္ယာဥ္တိုက္မႈ ျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။

ကာဗယ္လီ႐ို႕စ္ဟာအတၱလႏၲာတြင္က်င္းပတဲ့၁၉၉၆အိုလံပစ္တြင္အာဂ်င္တီးနားကိုေငြတံဆိပ္ဆုဆြတ္ခူးႏိုင္ေအာင္ ကူညီခဲ့သူျဖစ္ၿပီး၁၉၉၈ႏွင့္၂၀၀၂ကမာၻ႔ဖလားၿပိဳင္ပြဲတို႔တြင္လည္းကစားခဲ့ကာအာဂ်င္တီးနားအတြက္၂၆ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။

သူဟာ၁၉၉၅ခုႏွစ္တြင္ဗီလက္ဇ္တြင္ကစားသမားဘဝစတင္ခဲ့ၿပီး၁၉၉၉ခုႏွစ္တြင္စပိန္ကလပ္အက္စ္ပန္ညိဳသို႔ေျပာင္းခဲ့ပါတယ္။ယင္းေနာက္သူဟာဆဲလ္တာဗီဂို၊လီဗန္ေတးတို႔တြင္လည္းကစားခဲ့ဖူးပါတယ္။သူဟာ၂၀၀၃-၀၄ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ဆဲလ္တာဗီဂိုအားရႈံးထြက္အဆင့္သို႔တက္ေရာက္ေအာင္ကူညီခဲ့ပါတယ္။ သူဟာ၂၀၀၈ခုႏွစ္တြင္ဥ႐ုေဂြးကလပ္ပီႏိုင္း႐ိုးလ္သို႔ေျပာင္းခဲ့ၿပီးယင္းတြင္တစ္ရာသီတြင္သာကစားကာအသက္၃၅ႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ရပါတယ္။